ဖားကန့်မြေပြိုမှု လူအမြောက်အမြား သေဆုံး
Posted by: MMWN | Posted on: July 3, 2020ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါမှော် မှာ ဇူလှိုင်လ ၂ ရက်နေ့ မနက်ပိုင်းက ကျောက်စိမ်းလုပ်ကွက်မြေပြိုလို့ လူပေါင်း ၁၀၀ ကျော် မြေပြိုတဲ့ အထဲပါသွားပြီး လူ ဒါဇင်နဲ့ချီ အလောင်းတွေကို ရှာဖွေ တွေ့ရှိထားတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီက လုပ်ကါက်ဟောင်းနေရာများမှ ရေမဆေးသမားတွေ တူးဖော်နေတုန်း မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေကို မိုးရာသီမှာ ရပ်နားထားဖို့ ထုတ်ပြန်ချက်တွေရှိပေမယ့် လက်တွေ့မြေပြင်မှာတော့ လုပ်ကွက်ရပ်နားခြင်း မရှိတာ အများစုရှိနေတယ်လို့ ဒေသခံ တစ်ဦး ဖြစ်သူ ဆိပ်မူအုပ်စု NLD ဥက္ကဌ ဦးရွှေသိန်းက ဘီဘီစီကို ပြောပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ သက်တမ်းကုန်လုပ်ကါက် ဆိုတာတွေကလည်း သက်တမ်းသာ ကုန်တာ မြေပြင် အခြေအနေမှာတော့ သက်ဝင်လှုပ်ရှားပြီး တူးနေကြတာတွေ ရှိတယ်လို့ ဦးရွှေသိန်းက ပြောပါတယ်။ ဖားကန့်မြေပြိုမှုမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက် ပေးနေတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ နံနက် ၁၀ နာရီ ဝန်းကျင်အချိန်အထိ လူသေ အလောင်း ၅၀ တွေ့ ရှိထားတယ်လို့ သူ့ရဲ့တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ ထုတ်ပြန်ချက်မှာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများမှာ ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေတုန်း မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားနေလို့ ဖားကန့်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရါက်လျက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထပ်မံ ထုတ်ပြန်ချက်အရ နံနက် ၁၁ နာရီ ၁၀ မိနစ်မှာ အလောင်း ၃၇ လောင်း၊ ၁၂ နာရီ ၅ မိနစ်မှာ ၂၆ လောင်းထပ်မံရှာဖွေတွေ့ရှိခဲ့လို့ သေဆုံးသူ စုစုပေါင်း ၁၁၃ ဦး အထိ အတည်ပြု ထားနိုင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရါက်လျက်ရှိတယ်လို့ ကြေညာထားပါသည်။
Source: BBC Burmese

Hpakan, Kachin State 
Hpakan, Kachin State 
Hpakan, Kachin State 
Hpakan, Kachin State 
Hpakan, Kachin State 
Hpakan, Kachin State











.jpg)
.jpg)
Comments are Closed