တရားမဝင်ရွှေတူးဖော်မှု

Posted by: | Posted on: December 18, 2022

“ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချိတ်လိတ်ခရိုင်၊ကျိုင်းလတ်မြို့နယ်၊နမ့်ကဲကျေးရွာအုပ်စုအတွင်းမှာ
တရားမဝင်စည်းမဲ့ကမ်းမဲ့သတ္တုတူးဖော်မှုများပြုလုပ်နေကြပါသည်။သတ္တုတူးဖော်သည့်ကုမ္ပဏီများသည် ဒေသခံနာမည်ခံတရားမဝင်တရုတ်လူမျိုးများဖြစ်ပြီးနိုင်ငံတော်အစိုးရခွင့်ပြုချက်မရှိပဲ ၂၀၂၁နောက်ပိုင်းသက်ဆိုင်ရာဒေသအာဏာပိုင်များကို လာဒ်ထိုးပြီးလုပ်နေကြပါသည်။ ထိုသတ္တူတူးဖော်သည့်ကုပ္ပဏီများနှင့်၄င်းတို့၏အမည်များကို ဒေသခံပြည်သူများသိရှိခွင့်မရှိသလို တရားဝင်ဆိုဒ်ပုဒ်ထောင်းထားတာလည်းမတွေ့ရှိပါ။ ဒီလိုသတ္တုတူးဖော်လာတာက၂၀၂၁အာဏာသိမ်းနောက်ပိုင်းမှာ အများကြီးရှိလာတယ်။
သူတို့ ဝင်လာသည့်အချိန်မှာပြည်သူတွေကို အလုပ်အကိုင်ပေးမယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပေးမယ်ဆိုပြီး ဝင်လာတယ်။ဒေသအုပ်ချုပ်ရေးမှူး၊ ကျေးရွာသူကြီးနှင့်နယ်မြေခံတပ်တွင်ကို လာဒ်ထိုးပြီးဝင်ရောက်တူးဖော်တာ
ဖြစ်သည်။ ခရိုင်အဆင့်နှင့်မြို့နယ်အဆင့်အာဏာပိုင်တွင်ကိုလည်း ငွေသွင်းရတယ်လိုကြားတယ်။
ဘယ်လောက် သွင်းရသလဲဆိုတာတော့ကျနော်တို့မသိဘူးလို့ “နမ့်ကဲကျေးရွာမှ ဒေသခံရှမ်းလူမျိုးတဉီးကပြောကြားပါသည်။

အဓိကသူတို့တူးတာကရွှေဖြစ်ပါသည်။ရွှေထွက်နှုန်းတော်တော်ကောင်းတယ်လိုတော့ကြားမိတယ်။
တောင်ကုန်းတွင်တော်ပြောင်သွားတယ်။ သူတို့သတ္တု တူးသည့်နေရာကိုဒေသခံတွေသွားခွင့်မပြုဘူး။
စည်းမဲ့ ကမ်းမဲ့သတ္တုတူးဖော်မှုကြောင့် အခုနိုဝင်ဘာလပဲရှိသေးတယ်သောက်ရေရှားလာတယ်။
ချောင်းရေးတဖြည်း ဖြည်းတိမ်ကော့လာတယ်။ နောက်ပြီး ချောင်းရေကိုမှီခိုပြီး ရွာသူရွာသားတွေက
ရေကိုသုံးလာတယ်။ ချောင်း ရေလည်းမသန့်တော့ဘူး။ တောင်ကိုပြိုပြီးရွှေတူးတာဆိုတော့
သစ်တောတွင်လည်းပြုန်းတီးကုန်ပြီးလို့ “ပန်ပဲဒေသခံ တဉီးကပြောပါသည်။

“သတ္တုတူးဖော်သည့်ကုပ္ပဏီများသည် ဒေသခံပိုင်မြေယာများကို
အခကြေးငွေအနည်းပေး ဝယ်ယူပြီးတရုတ်လူမျိုးများကို သတ္တုတူးဖော်ခွင့်ပြုကြပါသည်။
မြန်မာနိုင်ငံသားဖြစ်သည့် ဒေသအာဏာပိုင်များ၊ သူဌေးများသည် မြေလွတ်မြေလတ်ဥပဒေကို
အသုံးချပြီး သူတို့နာမည်ပေါက်လျှောက်ယူကြပါသည်။ထိုမှတဆင့်သူ့၏နာမည်ပေါက်ဖြစ်သည့်မြေယာကို တရုတ်လူမျိုးများကသတ္တုတူးဖော်ကြပါတယ်လို့ “တာချိတ်လိတ်ရှိသဘာဝပတ်ဝန်ကျင်လှုပ်ရှားသူ တဉီးကပြောပြပါသည်။

အာဏာသိမ်းမှုနောက်ပိုင်းတာချိတ်လိတ်ခရိုင်အတွင်းမှာတရားမဝင်သတ္တုတူးဖော်မှုအများအပြားပြုလုပ်နေသော်လည်း သက်ဆိုင်ရာအဏာပိုင်များကတရားဝင်လုပ်ပိုင်ခွင့်ရှိမရှိ ဝင်ရောက်စစ်ဆေးမှု မရှိခဲ့ပါ။ ထိုကြောင့်စည်းမဲ့ကမ်းမဲ့သတ္တူတူးဖော်ပြီးမိုးရာသီးရေကြီးရေလျှံမှု မကြခဏဖြစ်ပေါ်လျှက် ရှိပါသည်။





Comments are Closed