ကမ္ဘာကျော်ကျောက်စိမ်းမြေရှိဒေသခံအမျိုးသမီးများ၏အခက်အခဲများ

Posted by: | Posted on: December 18, 2022

ဖားကန့်သည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် အတွင်းရှိ မြို့တစ်မြို့ဖြစ်သည်။ မန္တလေးမြို့၏ မြောက်ဘက် ၃၅၀ ကီလိုမီတာအကွာ ဥရုမြစ်ပေါ်တွင်တည်ရှိသည်။ ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းထွက်ရှိသော နေရာဒေသတစ်ခုဖြစ်ကျော်ကြားပါသည်။

ကချင်ပြည်နယ်၊ဖားကန့်ဒေသသည် တစ်နှစ်ပတ်လုံး  လေထုညစ်ညမ်းပြီး ဖုန်အများဆုံးနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အများဆုံးနေရာြဖစ်သည်။ ဥပဒေဘောင်ကျော်ကာ စည်းမရှိကမ်းမရှိ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းမရှိသော ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကြောင့် နှစ်စဉ် မိုးရာသီတွင် ရေကြီးရေလျှံ၊ မြေပြိုကာလူပေါင်းများစွာအသက်ဆုံးရှုံးရခြင်း၊ ဖားကန့်ဒေသရှိမြစ်ချောင်း၊ အင်းအိုင်များသိမ်းကော်သွားခြင်း၊ ရေများညစ်ညမ်းသွားခြင်း၊ ရေစီးကြောင်းများပျက်တောက်သွားခြင်း၊ သောက်သုံးရေများရှားပါးခြင်း၊ထုံးဓာတ်များသောသောက်သုံးရေများကိုသောက်သုံးခြင်းကြောင့် ကျောက်ကပ်ဝေဒနာခံစားရသူများလာသည်ကို သိရှိရပါသည်။ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်  အဆုပ်ရောဂါဝေဒနာခံစားရသူ လူဦးရေအရင်ကထက်၂ဆလောက် ပိုမိုများပြားလာကြောင့် သိရှိရပါသည်။ ထို့အပြင် ကျောက်စိမ်းတူးဖော်ရာတွင် အသုံးပြုသော မှိုင်းဖောက်ထွင်းမှု၏ တုန်ခါမှုကြောင့် နေအိမ်အဆောက်အအုံ့များအက်ကွဲခြင်း၊ ပြိုကျခြင်း၊ လနုသောကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ပျက်ကျမှုများစွာ ကြုံခဲ့ကြသည်။ သို့သော်အာဏာသိမ်းပြီးနောက်ပိုင်း ယခုလက်ရှိချိန်တွင် ကုမ္ပဏီအများစု လုပ်ငန်းရပ်နားထားသည့်အတွက် မှိုင်းဖောက်ခွဲမှုများနည်းပါးသောကြောင့် ဤကဲ့သို့ပြသာနာများ နည်းပါးသွားသော်လည်း နေ့စဉ်ရှုရှိုက်သော လေထုထဲရှိဖုန်မှုန့်များ၊ အဆိပ်အသောက်များသောသောက်သုံးရေကြောင့် ကျန်းမာရေးထိခိုက်မှုများလာကာ ဆေးဖိုးဝါးခ ကုန်ကျစရိတ်နှစ်ဆများသည့် ပြသာနာကို ယခုလက်ရှိအခြေအနေထိ ကြုံတွေ့နေရကြောင့် သိရှိရသည်။

ဖားကန့်ဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများ၏ လုံခြုံရေး၊ စီးပွားရေးနှင့်ကျန်းမာရေးအခြေအနေများ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်လာသည်ကို သိရှိရပါသည်။ ဖားကန့်ဒေသသည် အများအားဖြင့် ညအချိန်တွင် ရေမဆေးကျောက်ရှာ ကျောက်ဝိုင်းများစည်လျှက်ရှိပြီး အမျိုးသမီးအများစုလည်း ထိုနေရာများတွင် ဈေးရောင်းခြင်း၊ ကျောက်ပွဲစားလုပ်ခြင်းဖြင့် စီးပွားရှာကြသည်။ အရင်တုန်းကကျောက်ဝိုင်းဆို ည(၉း၀၀) နာရီ ကျော်ထိစည်စည်ကားကားရှိသော်လည်း ယခုချိန်တွင်ည(ရး၀၀)နာရီဆို အကုန်သိမ်းပြန်ကြရကြောင့်လည်း ကျောက်ပွဲစားလုပ်သော အမျိုးသမီးများထံမှသိရသည်။ အချို့သန်မာသွတ်လပ်သောအမျိုးသမီးများက ရေမဆေးကျောက်ရှာဖွယ်ပြီးလည်း မိသားစုစားဝတ်နေရေးတွက် ရုန်းကန်လှုပ်ရှားခဲ့ကြသည် သို့သော်ယခုချိန်တွင် ရေမဆေးကျောက်ရှာဖွယ်ရန် နေရာလည်းမရှိတော့သလို ညမထွက်ရအမိန့်ကြောင့် ဝင်ငွေရှာရန် အခက်အခဲများစွာရင်ဆိုင်နေရကြောင့် သိရှိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ဒေသတစ်ချို့ရှိ ကျောက်စိမ်းလုပ်ကွက်များကို ကေအိုင်အိုများတိုက်ရိုက် ဦးစီးစီမံပြီး ပေ(၁၀၀)ပတ်လည်၊ ပေ(၂၀၀)စသည်ဖြင့် လုပ်ကွက်များကို ဘာသာရေး၊ လူမှုရေး အစရှိသည့်အဖွဲ့အစည်းအသီးသီးကို လုပ်ပိုင်ခွင့်ချပေးပြီး ငွေရှိသောလုပ်ငန်းရှင်များက လုပ်ကွက်အများစုကိုဝယ်ယူပြီး လုပ်ကွက်ကိုခြံခတ်လုပ်ကိုင်နေကြသည်။ တစ်ချို့သော သာမန်လူတန်းစားများသည် ကုမ္ပဏီများရပ်နားသွားသည့်အတွက် ရေမဆေးကျောက်ရှာသည့်အစား လုပ်ကွက်ပိုင်ရှင်များကို အစုပေးကာ ၁၉၉၀ အစောပိုင်းကာလကလို သံတိုင်းနဲ့ ပေါက်တူးကို ကာယအားစိုက်ထုတ်ကာ ကျောက်စိမ်းရှာဖွယ်တူးဖော် ရုန်းကန်ကာ ကုန်ဈေးနှုန်းတိုးမြင့်မှုအကြား အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်လှုပ်ရှားနေရကြောင့်သိရပါသည်။

ဖားကန့်ဒေသသည် အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်အဆက်သွယ် ဖြတ်တောက်ထားသော နေရာဒေသတစ်ခုဖြစ်သည့်အတွက် အချိန်မီသတင်းအချက်အလက်ရယူရန် အင်မတန်ခက်ခဲပါသည်။ အမျိုးသမီးများ လုံခြုံရေးလုံးဝမရှိခြင်း၊ အိမ်ပြင်ထွက်စီးပွားရေးလုပ်ကိုင်ရန်လည်းခက်ခဲခြင်း အစရှိသည့်ပြသာများစွာကြုံနေရသည်။ ဖားကန့်အနန့်ပါကျေးရွာတွင်လည်း အောက်တိုဘာလ ၂၃ရက်ည (၉)နာရီခန့်တွင် အရပ်သားပြည်သူများပါဝင်သော ကေအိုင်အိုနေ့အထိမ်းအမှတ် အကြိုတေးဂီတဖျော်ဖြေပွဲလုပ်နေစဉ် တပ်မတော်မှလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်းများစွာဒဏ်ရာရရှိခဲ့သည်ကိုသိရှိရပါသည်။ ထိုသို့ အသက်သေဆုံး၊ ဒဏ်ရာများရရှိသူများတွင် ဖားကန့်ဒေသအသီးသီးမှ ထမင်းချက်ပြု၊ ဧည့်ခံရန်တာဝန်ကျသော သာမန်အရပ်သား မိခင်အဖွဲ့များနှင့် လူငယ်အဖွဲ့များပါဝင်ခဲ့ကြောင်းသိရသည်။ ဒဏ်ရာရရှိသော သာမန်အရပ်သားများ  ဆေးဝါးကုသခွင့် နှင့် အရေးပေါ်အကူအညီများမရအောင် တားမြစ်ပိတ်ပင် သကဲ့သို့ ကူညီဆောင်ရွက်ပေးသော အဖွဲ့အစည်းများကိုလည်း စုံစမ်းစစ်ဆေးမှုများ၊ ဖမ်းဆီးမှုများရှိနေကြောင့် ဒေသခံ အမျိူးသမီးခေါင်းဆောင်များထံမှသိရှိရပါသည်။ ဖားကန့်ဒေသအနှံ့ တပ်မတော်နှင့်ကေအိုင်အေကြားတိုက်ပွဲမကြာခနဖြစ်သဖြင့် အရပ်သားပြည်သူများ ဘေးကင်းရာသို့ သို့ခနခနထွက်ပြေးသိမ်းရှောင်နေရသည် ထိုသို့ထွက်ပြေးသိမ်းရှောင်ရှာတွင် အထူးသဖြင့်အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများသည် ပိုမိုထိခိုက်နှစ်နာကြောင့်သိရှိရသည်။





Comments are Closed