ရွှေစပါးကုမ္ပဏီနှင့်ရှမ်းရှေ့ရှိမြေရှားသတ္တု
Posted by: MMWN | Posted on: October 7, 2022ရွှေစပါးသတ္တုတူးဖော်ရေးကုမ္ပဏီသည် ရှမ်းပြည်နယ်ရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် လုပ်ကွက်(၂)ခု စုစု ပေါင်းဧကပေါင်း ၇၃၂၈၀ သတ္တုစမ်းသပ်ခွင့်ရရှိခဲ့ပါသည်။ သို့သော် ထိုလုပ်ကွက်(၂)ခုအပေါ်မှာ မှီးတင်နေထိုင်သော ဒေသခံတိုင်းရင်းသားပြည်သူများသည် သတ္တုတူးဖော်ခြင်း၏ကောင်းကျိုး၊ ဆိုးကျိုးနှင့် သတ္တုတူးဖော်သည့်ကိစ္စရပ်များ ၊ သတင်းအချက်အလက်များကို လက်ခံရရှိမှုမရှိပေ။
ကိုဗစ်ကာလအကျပ်အတည်းဖြစ်နေမှုနှင့်တိုင်းပြည်မှာနိုင်ငံရေးမတည်မငြိမ်မှုဖြစ်နေသော်လည်း ကုမ္ပဏီ ကလူတွင် ကျနော်တို့ဒေသကို သစ်တောနယ်မြေလာလျှောက်တယ်ဆိုပြီး ကျေးရွာအနီးအဝိုက်ရှိ မြေများကို တိုင်းတာမှုတွင်လာလုပ်သွားတယ်။ ထိုသို့ လာတိုင်းတာမှုပြုလုပ်သော်လည်း ဒေသခံပြည်သူများကို အသိမပေးဘူး။ ကျနော်တို့အမြင်အရပြောရရင် သစ်တောမြေအဖြစ်တိုင်းတာမဟုတ်ပဲ မြေလွှတ်မြေလပ် လျှောက်ယူဖို့ အတွက်လာတိုင်းတာဖြစ်မယ်။ သူတို့သတ္တူတူးဖော်မည့်နေရာသည်ကျနော်တို့လယ်ယာ လုပ်ငန်းအတွက် မှီခိုနေသော ချောင်းဖြစ်နေသည့်အတွက် တချိန်ကျရင်ကျနော်တို့လယ်ယာမြေကို ထိခိုက်မှာ၊ အသိမ်းခံရမှာကို စိုးရိမ်သည်လို့ ဒေသခံတဉီးဖြစ်သည်ကျာအူကပြောပါသည်။
ထိုလုပ်ကွက်(၂)ခုအပေါ် မှီးတင်းနေထိုင်ကြသည် ဒေသခံပြည်သူများသည် တနိုင်တပိုင် အိမ်မွေး တိရိစ္ဆာန်များမွေးမြူရေးကို လုပ်ကိုင်ကြပါသည်။ အကယ်၍ရွှေစပါးကုမ္ပဏီက အထက်ပါလုပ်ကွက်(၂)ခုကို သတ္တုတူးဖော် မှုပြုလုပ်ပါက ဒေသခံပြည်သူများ၏ လယ်ယာမြေ၊ တောင်ယာမြေနှင့် စားကျက်မြေများ ဆုံးရှုံးသွားနိုင်ပါသည်။
၂၀၂၀-NLD အစိုးရလက်ထက်တုန်းက သတ္တုတူးဖော်ရန်အတွက် ရွေးစပါး ကုမ္ပဏီသို့ခွင့်ပြုပေးခဲ့သည့် အချက်အလက်များအရ သတ္တုတူးဖော်သည့်ဒေသသည် လွယ်မွေအုပ်စုနှင့် တောင်ပေါ်(၅)အုပ်စု တို့ဖြစ်ကြပါ သည်။ ခွင့်ပြုချက်ရသော်လည်း ကိုဗစ်စည်းကမ်းချက်နှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အကြီးစားတူးဖော်မှု မလုပ်သေးသော်လည်း မြေနေရာများ တိုင်းတာမှုများ ကို 2021 Feb စတင်လုပ်ကိုင်နေကြပါသည်။ ရွှေစပါးကုမ္ပဏီသတ္တု တူးဖော်သည့် သတ္တုအမျိုး အစားများမှာ ခဲ၊သွပ်၊ကြေးနီ၊သံ၊မြေရှားသတ္တုရောရာစသည့် သတ္တုများကို တူးဖော်ရန်ဖြစ်ပါသည်။
ရွှေစပါးကုပ္ပဏီမှတူးဖော်မည့်သတ္တူအမျိုးအစားများသည် လက်ရှိနည်းပညာခေတ်မှာ နည်း ပညာသုံးပစ္စည်းများအတွက်မရှိမဖြစ်လိုအပ်သောအရာများဖြစ်သလို သတ္တူတူးဖော်မှုမှ ရရှိလာသော ငွေကြေးများသည် လက်ရှိ နစကအစိုးရကို အာဏာတည်မြဲအောင်အဖက်တလှမ်းကနေ ပံ့ပို့နေသော ဝင်ငွေရလမ်းကြောင်း ဖြစ်ပါသည်။ ရွှေးစပါးကုမ္ပဏီသည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် မြေရှားသတ္တု တူးဖော်နေသည့်ကုမ္ပဏီဖြစ်ပါသည်။
Comments are Closed