ဟူးကောင်းဒေသ ရွှေတူးဖော်မှုဆိုင်ရာ ဒေတာကောက်ယူခြင်း
Posted by: MMWN | Posted on: December 6, 2022(နောက်ခံသမိုင်းအကြောင်း)
ကိုင်းတောရွှေမှော်သည် ကချင်ပြည်နယ်၊ ဖာကန့်မြို့နယ်၊ ဝါရာဇွပ်အုပ်စု၊ ရှထူးဇွပ်ကျေးရွာ၏ ၃မိုင်ခန့် အကွာတွင် တည်ရှိသည်။ ၎င်းရွှေမှော်သည် လွန်ခဲ့သော၂၀၀၅-၂၀၀၆ ခုနှစ်တွင် ဒေသခံများဖြင့် စတင်တူးဖော်ခဲ့ပြီး ၎င်းနောက်ပိုင်းတွင် အသေးစားလုပ်ငန်းများ (ဟွန်တာစက်ဖြင့်) လုပ်ကိုင်လာပြီးဖြစ်သည်။ ထို့နောက် စက်ဆိုင်းများ၊ မုန်ဆိုင်းများ များပြားလာပြီး ဘတ်ဖိုးဆိုဒ်များမှာမူ ၂၀၁၀နောက်ပိုင်းမှ ဝင်လာသည်ဖြစ်သည်။ ထိုနေရာများသည် ဒေသခံလူများ အခင်းလုပ်ခြင်း၊ လယ်ယာလုပ်ကိုင်ခြင်း၊ သား/ငါးရှာဖွေခြင်းလုပ်ငန်းများ လုပ်ကိုင်သော နေရာဖြစ်သည်။ ကနေဦးကာလတွင် (KIO) အစိုးရသာ လွမ်းမိုးမှုရှိသော်လည်း ၂၀၁၂ နောက်ပိုင်းတွင် စစ်တပ်ပိုင်ဆိုင်ရာများပါဝင်လာသည်။ မကြာခဏ စစ်ကြောင်းများလှုပ်ရှားမှု ရှိလာသည်။
(မြေယာအခြေအနေ)
လူဦးရေများပြားလာသည်နှင့်အညီ လုပ်ကိုင်စားသောက်မည့် မြေယာအပို လိုအပ်လာသည်။ နန့်ဆမ်ချောင်းနှင့် ရေကြည်ချောင်း၊ ခေါန်လောချောင်းတို့၏လက်ဝဲ လက်ယာတို့တွင် ရွှေတူးဖော်ခြင်း လုပ်ငန်းခွင် အကြွင်းအကျန်သာတွေ့ရသည်။ ကိုင်းတောရွှေမှော် တဝိုက်တွင် လယ်ယာအခင်း လုပ်ကိုင်စားသောက်ရန် သိပ်ပြီးအဆင်မပြေလှချေ။ ရွှေကြော၊ ကျောက်ကြော၊ နှုန်းမြေကြောများ စုသာဖြစ်သည်။ ယုဇနကုမ္ပဏီအနေဖြင့် ဓာတ်မြေဩဇာ အလွန်အကျွံသုံးစွဲထားခြင်းကြောင့် ဒေသခံများ ဆက်လက်ပြုလုပ်ရန်ခက်ခဲနေကြသည်။ ထို့ကြာင့် ရွှေတူးဖော်ရန်သာရောင်းချခဲ့ကြသည်။
ရင်းနှီးမြုပ်နှံမှု
ကိုင်းတောရွှေမှော်တွင် ရွှေတူးဖော်ခြင်းလုပ်ကိုင်လိုပါက ပြည်သူ့စစ်အဖွဲ့ထံ အကြောင်းကြား ရမည်ဖြစ်သည်။ လစဉ်ကြေးအဖြစ် တစ်လကို ၁၀သိန်းနှင့် ၁၅သိန်းကြား ပေးဆောင်ရပြီး စက်သုံးဆီ တစ်ပေပါကို ၄၀၀၀၀ကျပ် ပေးဆောင်ခြင်း၊ ၎င်းရွှေလုပ်ကွက်အား သိန်း ၃၅ လည်ကောင်း၊ ဆန်တစ်အိတ်ကို ကျပ်၄၀၀၀ အား လက်နက်ကိုင် စစ်ဖွဲ့အားမျှပြီး ပေးဆောင်ရသည်။ လူတစ်ဦးလျှင် ကျပ်၅၀၀၀ ပေးဆောင်ရသည်။ နိုင်ငံရေးမကောင်းသည့်အချိန်တွင် လုပ်ကိုင်ရန် မလွယ်ဟု လုပ်ငန်းရှင်များကဆိုသည်။ ရွှေထွက်နှုန်းအနည်းအများနှင့်မဆိုင်ပဲ ပုံမှန်ပေးဆောင်ရသည်။ ကိုင်းတောရွှေမှော်သည် ပြည်သူ့စစ်အဖွဲ့များ ဂိတ်ထိုင်သောနေရာဖြစ်သည်။
ပထဝီဝင်အနေအထား
ပထဝီဝင်အနေအထားအားဖြင့် ကိုင်းတောရွှေမှော်သည် မြေပြန့်အနေအထား များသော နေရာဖြစ်သည်။ လီဒိုလမ်း၏ (၃) မိုင်ခန့်အကွာတွင်ရှိပြီး ရှထူးဇွပ်ကျေးရွာ၊ စံပြကျေးရွာ၊ ကောင်ရာကျေးရွာတို့နှင့် နီးစပ်ရာ နေရာဖြစ်သည်။ ကုလားမင်းတောင်နှင့်လည်း နီးစပ်လျက်ရှိပြီး နန့်ဆမ်ချောင်း၊ ရေကြည်ချောင်း၊ ခေါန်လောချောင်း တို့ စီဆင်းရာ ဒေသလည်း ဖြစ်သည်။ ၎င်းရွှေမှော် အနီးတွင် ကံဆီး၊ စော်ဘွား များ၏ ကြိုးဝိုင်းတော လည်းရှိသည်။
၎င်းရွှေမှော်သည် တိုင်းရင်းသားမျိုးစုံ နေထိုင်စားသောက်ရာ နေရာဖြစ်သည်။ လူမျိုးစုံ ဒေသစုံ ဖြစ်သည့်အတွက် စရိုက်မျိုးစုံလည်းတွေ့နေရသည်။ များသောအားဖြင့် ဗမာ၊ ရှမ်း၊ ရခိုင် ပိုများပြီး ကချင်နှင့် လီဆူတို့ လူနည်းပါးသည်။ ဘာသာပေါင်းစုံ ကိုးကွယ်တည်ရှိနေသည့်နေရာလည်း ဖြစ်သည်။
မြေယာကိစ္စနှင့်ပတ်သက်၍ အရှုပ်အရှင်းများသည်။ ယုဇနကုမ္ပဏီအား (KIO) အစိုးရမှ ဖျက်စီး သိမ်းဆည်းခဲ့ပြီး ၎င်းမြေများအား လူထုမှ သူသူငါငါ လုယှက်ဦးထားကြသည်။ အချို့ကတော့ လယ် ယာလုပ်ကိုင်နေပေမယ့် အချို့ကတော့ (KIO) လက်မှ ပြန်လည်သိမ်းယူမှုရှိခဲ့သည်။ လယ်ယာဖောက် လုပ်ကိုင်သည့်အခါ ကုန်ကျထားသော ငွေများအား ပြန်လည်ပေးချေခြင်းအား အနည်းငယ် သိရသည်။
၎င်းဒေသသည် (KIO) လက်နက်ကိုင် (297) တပ်ရင်း၊ ပြည်သူ့စစ် စသည့် လက်နက်ကိုင်များ ကြီးစိုးသွားလာနေသော နေရာဖြစ်သည်။ အခွန်အခပေးဆောင်ရာတွင် အဖွဲ့အစည်းအားလုံးအား တပြေးညီပေးဆောင်ရသည်။ ချန်လှပ်ထားခြင်းရှိပါက အတုယူခြင်းခံရပေမည်။ ရံဖန်ရံခါ (ဆရဖ) အဖွဲ့ ၎င်းကားမိုင်းမြို့ ရဲအဖွဲ့မှ လည်းကောင်း၊ တနိုင်း(ဒကစ) မှ ၎င်းတို့လာတတ်သည်။
အကျိုးပြုလုပ်ငန်း
ဒေသခံများအား အကျိုးပြုစေသော လုပ်ငန်းများကတော့ ကယ်ရီဆွဲ ခြင်း၊ ဈေးရောင်း ဈေးဝယ်လုပ်ခြင်း၊ ရွှေဝယ်ခြင်း၊ စက်ဆီများအား တနိုင်တပိုင် သယ်ယူရောင်းချခြင်း၊ ရွှေတူးဖော် ကျင်းသားလုပ်ခြင်း၊ စားဖိုမ လုပ်ခြင်း စသည့် လုပ်ငန်းများဖြင့် အကျိုးပြုနေကြရပါသည်။
ရှထူးဇွပ် ကျေးရွာ စစ်ရှောင်စခန်း (IDP Camps) KBC ဘုရားကျောင်းဝင်းအတွင်း Camp တစ်ခု၊ ကောင်ရာကျေးရွာ မူရင်းနှစ်ခြင်းကျောင်းဝင်းအတွင်း တစ်ခု ဖွင့်လှစ်ထားပြီး ၎င်း IDP များအတွက် နေရာအသစ်၊ ခြံဝင်းအသစ် အစိုးရထံ တောင်းဆိုထားပြီးဖြစ်သည်။ ထိုနေရာတွင် အိမ်များဆောက်လုပ်ရန် စခဲ့သော်လည်း နိုင်ငံရေးအခြေအနေကြောင့် ရပ်ဆိုင်းထားရသည်။
ကျေးရွာလူထု အခက်အခဲ
(KIO) အဖွဲ့နှင့် PTS အဖွဲ့များ အဓိကလှုပ်ရှားရာနေရာဖြစ်သောကြောင့် ကျေးရွာဒေသခံများ အတွက် သွားလာလုပ်ကိုင်စားသောက်ရန် ခက်ခဲလာသည်။ စစ်ဆေးမေးမြန်းမှုများ ခပ်စိပ်စိပ်ရှိလာသောကြောင့် လုံခြုံမှုကင်းမဲ့လာသည်။ ဒေသခံများ လယ်ယာ၊ အခင်းရောင်းဝယ်ရေး၊ ဆိုင်ကယ် ကယ်ရီ ဆွဲခြင်း စသည့်လုပ်ငန်းများအပေါ် ဟန့်တားမှု ဖြစ်ပေါ်စေသည်။ ရွှေမှော်ရှိလာခြင်းကြောင့် မူးယစ်ဆေးဝါး ပြဿနာလည်း ပေါ်လာပြန် သည်။ ခိုးဆိုးလုယှက်မှုများလည်း ရှိလာသောကြောင့် ပြည်သူလူထုများအတွက် ခက်ခဲလာသည်။ ရွှေတူးဖော်ခြင်းသာ လုပ်ကိုင်လာသောကြောင့် လယ်ယာမြေ လုပ်ကိုင် စားသောက်ရန် နေရာရှားပါး လာသည်။
Comments are Closed