တရားမဝင်ရွှေတူးဖော်မှု
“ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချိတ်လိတ်ခရိုင်၊ကျိုင်းလတ်မြို့နယ်၊နမ့်ကဲကျေးရွာအုပ်စုအတွင်းမှာတရားမဝင်စည်းမဲ့ကမ်းမဲ့သတ္တုတူးဖော်မှုများပြုလုပ်နေကြပါသည်။သတ္တုတူးဖော်သည့်ကုမ္ပဏီများသည် ဒေသခံနာမည်ခံတရားမဝင်တရုတ်လူမျိုးများဖြစ်ပြီးနိုင်ငံတော်အစိုးရခွင့်ပြုချက်မရှိပဲ ၂၀၂၁နောက်ပိုင်းသက်ဆိုင်ရာဒေသအာဏာပိုင်များကို လာဒ်ထိုးပြီးလုပ်နေကြပါသည်။ ထိုသတ္တူတူးဖော်သည့်ကုပ္ပဏီများနှင့်၄င်းတို့၏အမည်များကို ဒေသခံပြည်သူများသိရှိခွင့်မရှိသလို တရားဝင်ဆိုဒ်ပုဒ်ထောင်းထားတာလည်းမတွေ့ရှိပါ။ ဒီလိုသတ္တုတူးဖော်လာတာက၂၀၂၁အာဏာသိမ်းနောက်ပိုင်းမှာ အများကြီးရှိလာတယ်။သူတို့ ဝင်လာသည့်အချိန်မှာပြည်သူတွေကို အလုပ်အကိုင်ပေးမယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပေးမယ်ဆိုပြီး ဝင်လာတယ်။ဒေသအုပ်ချုပ်ရေးမှူး၊ ကျေးရွာသူကြီးနှင့်နယ်မြေခံတပ်တွင်ကို လာဒ်ထိုးပြီးဝင်ရောက်တူးဖော်တာဖြစ်သည်။ ခရိုင်အဆင့်နှင့်မြို့နယ်အဆင့်အာဏာပိုင်တွင်ကိုလည်း ငွေသွင်းရတယ်လိုကြားတယ်။ဘယ်လောက် သွင်းရသလဲဆိုတာတော့ကျနော်တို့မသိဘူးလို့…
Read More