ခတောင်ခ ရွှေမှော်တွင် မြေဧကပေါင်း ၁၀၀ ခန့်ရှိ
Posted by: MMWN | Posted on: November 13, 2022ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘုန်းခ ကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိသော ကျေးရွာနှင့် မိုင်ပေါင်း ၄ မိုင်ခန့်ကွာဝေးသော ခတောင်ခ ရွှေမှော်တွင် ၁၉၉၄ ခုနှစ်ဝန်းကျင်တွင် ဒွမ်ဘုန်းခ ရွာသားများ ရွှေရှာဖွေခြင်း လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး ၎င်းသတင်းအား လုပ်ငန်းရှင်များ ကြား သတင်းပြန့်ပြီး တိုင်ပင်ဆွေးနွေးကာ ၂၀၁၇ ခုနှစ်တွင် စက်ယန္တရားအသေးစားလုပ်ငန်း စတင်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။ သို့သော် တပ်မတော်သားများ ဝင်ရောက်လာပြီး လက်နတ်ပစ်ဖောက်ကာ ပြဿနာများ ဖြစ်ခဲ့ကြရသည်။ ထိုပြဿနာများကြောင့် ရွှေမှော် ပိတ်သိမ်းခဲ့ရသည်။ ထို့နောက် ယခုနှစ် ၂၀၂၂ ဖေဖော်ဝါရီလတွင် ပြန်လည် စတင်လုပ်ကိုင်ခဲ့သည်။
မြေယာအခြေအနေမှာ ၎င်းခတောင်ခ ရွှေမှော်တွင် မြေဧရိယာ ဧကပေါင်း ၁၀၀ ခန့်ရှိသော နေရာဖြစ်သည်။ ၎င်းရွှေမှော် စတင်ဖွင့်လှစ်ပြီဖြစ်၍ လုပ်ငန်းရှင် ဦးအေးသိန်းမှ မြေဧကပေါင်းများစွာ ဝယ်ယူပြီး အခြားလုပ်ငန်းရှင်များထံသို့ အမြတ်တင်ကာ ပြန်လည်ရောင်းချခဲ့သည်။ မြေယာတန်ဖိုးမှာ သိန်း (၄၀ မှ ၆၀) ထိ ပေးပြီးပြန်လည်ဝယ်ယူရသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မြေနေရာ မရှိတော့ချေ။ ၎င်းရွှေမှော်အား ကြီးကြပ်သူ (KIO) အစိုးရကော်မတီအဖွဲ့ဖြစ်သည်။
၎င်းခတောင်ခရွှေမှော်တွင် အဓိကအုပ်စိုးသူမှာ (KIO) အစိုးရဖြစ်ပြီး (စကစ) အစိုးရတပ်မှ ရံဖန်ရံခါ လာရောက် စစ်ဆေးကြည့်ကြပ်ကြသည်။ အခြားသော အဖွဲ့အစည်းများကလည်း လာရောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြသည်။ ခတောင်ခ ရွှေမှော်တွင် ဝယ်ယူထားသော မြေယာကိုလည်း လုပ်ကိုင်မှုမရှိလျှင် ပြန်လည်းသိမ်းယူမည် ဖြစ်ကြောင်း အမိန့်ထုတ်ထားသည်။ သို့သော် (KIO) အစိုးရထိန်းကွပ်ထားသော မြေဧရိယာဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများက ရွေ့ပြောင်းခြင်း ခံရသော ဒေသတော့ မရှိချေ။ ရွှေမှော်တူးဖော်ခြင်းကြောင့် ရေနှောက်ခြင်းကြောင့် ဒေသခံများ ရေ၏ဆိုးကျိုး၊ ကျန်းမာရေးထိခိုက်မှုများဖြစ်လာသောကြောင့် ဆေးဖိုးဝါးခများ အပိုငွေကုန်ခံရသည်။ သား၊ ငါး တိရတ္ဆန်များ၊ ကုန်းနေ သတ္တဝါများ နေထိုင်ရန် ခက်ခဲခြင်း၊ မြေယာရောင်းချမှုများလည်း ပိုမိုများပြား လာသည်။ ခတောင်ခရွှေမှော်တွင် လုပ်ကိုင်စားသောက်သော လုပ်ငန်းရှင်များစု၍ ဒွမ်ဘုန်းခကျေးရွာ အသင်းတော်များအား ငွေကျပ်သိန်း (၂၀) လှူဒါန်းကြောင်းသိရသည်။
အခွန်ပေးဆောင်ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းတွင် အသုံးပြုရန် စက်ဆီး၊ ဒီဇယ် တစ်ပေပါလျှင် ကျပ် (၄၀၀၀၀) (KIO) မှ ကောက်ခံပြီး (စကစ) ဘက်မှ တစ်ပေပါလျှင် ကျပ် (၁၀၀၀၀) ကောက်ခံကြောင်း သိရသည်။ ဆန်တစ်အိတ်လျှင် (KIO) ဘက်မှ ကျပ်(၃၀၀၀) ကောက်ခံကြောင်း၊ တစ်လလျှင် ရွှေ ရွေး(၈၀) ပေးဆောင်ရကြောင်း သိရှိရသည်။ ပထဝီဝင်အနေအထား အရ တောင်တန်းဖြစ်သော်လည်း ၎င်းနေရာဒေသတွင် ဒေသခံများအပါအဝင် လူမျိုးပေါင်းစုံ လုပ်ကိုင် စားသောက်သော နေရာဒေသဖြစ်သည်။ ပြဿနာ တစ်စုံတရာ ဖြစ်၍မရသော ရှေးရိုးဆန်သော နေရာဖြစ်သည်။
၎င်းရွှေတူးဖော်ခြင်းလုပ်ငန်းအား အသက်မွေးဝမ်းကြောင်း ဖြစ်သာ လုပ်ကိုင်ကြောင်း သိရှိရသည်။ အခြားသောလုပ်ငန်း လုပ်ကိုင်ခြင်းမရှိချေ။ နိုင်ငံရေးအရ လုံခြုံမှုများနည်းပါးခြင်း သာမက အခက်အခဲများစွာ ကြားကနေ ဝမ်းရေးဝရေးအတွက် တစ်နိုင်တပိုင် လုပ်ကိုင်ရခြင်းဖြစ်သည်။ အချို့သော မိသားစုများက တစ်နိုင်တပိုင် ရွှေတူးဖော်ခြင်း လုပ်ကိုင်သော်လည်း ရွှေထွက်နည်း၍ စားစရိတ်နှင့်မကာမိသောကြောင့် အကြွေးများစွာ တင်လာခဲ့ခြင်း အကြွေးပြန်ဆပ်ရန် လိုသောကြောင့် ရွှေကို မတူးတော့ဘဲ ရွှေ့ပြောင်းလုပ်ငန်း လုပ်ကိုင်ရန်လည်း ကျွန်တော်တို့ ခက်ခဲလှကြောင်း ပြောဆိုခဲ့သည်။အခွန်အခပေးဆောင်၍ လုပ်ကိုင်ရသော လုပ်ငန်းခွင်ဖြစ်၍ ခက်ခဲမှုက ပြောမတတ်လောက်အောင် များပြားလှပါသည်ဟု ပြောဆိုခဲ့သည်။ ရွှေဈေး သိန်း ၃၀ နီးပါး ထိုးတက်ခဲ့သော်လည်း စက်သုံးဆီက ဈေးတက်ရုံသာမက ကျွန်တော်တို့ဝယ်ယူချင်သလို ဝယ်ယူ၍မရသော ရှားပါးသည့် ကုန်ပစ္စည်းဖြစ်နေသောကြောင့် ရွှေတူးဖော်လုပ်ငန်းမှာ ခက်ခဲမှု များစွာ ကြုံတွေ့ရသည်။ ယခင်က စက်သုံးဆီးဈေးသည် ကျပ် ၃၀၀၀ ကျော် ၄၀၀၀ ကျပ်သာဖြစ်၍ အဆင်ပြေချောမွေ့လှပါသည်။
Comments are Closed