စွန့်ပစ်မြေစာပြဿနာ
Posted by: MMWN | Posted on: November 13, 2022စိုင်းလောင်ဟိန်းသတ္တုကုမ္ပဏီသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချိတ်လိတ်မြို့နယ်၊မိုင်းကိုးအုပ်စု၊မော်တွီး ကျေးရွာအနီးတွင်ရွှေဖြူသတ္တုတူးဖော်နေသည်မှာနှစ်အတော်ကြာပြီးဖြစ်ပါသည်။၎င်းသတ္တုကုမ္ပဏီစည်းမဲ့ကမ်းမဲ့စွန်ပစ်မြေစာများကြောင့်ဒေသခံပြည်သူများ၏လယ်ယာမြေများ၊ဉယျာဉ်ခြံမြေများထိခိုင်ပျက်စီးကြရပါသည်။
ဒေသခံတဉီးဖြစ်သည့် ဒေါ်နာဂါ၏ပြောဆိုချက်မှာ “ကုမ္ပဏီ၏သတ္တုမြေစာစွန့်ပစ်မှုသည် နွေရာသီနှင့် ဆောင်းရာသီတွင်ပြဿနာမရှိပေမဲ့မိုးရာသီတွင်မိုးကြီးသည့်အချိန်မှာ မိမိတို့လယ်ထဲသို့ စွန့်ပစ်မြေစာများ ဝင်ရောက်လာပြီးမိမိတို့၏လယ်ကွင်းများပျက်စီးခဲ့ရပါသည်။တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိသည်ကုမ္ပဏီများဖြစ်စေချင်ပါသည်။ကျမတို့ဖြစ်စေချင်တာက စွန့်ပစ်မြေစာများကို ချောင်းဘေးများသော်လည်းကောင်း၊ ၎င်းတို့ သတ္တုတူးသည့်အနီးအနားကတောင်ပေါ်မှာသော်လည်းကောင်း စွန့်ပစ်တာမဟုတ်ပဲ စွန့်ပစ်ကန်သေချာ ပြုလုပ်၍ စနစ်တကျဖြစ်စေချင်တာပါ။” “အခုလို နိုင်ငံရေးမတည်ငြိမ်သည့်အချိန်မှာ ပြဿနာတခုခုဖြစ်လာရင် ဘယ်သူ့ကို တိုင်တန်းရမှန်းလည်းမသိပါဘူးဟု” ဒေသခံနောက်တဉီး ဒါဝိတ်ကပြောပါသည်။
သတ္တုမိုင်းလုပ်ငန်းများတွင်ပြင်ထန်းသည့်ဓာတုပစ္စည်းများသုံးစွဲ၍စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် အဆိပ်အတောက်များချောင်းရေးထဲသို့ ပျော်ဝင်ပြီးဒေသခံပြည်သူများ၏ ရေသုံးစွဲကိုအခက်ခဲဖြစ်စေသလို အရေပြားယားယံခြင်းများကိုလည်း ဖြစ် စေပါသည်။
မိုင်းကိုးဒေသသတ္တုတူးဖော်မှုကို ၂၀၁၀တွင်နောက်ပိုင်းစတင်ဝင်ရောက်လာပြီးဒေသခံပြည်သူများ၏ လယ်ယာမြေများကို သိမ်းယူမှုများလည်းပေါ်ပေါက်ခဲ့ပါသည်။ ထိုအပြင် ထိုသို့သတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများဒေသခံပြည်သူများကိုချပြဆွေးနွေးခြင်း၊တိုင်ပင်ခြင်းများလုပ်ဆောင်မှုမရှိခဲ့ပါ။စိုင်းလောင်ဟိန်းကုမ္ပဏီ၏ သတ္တုလုပ်ကွက်သည် ဒေသခံပြည်သူများ၏ဉယျဉ်ခြံမြေပေါ်ကျရောက်သော်လည်း တစုံတရာ လျှော်ကြေးပေးမှုမရှိခဲ့ပါ။
စိုင်းလောင်ဟိန်းကုမ္ပဏီသည်စစ်မှုထမ်းဟောင်း စစ်ဗိုလ်တင်နွယ်ပိုင်ဆိုင်သည့်ကုမ္ပဏီဖြစ်ပါသည်။ ၄င်းကုမ္ပဏီသည် တာချိတ်ခရိုင်အတွင်းတွင် သတ္တုလုပ်ငန်းအများအပြားလုပ်ဆောင်နေပြီး လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အပြည့်အဝထောက်ခံသူဖြစ်ပါသည်။
Comments are Closed