စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ မြန်မာ့သတ္တုမိုင်းလုပ်ငန်း အခြေအနေများ
Posted by: MMWN | Posted on: July 11, 2022မြန်မာနိုင်ငံတစ်ဝန်းတွင် အချို့သောသတ္တုမိုင်းလုပ်ငန်းများသည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ဖောဖော်ဝါရီ(၁) ရက်နေ့မှ စပြီး ပိုမိုတိုးများလာခဲ့သည်။ စစ်အာဏာသိမ်းအုပ်စုသည် ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်များ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများကို နေ့စဉ်နှင့်အမျှ နည်းအမျိုးမျိုးဖြင့် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် လူသားမဆန် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေပါသည်။
ဒေါ်လာဘီလီယံပေါင်းများစွာကြွယ်ဝလျှက်ရှိသော ကျောက်စိမ်းတူးဖော်ရေး၊ ရွှေနှင့်အခြားသော သတ္တုတူးဖော်ရေးလုပ်ငန်းများသည် အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် စိတ်တိုင်းကျတူးဖော်ခြင်း၊ တိုင်းရင်းသားဒေသတွင်းများ၌ ၄◌င်းလုပ်ငန်းများကို လုံခြုံရေးယူပေးရန် အတွက် စစ်တပ်များတိုးချဲ့လျှက်ရှိပါသည်။
လက်နက်မဲ့ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွဲခွင့်များ ကျင့်သုံးပြီး ပြည်သူလူထုအိုးအိမ် ပစ္စည်းများ ခိုးယူလုယက်ဖျက်စီးခြင်း၊ ရပ်ရွာမီးရှို့ခြင်း၊ တိုက်လေယဉ်နှင့် လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင်း ပြည်သူလူထု သိန်းပေါင်းများစွာ ထွက်ပြေးသိမ်းရှောင်နေရသည်။ စစ်ရှောင် စခန်းများကို လူသားချင်းစာနာ အထောက်ပံ့ပေးမှုများကို တားဆီးပိတ်ပင်ခြင်း၊ အထောက်ပံ့ပစ္စည်းများဖြစ်သော ဆေးဝါးများ၊ အစားအသောက်ရိက္ခာများကို မီးရှို့ဖျက်စီးခြင်း၊ သယ်ယူပို့ဆောင် သူများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ကျူးလွန်ခဲ့ပါသည်။
လက်ရှိပြည်တွင်းအခြေအနေများ –
- သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်အပေါ် တရားမဝင် အကျိုးအမြတ်ထုတ်ယူခြင်း
- ပြည်တွင်းစစ်တိုးများလာခြင်း
- စစ်ဘေးရှောင်ပြည်သူများ သိန်းပေါင်းများစွာတိုးများလာခြင်း
- စစ်တပ်ဘတ်ဂျက် တိုးများလာခြင်း
- စစ်အာဏာရှင် အားကောင်းလာစေခြင်း
- လူမှုအသိုင်းအဝိုင်း ကူးစက်ရောဂါပျံ့နှံ့ပြီး သေဆုံးမှုများရှိလာခြင်း
- ဆေးဆရာဝန်များ လုံလောက်မှုမရှိခြင်းကြောင့် ကုသမှုများလုံလောက်စွာ မခံယူရခြင်း၊
- အမျိုးသမီးများ လွတ်လပ်စွာ သွားလာခွင့် နည်းပါးလာခြင်း၊ ပြည်တွင်းစစ်ပွဲအတွင်း မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်း
- စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သောကြောင့် ကလေးပညာရေး နှောင့်နှေးရခြင်း စသည့် ၄◌င်း၏နောက်ဆက်တွဲများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများစွာ ထိခိုက်ဆုံးရှုံးနစ်နာနေရသည်။
အာဏာသိမ်းစစ်အုပ်စုမှ အဖိုးတန်သတ္တုလုပ်ငန်းများ ချယ်လည်ခြင်း
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ ရေနံ၊ သစ်၊ ရွှေ၊ သံဖြူ၊ ပတ္တမြားနှင့် ကျောက်စိမ်းကဲ့သို့သော အဖိုးတန်သဘာဝ သယံဇာတများစွာရှိပါသည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းပြချက်ဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလအတွင်း သဘာဝသယံဇာတများကို အခြေခံသော ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစွာကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ ရေနံ၊ သစ်၊ ရွေ၊ သံဖြူ၊ ပတ္တမြားနှင့် ကျောက်စိမ်း ကဲ့သို့သော အဖိုးတန် သဘာဝသယံဇာတများစွာ ရှိပါသည်။ တံဆိပ်ပြောင်းလဲ ကပ်ထားသော အစိုးရအတွင်းတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းပြချက်ဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလအတွင်း သဘာဝသယံဇာတများကို အခြေခံသော ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစွာကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ ပေါများကြွယ်ဝသော သဘာဝသယံဇာတများကို မျက်ခြည်မပြတ်စောင့်ကြည့်နေပြီး စီးပွားဖြစ်ထုတ်ယူသုံးစွဲနိုင်ရန်အတွက် အခွင့်အရေးများရလျှင်ရသလို အမိအရယူပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ဆောင်လာကြသည်။ ကမ္ဘာ့ထိပ်တန်း သတ္တုတူးဖော်ထုတ်လုပ်နေသည့် လုပ်ငန်းများစွာရှိနေသော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနှင့် ပြည်တွင်းစစ် အရှည်လျှားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေသည်။
စစ်အုပ်ချုပ်ရေးကာလအတွင်း သဘာဝအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုများသည် ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍများသည်လည်း ပိုမိုဆုပ်ရွံဆိုးရွာစေခဲ့သည်။ ထို့အပြင် သတ္တုတူးဖော်သူများနှင့် ပါဝင်ပတ်သက်သူများသည် သတ္တုတူးဖော်ခြင်းမှ ရရှိလာသောအကျိုးအမြတ်ငွေကြေးများကို ပွင့်လင်းမြင်သာစွာချပြရှင်းလင်းထားမှုများသည်လည်း အလွန်အားနည်းနေလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းရှိ သဘာဝအရင်းအမြစ်များသည် တိုင်းရင်းသားဒေသများတွင် အကြီးအကျယ်လုပ်ကိုင်နေကြသည်ကို တွေ့မြင်နေရသော်လည်း တိုင်းရင်းသားဒေသများတွင် အကြီးအကျယ်ကိုင်နေကြသည်ကို တွေ့မြင်နေရသော်လည်း တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများမရှိသည့်အပြင် ယနေ့ထိတိုင် စစ်မြေပြင်ဖြစ်နေပြီး ပြည်သူလူထုသိန်းပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရသည့်ဘဝမှ ကျင်လည်နေရဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်းနှင့် ဆယ်စုနှစ်များစွာပြည်တွင်းစစ် ပဠိပက္ခများဖြစ်ပွားရသည့် အကြောင်းရင်းမှာ တန်းတူညီမျှမှုမရှိသော သယံဇာတ ခွဲဝေမှုကိစ္စရပ်များကြောင့်လည်း ပါဝင်ပါသည်။ ကာလတာရှည်စွာ တိုင်းရင်းသားများမှ အာဏာခွဲဝေမှုနှင့် ဖက်ဒရယ်စနစ်ဖြစ်ထွန်းရေး ရပ်တည်နေသော်လည်း သတ္တုတူးဖော်သည့် ကဏ္ဍလုပ်ငန်းများစီမံခန့်ခွဲရေး အခွင့်အာဏာများသည် ဗဟိုချုပ်ကိုင်မှုစနစ်ကိုသာ ကျင့်သုံးနေသည်။
မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်ထောင်စုအစိုးရမှ သဘာဝအရင်းအမြစ်များကို ထိန်းချုပ်ခြင်းနှင့် ပိုင်ရှင်ဖြစ်ခြင်း အခွင့်ရှိကြောင်း ပြဌာန်းထားသည်။ “နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိ သယံဇတပစ္စည်း အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။ (ပုဒ်မ ၃၇-က) ” နှင့် “နိုင်ငံတော်ပိုင် သယံဇတပစ္စည်းများအား စီးပွားရေးအင်အားစုမှ ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေပြဌာန်းရမည်။ (ပုဒ်မ ၃၇-ခ)” စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ် ၂၅% နေရာပေးထားပြီး အရေးပါသည့် ဝန်ကြီးဌာနများသည်လည်း စစ်တပ်ကာကွယ်ရေး ဦးစီးချုပ်အောက်တွင် ထားထားပါသည်။ တန်ဖိုးကြီးသော သဘာဝအရင်းအမြစ်မှ အခွန်ကောက်ခံခြင်းကိုလည်း နေပြည်တော်မှ ထိန်းချုပ်ထားသည်။
သတ္တုတူးဖော်ခြင်းမှ ရရှိလာသော ဝင်ငွေအခွန်များသည် ဒေသခံတိုင်းရင်းသား ပြည်သူ့အစိုးရထံတိုက်ရိုက် ဝင်ရောက်ခြင်းမရှိသည့်အပြင် ဗဟိုမှခွဲဝေပေးသော ငွေပမာဖြင့်သာ တိုင်းရင်းသားဒေသအစိုးရထံ ရောက်နေသဖြင့် နေပြည်တော်ထံမှ မှီခိုနေရသည်။
အာဏာသိမ်းစစ်အုပ်စုမှ လူသိရှင်ကြား နေ့ခင်းကြောင်တောင် ပြည်သူလူထု အိုးအိမ်ပစ္စည်းများခိုးယူလုယက်ဖျက်စီးသည့် ကျူးလွန်မှုကိုတောင် မည်သို့မျှ မတုန့်ပြန်နိုင်သည့် အနေအထားရောက်ရှိနေပြီး စစ်တပ်မှ လုံခြုံရေးယူပေးထားသည့် အဖိုးတန် သယံဇာတတူးဖော်ထုတ်ယူသည့် ကဏ္ဍများကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်သည့် အခြေနေတရပ် ဖြစ်နေပါသည်။
အာဏာသိမ်းစစ်ကောင်စီသည် သတ္တုတူးဖော်ခြင်းမှ အကျိုးအမြတ်များရယူမှုသည် အာဏာသိမ်းကာလမှ စတင်ခြင်းမဟုတ်ပဲ လွန်ခဲ့သည့်နှစ် ၇၀ ကတည်းက နိုင်ငံတော်အာဏာကို အသုံးချပြီး အကျိုးအမြတ်များ ရယူခဲ့သည်။ နိုင်ငံတော်နှင့် ဒေသအတွင်း ပြည်သူလူထုများသည် သတ္တုတူးဖော်ခြင်းမှ အကျိုးအမြတ်များ ဖြစ်ထွန်းစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲခြင်း သို့မဟုတ် အစားထိုးခြင်းပြုလုပ်မှသာလျှင် အမှန်တကယ်ရေရှည်အတွက် သတ္တုတူး ဖော်ရေးပြဿနာများကို ဖြေရှင်းနိုင်ပါမည်။ စစ်ကောင်စီအုပ်ချုပ်မှုမှ အခြေားသော အစိုးရအာဏာ ရလာသော်လည်းပဲ သတ္တုကိစ္စအရေးသည် မလွဲမသွေ စစ်တပ်က ဆက်လက်ပြီးကြီးစိုးနေမည်ဖြစ်သည်။
ကျောက်စိမ်းနှင့် စစ်ကောင်စီ
၂၀၂၁ ဖေဖော်ဝါရီလဆန်းပိုင်း စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဘီလီယံ ပေါင်းများစွာတန်ဖိုးရှိသော ကျောက်စိမ်း ကုန်သွယ်ရေးအတွက် မြန်မာစစ်တပ်က ချုပ်ကိုင်ထားသည်။ နှစ်ကာလကြာလာသည်နှင့်အမျှ ခေတ်မီစက်ယန္တယားကြီးများနှင့် ရင်းနှီးမြုပ်နှံသည့် အင်အားတိုးတက်လာသည်နှင့်အတူ ကျောက်စိမ်းတူးဖော်ခြင်းများ ပိုမိုတိုးချဲ့ လုပ်ကိုင်လာခဲ့ပါသည်။
၂၀၂၀ ဇူလိုင်လ (၂)ရက်နေ့တွင် ကချင်ပြည်နယ်ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာအုပ်စု ဝှေခါကျောက်စိမ်းမှော်တွင် ကျောက်စိမ်းတူးဖော်စက်ကြီးများဖြင့် အသုံးပြုတူးဖော်ခဲ့မှုကြောင့် မြေပျိုစေခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၈၆) ဦဂနှင့် သေဆုံးသူ (၁၇၀) ဦးကျော် ရှိခဲ့ပါသည်။ မြန်မာ့ကျောက်မျာက်လုပ်ငန်းရှင်များသည် ကျောက်စိမ်းတွင်းကုမ္မဏီများအား ၂၀၂၀ ခုနှစ် ဇူလှိုင်လမှ မုတ်သုန်ရာသီအတွင်း သတ္တုလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရန် ညွန်ကြားချက်ထုတ်ပြန်ခဲ့သည်။ ယာယီဆိုင်းငံ့မှုကို ကချင်ပြည်နယ် လုံခန်-ဖားကန့်သတ္တုတွင်း ဧရိယာတွင်သာကျင့်သုံးခဲ့သည်။
ခန့်မှန်းချေ တန်ဖိုး ဒေါ်လာ ၁၇၀
၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်မစတင်မီ ကမ္ဘာ့အချမ်းသာဆုံး ကျောက်မျက်ရတနာများမှ ကျောက်စီမ်းတူးဖော်ရေးလုပ်ငန်းကို စက်မှုလုပ်ငန်းများ အသုံးပြု၍ မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်တပ်က ကျောက်စီမ်းကုန်သွယ်မှုကို စစ်တပ်မှ ထိန်းချုပ်ထားခြင်းကို လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆက်နွယ်မှု တာဝန်ရှိသူများမှ ပိတ်ဆို့မှုနှင့် အခြားအပြစ်ပေးအရေးယူမှုများ မပြုလုပ်ပါက ကျောက်စိမ်းလုပ်ငန်းသည် စစ်တပ်နှင့် နိုင်ငံရေးထောက်ခံမှုအရင်းအမြစ်၏ အဓိကအကြောင်းရင်း တခုအဖြစ် ပြောင်းလဲသွားနိုင်သည်။
Global witness သတသင်းများအရ ကျောက်စိမ်းကုန်သွယ်ရေးတွင် တက်ကြွစွာလုပ်ကိုင်နေသည့် ကုမ္မဏီများအနက် ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ သား တစိတ်တပိုင်းပိုင်ဆိုင်သော Kyaing International Gems လည်းပါဝင်သည်။ နောက်ဆုံးအစီရင်ခံစာတွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ သားအောင်ပြည့်လုံကိုလည်း လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်ဟုလည်း ဖော်ပြထားသည်။ မင်းအောင်လှိုင်၏ မိသားစု ကျောက်စိမ်းတွင်းလုပ်ငန်းတွင် ပါဝင်နေမှုသည် အံ့အားသင့်စရာ မဟုတ်သည့်အပြင် အကျိုးအမြတ်များသော စက်မှုလုပ်ငန်းသည် စစ်တပ်အထက်တန်းလွှာများ၏ ဩဇာလွှမ်းမိုးမှုနှင့် တိုင်းပြည်အနှံ့ ပဠိပက္ခများဆက်လက်တည်တံ့စေရန် ကူညီပေးသည့် လုပ်ငန်းတခုပင်ဖြစ်သည်။
၂၀၁၆ ခုနှစ် အနိုင်ရပါတီ NLD အနေဖြင့် ကျောက်စိမ်းလိုင်စင်အသစ်များအားလုံးကို ဆိုင်းငံ့ထားသော်လည်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်(MEHL) သည် အကြီးမားဆုံး ကျောက်စိမ်းနှင့် ကျောက်မျက်သတ္တုတူးဖော်ရေး ခွင့်ပြုမိန့်ရရှိထားသည့် ကုမ္မဏီဖြစ်သည်။
ကျောက်စိမ်းကတော့ အာဏာမသိမ်းခင်ကလည်း လုပ်နေကြတယ်အခုလည်း ဆက်လုပ်နေကြတယ်။ တရားဝင်လုပ်ကွက်တွေမဟုတ်တာကြောင့် သူတို့နဲ့ဆိုင်ရာဆိုင်ရာ သူနည်းလမ်းနဲ့သူလုပ်ကြတဲ့သဘောပေါ့။ ဒေသတွင်းထဲက သဘာဝရေအရင်းမြစ်တွေ အမြဲတမ်းညစ်ညှမ်းတယ် ရေနောက်တွေပဲ စီးဆင်းတော့တာမျိုးတွေရှိတယ်။ စက်ယန္တရားအကြီးစားတွေနဲ့ လုပ်တော့ဒေသခံမြေတွေ အကုန်လုံးကျောက်ပုံတွေဖြစ်သွားတယ်။ ကချင်ပြည်နယ်ဒေသခံ ခေါင်းဆောင် အမည်မဖော်လိုတဲ့ သတင်းအရင်းမြစ်တစ်ဦးကဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှု တတိယလှိုင်း ရိုက်ခတ်လာသည့်အပြင် ဖေဖော်ဝါရီလဆန်းပိုင်း စစ်တပ်အာဏာသိမ်းပြီးချိန်ကစ ပြည်သူများ ဘေးအန္တာရာယ်များစွာ ကြုံတွေ့နေရသည်။ ကိုဗစ်ရောဂါကူးစက်မှုကို လျှော့ချရန်အတွက် မြန်မာနိုင်ငံအတွင်း ကျောက်စိမ်းတူးဖော်သည့်နေရာများ ယာယီရပ်ဆိုင်းထားသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတရားဝင်မှတ်ပုံတင်ထားပြီး တူးဖော်နေသော ကုမ္မဏီများသည် သက်တမ်းကုန်ဆုံးသွားသောလည်းဆက်လက် တူးဖော်နေခြင်း၊ လုပ်ငန်းကို အကြောက်အရွံ့မရှိပေါ်လွင်ထင်ရှားအောင် တူးဖော်နေခြင်းများရှိနေသည်။
စစ်တပ်ပို မြိုင်ကလေးဘိလပ်မြေစက်ရုံ
ကရင်ပြည်နယ်ဘားအံမြို့ သံလွင်မြစ်ချောင်းအနောက်ဘက်ခြမ်း ကော့ရင်းအောက် ကျေးရွာအုပ်စု မရင်းကုန်းကျေးရွာမှာ ရေညစ်ညမ်းမှုကြောင့် တောင်ကလေးဘေးမဲ့ကန်၌ ငါးအများအပြားသေဆုံးနေသည်ကို ဇန်နဝါရီလ ၂၈ ရက်နေ့ ၂၀၂၁ တွင် ကရင်ပြည်နယ် အစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရဌာနမှ ၄◌င်းရေကို ဆန်းစစ်မှုပြုလုပ်ခဲ့ပြီး Facebook ပေါ်တွင် စိုက်ပျိုးရေး၊ အိမ်းတွင်းသုံးရန်နှင့် ရေနေသတ္တဝါများအတွက် ကောင်းမွန်ကြောင်းထုတ်ပြန်ခဲ့သည်။ အများပြည်သူရှေ့မောက်တွင် လုပ်ဆောင်ခဲ့ခြင်းမရှိသောကြောင့် ဘယ်အရာကို စမ်းသပ်ခဲ့လဲ ရလဒ်ကဘာလဲ ကျွန်ုပ်တို့မသိခဲ့ဘူး။ ဟိုရှေ့ကတည်းက တခါမှ ဒီလိုအဖြစ်မျိုး မဖြစ်ဖူးဘူးဟု ဒေသခံများက ပြောဆိုကြသည်။
ဒေသခံကျေးရွာများနှင့်အတူ ၄◌င်းဘေးမဲ့ငါးကန်နှင့် မြိုင်ကလေးဘိလပ်မြေစက်ရုံ အကြားတွင် တောင်ကလေးတောင်တစ်ခုသာ ခြားနေသည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက လုပ်ကိုင်နေသည့် ကျောက်မီးသွေး တန်ချိန်(၄၀၀၀) လောင်စာသုံး ဘိလပ်မြေစက်ရုံဖြစ်ပြီး ၄◌င်းစက်ရုံမှ စွန့်ပစ်ရေသည် ကျေးရွာအနားတွင် ဖြတ်သွားသည်။ ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးအသုံးပြုသည့်အတွက် လူတိုင်းကသံသယရှိနေခြင်း၊ မိုးတွင်းကာလတွင် ရေများနေသည့်အပြင် ရေများစီးနေသည့်အတွက် သိပ်မသိသာပေမည့် ရေနည်းလာသည့်အချိန်တွင် ရေကအမည်းရောင်ဘက်သို့ ပြောင်းလာသည်ကို တွေ့ရပြီး ဒေသခံများလည်း စိုးရိမ်နေရသည်။
ကျေးရွာအတွင်းရှိ ရေမည်းလာပြီးနောက် ၄◌င်းစက်ရုံနှင့် (၃) မိုင်ခန့်ဝေးကွာသော ဒေသခံကျေးရွာပြည်သူများသည် မှီခိုအားထားငါးဖမ်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်နေသော ဒေါ်လာအင်းတွင်လည်း ၂၀၂၀ ခုနှစ် ဇူလိုင်လလယ်ပိုင်းတွင် ရေများစတင်မည်းလာသည်။ တွင်းရေများ မည်းလာခြင်းမှ စပြီး ရေထုညစ်ညမ်းမှုများကြောင့်ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်လာပြီး ၂၀၁၉ ခုနှစ်အောက်တိုဘာလတွင် ဘိလပ်မြေစက်ရုံအနီး ကျေးရွာအတွင်းနေထိုင်သော အမျိုးသမီးများသားပျက်သားလျှောခြင်း၊ ကလေးသူငယ်များတွင် အရေပြားယားယခြင်း၊ ငါးများသေဆုံးခြင်း၊ တရိစ္ဆာန်အချို့သေဆုံးခြင်း စသည့်ဆိုးကျိုးများစွာ ဖြစ်ပေါ်စေခဲ့ပါသည်။ ဒေသခံများ၏ မြေယာများ အတင်းအဓမ္မသိမ်းယူခံရခြင်း၊ ရွှေ့ပြောင်းခံရခြင်းနှင့် ရသင့်ရထိုက်သည့် ပမာဏထက်များစွာ လျော့နည်းသော လျော်ကြေးငွေပေးအပ်ခြင်းများကို ကြုံတွေ့ခဲ့ရပါသည်။
ထိုကြုံတွေ့မှုများကို ဖြေရှင်းရန်အတွက် ကရင်ပြည်နယ်အစိုးရသည် ဒေသအတွင်းပြဿနာများကို လတ်တလော ဖြေရှင်းနိုင်ရန်အတွက် အဝီစီတွင်းများ တူးဖော်ပေးခဲ့သော်လည်း ရေအရည်အသွေးဆန်းစစ်ချက်များကို တိကျစွာထုတ်ဖော်ပြောကြားခြင်းမရှိသည့်အတွက်ကြောင့် ဒေသခံများက ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် ၄◌င်းရေကို မသုံးစွဲရဲပါ။ ၂၀၂၀ ခုနှစ်အတွင်း နွေရာသီကာလအတွင်း ရေရှားသည့်ဒဏ်ခံရပြီး မိုးရာသီချိန်တွင် ကျေးရွာများမှ ရေတွင်းများ ရေအရောင်ပြန်လည်ပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။
စက်ရုံပိတ်သိမ်းပေးရန်အတွက် ဒေသခံပြည်သူလူထုများ အကြိမ်ကြိမ် စာတင်တောင်းဆိုခြင်း၊ ဆန္ဒပြခင်းနှင့် ဓလေ့ထုံတမ်းအရဆုတောင်းပွဲများပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ပြသခြင်းများပြုလုပ်ခဲ့သော်ဌားလည်း အရေးပေးဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ၂၀၂၀ ခုနှစ် အစောပိုင်းတွင် ဒေသခံဆန္ဒပြ ဦးဆောင်သူ စောသာဘိုးကိုလည်း ညအချိန်တွင် ရဲတပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးခြင်းနှင့် ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုုပ်ပြီး တရားစွဲဆိုခဲ့သည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့

ရခိုင်ပြည်နယ်သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသော ပြည်နယ်တခုဖြစ်ပြီး ရခိုင်ပြည်မှထွက်ရှိသော ဓါတ်ငွေ့ကိုနိုင်ငံခြားသို့ တင်ပို့ရောင်းချနေ သော်လည်းရခိုင်ပြည်သူဘဝမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ် ဖြစ်နေသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံ၏ အခြားစီမံကိန်းများကို ပြည်ထောင်စုအစိုးရမှ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုက်ရိုက်ပိုင်ဆိုင် ဆုံးဖြတ် စီမံအုပ်ချုပ်သောကြောင့် ပြည်သူများမှာ မိမိပိုင်သယံဇာတ အကျိုးခံစားခွင့်မရှိဘဲ ဆိုးကျိုးများသာ ခံစားနေကြရသည်။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတများကို ပြည်သူလူထုဆန္ဒမပါဘဲ နိုင်ငံတကာကုမ္မဏီများနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး တူးဖော်ထုတ်ယူနေကြသောကြောင့် ရခိုင်ပြည်သူများမှာ အကျိုးခံစားခွင့် မရရှိသည့်အပြင် လယ်ယာမြေများ မတရားအသိမ်းခံရခြင်း၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများဖျက်ဆီးခံရခြင်း၊ သစ်တောပြုန်းတီးမှုများ၊ ရေပေါ်ရေအောက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရခြင်းများ ဆိုးရွားစွာဖြစ်ပွားလျက်ရှိသည်။ စစ်တပ်နှင့် ဗဟိုအစိုးရက ဘဏ္ဍာငွေ အမြောက်အများရယူနေချိန်တွင် ဒေသခံလူထုများမှာ မည်သည့်အကျိုးမှ မခံစားရသည်ကို တွေ့ရသည်။
မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းသည် ထိုင်းနှင့်တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချရန်နှစ်ရှည်စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့်အနက် (၈၀)ရာခိုင်နှုန်းကို ပြင်ပသို့တင်ပို့ပြီး ကျန်ရှိနေသော (၂၀) ရာခိုင်နှုန်းကို ပြည်တွင်းတွင် ဖြန့်ဖြူးပေးသည်ဟု သိရသည်။ သဘာဝဓာတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံစီမံကိန်းမှ ထုတ်လုပ်နိုင်မည့် စုစုပေါင်းလျှပ်စစ်ဓါတ်အား (၇၈၀) မဂ္ဂါဝပ် တည်ဆောက်ရန်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖြစ်သည်ဟု သိရသည်။ Committee Representing Pyidaungsu Hluttaw CRPH အချက်အလက်အရ ပြည်ပသို့ သဘာဝဓါတ်ငွေ့ လစဉ်ရောင်းရငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၅၉၀ သန်းရရှိသည်။ တရုတ်ပြည်နှင့် ထိုင်းနိုင်ငံကို ဓါတ်ငွေ့တင်ပို့မှုသည် မြန်မာပြည်အတွက် အများဆုံးဝင်ငွေကို ရရှိစေသည်။ ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းမှ ကမ်းလွန်စီမံကိန်းများနှင့် ဆက်စပ်ပို ဆက်စပ်ပိုက်လိုင်း ကုမ္မဏီများသည် ပြင်သစ်မှ Total စီမံသည့် (Yadanar)၊ မလေးရှားမှ Petronas (Yetagun)၊ ထိုင်းနိုင်ငံမှ PTTEP (Zawtika)၊ POSCO မှ တောင်ကိုရီးယား (Shwe) နှင့် တရုတ်မှ CNPC China(ရွှေပိုက်လိုင်းများ) ဖြစ်သည်။ MOGE သည် နိုင်ငံခြားကုမ္မဏီများနှင့် စာချုပ်များချုပ်ဆိုရန် ခွင့်ပြုထားသည့် တစ်ခုတည်းသော ကုမ္မဏီဖြစ်သည်။
မြန်မာအစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်းမှရရှိသည့် ဝင်ငွေများအပြင်အခြားသတ္တုတွင်းများ ပါဝင်သည့် စီမံကိန်းများသည် မြန်မာနိုင်ငံမှ တရားဝင်တင်ပို့သော ဝင်ငွေ ၃၅% ရှိသည်။ OHCHR: အချက်အလက်အရ နိုင်ငံခြားကုမ္မစီ ၁၄ခု ဖက်စပ်မှုရှိပြီး၊ နိုင်ငံခြား သတ္တုတူးဖော်ရေး ကုမ္မဏီများတွင် တရုတ်နှင့် ဖက်စပ်သည့် မြန်မာဝမ်ပေါင်ပါဝင်သည့်အပြင်အနည်းဆုံး နိုင်ငံခြားကုမ္မဏီ ၄၄ ခုမှာ တပ်မတော်နှင့် ဆက်စပ်သောအခြားစီးပွားရေး ပုံစံများလည်းရှိသည်။ စစ်တပ်မှရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိလာသော အကျိုးမြတ်ဝင်ငွေများကို အသုံးပြုပြီး လက်နက်ပစ္စည်းများ ဝယ်ယူကာ ပြည်တွင်းစစ်ဖန်တီးပြီး ပြည်သူများကို သတ်ဖြတ်နေသည့် သဘောမျိုးဖြစ်တည်နေသည်။
မြန်မာနိုင်ငံအစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချမှုအပေါ် ဝင်ငွေများစွာ ရရှိသော်လည်း ပွင့်လင်းမြင်သာမှုမရှိခြင်း၊ စီမံခန့်ခွဲမှုအားနည်း နေသေးသည်ကိုတွေ့ရသည်။ ထို့အပြင် ရေနံနှင့် သဘာဝဓါတ်ငွေ့အမြောက်အများ ထုတ်ယူနိုင်သောနိုင်ငံ ဖြစ်နေသော်လည်း ကျေးလက်ဒေသပေါင်းများစွာ ယခုချိန်ထိ မီးမရရှိသေးပါ။
ရှမ်းပြည်နယ်အရှေ့ပိုင်းတာလေရွှေတူးဖော်ခြင်း
စစ်တပ်အာဏာ မသိမ်းခင်နှင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့နယ်၊ နားဟိုင်းလုံကျေးရွာတွင် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကို ခရိုနီကုမ္မဏီများ၊ ပြည်သူစစ်အဖွဲ့အစည်းနှင့် စစ်တပ်မှ စိတ်ကြိုက်တူးဖော်လာခဲ့သည်။ ၄◌င်းစီမံကိန်းသည် ၂၀၀၇ မှ စတင်လုပ်ဆောင်လာခဲ့ပြီး ယခုအချိန်ထိပင်ဖြစ်သည်။ စစ်တပ်အာဏာ သိမ်းပြီးနောက် ဌာနဆိုင်ရာများလည်း တရားဝင်လာရောက်စစ်ဆေးမှုမပြုလုပ်သည့်အပြင် အချို့သော စစ်တပ်အာဏာရှိသူများ ရှယ်ယာဝင်ထားသော ကုမ္မဏီအများစုသည် လုပ်ငန်းကိုပေါ်ပေါ်လွင်လွင် ပိုမိုတိုးချဲ့လုပ်ကိုင်တူးဖော်လာကြသည်။ တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းခွင်အချို့ကို တရုတ်ကုမ္မဏီများအား ရောင်းချလုပ်ကိုင် ခိုင်းမှုများ ရှိလာသည့်အပြင်၊ လုပ်ငန်းခွင် အချို့ကို တရုတ်ကုမ္မဏီများအား ရောင်းချလုပ်ကိုင် ခိုင်းမှုများ ရှိလာသည့်အပြင် ရွှေတူးဖော်ခြင်း လုပ်ကိုင်လာသည့် ကုမ္မဏီသစ်များစွာ ဝင်ရောက်တူးဖော်လာနေသည်ကို တွေ့ရသည်။
ရွှေတူးဖော်ရာ စွန့်ပစ်ပစ္စည်းများ ဓာတုပစ္စည်းများနှင့် နှုန်းသဲများသည် နမ့်ခမ်းချောင်းမှ ရပ်ရွာများနှင့် လယ်ယာဥယာဉ်ခြံများထဲသို့ အရင်ဧကရာဂဏန်းမျှသာ ရေမြှုပ်ပြီး ယခုအချိန်တွင် ထောင်ဂဏန်းဖြင့် ဆုံးရှုံးမှုများရှိလာခြင်း၊ သဲနှုန်းများက ယခုနှစ်တွင် နမ့်လင်းမြစ်ရေထဲ စီးဝင်ပြီးကြောင့် မြစ်ရေမြင့်တက်လာပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအချို့ စိုက်ပျိုးလို့မရခြင်း၊ မကြာခင် ရွာများရွှေ့ပြောင်းရမည့် အလားအလာများခြင်း ဖြစ်ပေါ်နေသည်။ ရွှေတွင်းများမှ စွန့်ပစ်ရေများသည် ဒေသခံများ၏ နေအိမ်များထဲသို့ ဝင်ရောက်လာသည့်အတွက် ပြည်သူများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ကြုံတွေ့ခံစားနေရပါသည်။
ထို့ပြင် ဖွိ့ဖြိုးရေးစီမံကိန်းအမည်တပ်ပြီး ရွှေလုပ်ကွက်များကို ဧကသိန်းချီကို ဆက်လက်ပါပေးနေပါသည်။ ၎င်းကိုကြည့်ရှုခြင်းအားဖြင့် ပြည်သူများသည် ရေဘေးဒဏ်ကြောင့် အစားအသောက် ချက်ပြုတ်ရာတွင်လည်းကောင်း၊ လုံခြုံရေး၊ လူမှုရေးးနှင့် ကျန်းမာရေးတွင်လည်းကောင်း အဆင်မပြေမှုများစွာဖြင့် ရင်ဆိုင်နေရပါသည်။ ဒေသခံများသည် စီမံကိန်းကို ရပ်တန့်ပေးရန် တောင်းဆိုမှုများရှိနေသော်လည်း ရပ်တန့်ထားခြင်းမရှိသည့်အပြင် ဆက်လက်လုပ်ကိုင်ခွင့် ပေးနေခြင်းသည် ဒေသခံပြည်သူများအတွက်ဘေးအန္တာရာယ်တွင်းသို့ ရည်ရွယ်ချက်ရှိစွာဖြင့် တွန်းပို့ရာရောက်ပါသည်။
Pho
နှစ်ပေါင်းများစွာအကြာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူဘော်တွင်းတွင် လုပ်ဆောင်ခဲ့သော နမ္မတူဘော်တွင်း စီမံကိန်းကြီး၏ ရှယ်ယာ ၅၁% ပိုင်ဆိုင်ထားသော ဩစတြေးလျအခြေစိုက် မြန်မာမက်တယ် Myanmar metals ကုမ္မဏီသည် ၎င်း၏ရှယ်ယာကို ရောင်းချပြီး မြန်မာနိုင်ငံမှ နောက်ဆုတ်ထွက်ခွာမည်ဟု သိရသည်။ ၎င်းစီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းတွင်တည်ရှိသည်။ နမ္မတူမြို့နယ်သည် ဗမာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား စစ်ပူပြင်ဇုံဖြစ်နေသည်ကို မကြာခဏ ထုတ်ဖော်ပြောပြခဲ့သည်။ စစ်ကောင်စီအာဏာသိမ်းပြီးကာလအတွင်းတွင် နမ္မတူမြို့နယ်တွင်စစ်ပွဲများ ပိုမိုပြင်းထန်လာပြီး ဒေသခံနေအိမ် တစ်ရာကျော် မီးရှို့ခံရပြီး ရွာသူရွာသားများ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
၁၉၀၀ခုနှစ် အစောပိုင်းနှင့် ဒုတိယကမ္ဘာစစ်မတိုင်ခင် ဘော်တွင်းသတ္တုတွင်းသည် ကမ္ဘာ့ထိပ်တန်းငွေသတ္တုနှင့် သွပ်သတ္တုများထုတ်လုပ်ခဲ့ပါသည်။ ၁၉၂၀ နှင့် ၁၉၃၀ ခုနှစ် ဗြိတိန်နိုင်ငံအင်ပါယာ၏ အချမ်းသာဆုံးမိုင်းလုပ်ငန်းဖြစ်ပြီး ယနေ့ခေတ်ကာလ နှိုင်းယဉ်ကြည့်ပါက အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ ညီမျှပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ယိုယွင်းလာသည့်အခြေအနေများ၊ မတည်ငြိမ်မှုများကြောင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဘော်တွင်း ပရောဂျက်ကို ဆက်လက်လုပ်ဆောင်ရန် အခက်အခဲတွေ့ရသည်ဟု သိရသည်။ ပရောဂျက်အတွင်း ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ရန် သဘောတူထားမှုများမှ စစ်တပ်အာဏာသိမ်းပြီးနောက် ငွေထုတ်ပေးခြင်း မရှိသည့်အပြင် စိတ်ပြောင်းလဲသွားသည်ဟု ဆိုထားသည်။ ကုမ္ပဏီ၏ရှယ်ယာကို ပတ်နာကုမ္ပဏီဖြစသော Win Myint Mo Industries Co.Ltd ထံသဘောတူရောင်းချခဲ့သည်။ ဘော်တွင်းသတ္တုတူးဖော်ရေး ပရောဂျက်သည် ငွေသတ္တု၊ ခဲနှင့်သွပ် တို့ထွက်ရှိသည်။
ဝင်းမြင့်မိုကုမ္ပဏီသည် အေးရှားဝေါးကုမ္ပဏီခွဲတခုဖြစ်သည်။ အေးရှားဝါးသည် မြန်မာနိုင်ငံ ကုမ္ပဏီတစ်ခုဖြစ်ပြီး ရေလမ်းကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းမျာနှင့် စိုက်ပျိုးရေး လုပ်ငန်းများကို သိသာထင်ရှားစွာ လုပ်ကိုင်သော ကုမ္ပဏီဖြစ်သည်။ အေးရှားဝေါးကုမ္ပဏီနှင့် ၎င်း၏ကုမ္ပဏီခွဲများကို မြန်မာနိုင်ငံသား ထွန်းမြင့်နိုင် (ခေါ်) Stephen Law ကပိုင်ဆိုင်သည်။ ၂၀၁၆ ခုနှစ်တွင် ၎င်း၏သမိုင်းကြောင်းများနှင့် အာဏာသိမ်းတပ်မတော်ဆက်နွယ်မှုများကြောင့် အမေရိကန်နိုင်ငံမှ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားပါသည်။ အေးရှားဝေါး ကျူးလွန်မှုများ ဆက်ဖတ်ရန်
https://www.reuters.com/article/us-myanmar-usa-sanctions-idUSKCN0Y92RK
ထိုဖြစ်ပျက်မှုများအပေါ် ဒေသခံပြည်သူများသည် ယခင်နှင့်ယခုလက်ရှိတူးဖော်မှုအပေါ် ဆိုးကျိုးများစွာခံစားရပြီး အကယ်၍ တရုတ်ကုမ္ပဏီများကို ရောင်းချပေးမည်ဆိုပါက ဘော်တွင်းသတ္တုတူးဖော်ရာမှ အခြားသတ္တုများ ဆက်လက်ရှာဖွေတိုးချဲ့တူးဖော်လာနိုင်မည်ကို စိုးရိမ်နေကြသည်။ ထိုမှတဆင့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတနှင့် တွင်းထွက်ပစ္စည်းများအားလုံး တရုတ်ကြီး၏လက်ဝါးကြီး လွမ်းမိုးချုပ်ကိုင်မှုတွင် ကျရောက်သွားမည်ကို မလိုလားသောကြောင့်ဖြစ်သည်။
ကမ္ဘာ့နေရာအသီးသီးမှ သတ္တုတွင်းများ
ကမ္ဘာ့နေရာဒေသအသီးသီးမှ မီးမောင်းထိုးပြသော အသံများအရ သတ္တုတူးဖော်မှုများနှင့်ဆက်စပ်ပြီး ပြင်းထန်စွာထိခိုက်နေသော ဆိုးကြိုးများသည် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော ကိစ္စရပ်မဟုတ်ပေ။ သတ္တုတွင်းများမှ ဖြစ်ပေါ်စေခဲ့သောရေထုညစ်ညမ်းမှုများ၊ မြေယာများ ပျက်စီးစေခြင်း၊ အရေးပါလှသော ဒေသခံများ၏ ဓလေ့ထုံတမ်းများ ယုံကြည်ကိုးကွယ်ရာနေရာများနှင့် ဒေသခံအခွင့်အရေးများချိုးဖောက်ခြင်းခံရသော အမေရိကန်၊ ယူရို၊ အာဖရိဂ၊ အာရှနိုင်ငံများနှင့် ဩစတေးလျနိုင်ငံမှ ဒေသခံပြည်သူလူထုများက ၎င်းသတ္တုတွင်းလုပ်ငန်းများကို ဆန့်ကျင်ကန့်ကွက်ကြောင်းကို ထုတ်ဖော်ပြောလာကြသည်။
၂၀၂၀ ခုနှစ် ကမ္ဘာ့လေ့လာမှုတခုအရ ကမ္ဘာ့ဒေသအသီးသီးမှ သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်သည့် ပဠိပက္ခဆန်းစစ်ရာတွင် သဘာဝပတ်ဝန်းကျင်အငြင်းပွားမှုနှင့် ခုခံကာကွယ်သူများ၏ သာဓကပေါင်း ၂၇၄၃ခုသည် လူအများနှင့် သက်ဆိုင်သည့် သတ္တုတူးဖော်ခြင်းနှင့် မြေယာလုယက်မှုများကြေင့်ဖြစ်သည်။ လေ့လာမှု တွေ့ရှိချက်အရ အမေရိကန် ကုမ္ပဏီများသည် သဘာဝပတ်ဝန်းကျင်ပဠိပက္ခဖြစ်ပွားရာတွင် ပါဝင်ပတ်သက်မှု အများဆုံးဖြစ်နိုင်ပြီး နောက်ဆက်လိုက်လာဒါကတော့ ကနေတာနိုင်ငံ ကုမ္ပဏီများဖြစ်သည်။
သန့်ရှင်းသည့် သတ္တုတူးဖော်ခြင်းမရှိပါ
ရာသီဥတုအပြောင်းလဲကြောင့် ဖြစ်ပေါ်နေသော လူအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ခြိမ်းခြောက်မှုတုန့်ပြန်ရန်အတွက် အချို့သောကုမ္ပဏီများသည် သန့်ရှင်းသည့် သတ္တုတူးဖော်ခြင်းဆိုပြီး မိတ်ဆက်လာသည်။ ၎င်းကုမ္ပဏီများသည် ခေတ်သစ် technologies ကိုအသုံးပြုပြီဂ ထိခိုက်ပျက်စီးမှုများ လျော့ချနိုင်ရန်နှင့် သတ္တုတူးဖော်ရာတွင် သန့်ရှင်းသည့် သတ္တုတူးဖော်ခြင်း၏ အသုံးပြုသည့်ပစ္စည်းများကို မီးမောင်းထိုးပြပြီး lithium နှင့် manages များကို အသုံးပြုသည်ဟုဆိုသည်။
မည်သည့်နည်းပညာဖြစ်စေကာမှု သတ္တုတူးဖော်ခြင်းကို ညစ်ညမ်းမှုမဖြစ်အောင် သတ္တုတူးဖော်ခြင်းဆိုတာမဖြစ်နိုင်ပါ။ သတ္တုအမျိုးအစားအများစုသည် ညစ်ညမ်းမှုဖြစ်ပေါ်စေခဲ့သည့် အကြောင်းအရင်းကတော့ မြေအောက်မှာရှိသည့် ကျောက်တုံးကျောက်ခဲများကိုမြေပေါ် လေပေါ် သို့မဟုတ် ရေထဲတွင် ရောက်အောင်ယူဆောင်လာပြီဆိုတာနဲ့ ညစ်ညမ်းမှု ဖြစ်ပေါ်စေပါသည်။ ၎င်းကျောက်တုံးကျောက်ခဲများ ကြေမွသွားသည့်အခါ sulfuric အက်စစ်ကို ဖြစ်ပေါ်စေပါသည်။ ၎င်းအက်စစ်များက ကျောက်တုံးကျောက်ခဲများကို ကြေမွစေခဲပြိးမြေကြီးနှင့်ရေထဲတွင် ပြင်းထန်သည့် သတ္တုအရည်များ စီးဝင်လာတော့သည်။ ထိုကြောင့် အပင်များ၊ တိရိစ္ဆာန်များ အသက်အန္တရာယ်နှင့် လူတို့၏ကျန်းမားရေးအတွက် နှစ်ပေါင်းရာချီ အကျိုးသက်ရောက်မှုရှိလာပါသည်။ မည်သည့်နည်းပညာမှ ဤဖြစ်စဉ်များကို မတားဆီးနိုင်ပါ။ ထိခိုက်မှုများနှင့် ဆိုးကျိုးများလျော့ချနိုင်ပြီးဆိုသည့် ၎င်းတို့၏ သုသေတနကာလအတွင်းတွင် အမှန်စင်စစ်လက်တွေ့ တွေ့နေရသည်မှာ ထိုသတ္တုအစိုင်အခဲများကိုညစ်ထုတ်ယူပြီဆိုတာနဲ့ ညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေပါတော့သည်။
သတ္တုညစ်ညမ်းမှုသည် သဘာဝအတိုင်းအလိုလျှောက်ဖြစ်ပေါ်စေခြင်းတခုတည်းတာ မဟုတ်ပဲ သတ္တုသန့်စဉ်ရာတွင် ဥပမာ ရွှေတူးဖော်ရာမှ အသုံးပြုသည့် Chemical များဖြစ်သော mercury သို့မဟုတ် arsenic မှ လည်းညစ်ညမ်းမှုဖြစ်ပေါ်စေသည်။ ညစ်ညမ်းမှုသည် သန့်စဉ်ထုတ်လုပ်သည့် မီးခိုးခေါင်းတိုင်များမှသော်၎င်း စက်ရုံများနှင့် သတ္တုတူးဖော်သည့် စက်ယန္တရားများကြောင့် ဖြစ်ပေါ်စေခဲ့သော ဖုန်မှုန့်များနှင့် ပြာမှုန်များမှလည်း ဖြစ်ပေါ်စေပါသည်။ ၎င်းညစ်ညမ်းမှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေး ထိခိုက်မှုများကို လူမျိုးဆက်များစွာ ထိခိုက်စေနိုင်ပါသည်။
ဘယ်သူက သတ္တုတူးဖော်ခြင်း အကျိုးအမြတ်ရရှိပါသလဲ
နိုင်ငံအတော်များများတွင် သတ္တုလုပ်ငန်းမှ အကျိုးအမြတ်များကို မလွဲမသွေ ဦးတည်ပြီး အယောက်စီတိုင်းထံ ခံစားရရှိစေရန်အတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းအသစ်များ ပြဌာန်းသော်ဌားလည်း အထငိကရမရှိခဲပေ။ အားကောင်းသော တရားဝင်ဘောင်နှင့် အားကောင်း သောအုပ်ချုပ်ရေး အာဏာခွဲဝေမှုစနစ် ကျင့်သုံးနေပြီးသော နိုင်ငံများတောင် သတ္တုလုပ်ငန်းများမှ အကျိုးအမြတ်ခွဲဝေသည့် အပိုင်းတွင် ပြဿနာများစွာရင်ဆိုင်ကြုံတွေ့နေရပါသည်။
ကုမ္ပဏီတော်တော်များများသည် အခွန်ရှောင်ရန်အတွက် အလွန်ရှုပ်ထွေးလှသော ငွေကြေးအသုံးပြုသည့် နည်းလမ်းများကို အသုံးပြုလျှက်ရှိသည်။ ဒါကိုတော့ ဘဏ်လွဲငွေ အခကြေးခေါ်ဆိုပြီး အစုရှယ်ယာများနိုင်ငံအသီးသီးမှဖြစ်စေ နိုင်ငံအတွင်း ကုမ္ပဏီများဖြစ်စေ ၎င်းတို့၏ သတ္တုလုပ်ငန်းကို အခြားနိုင်ငံကုမ္ပဏီခွဲများထံ ဈေးနှုန်းချိုသာစွာဖြင့် အရောင်းအဝယ် ပြုလုပ်လေ့ရှိပြီး ၎င်းတို့၏ အစီရင်ခံစာများတွင် အကျိုးအမြတ်မရှိသလောက်ပါဟု ဆိုကြသည်။ ကုမ္ပဏီများ၏ ဖွဲ့စည်းတည်ဆောက်ပုံများကို အလွန်ရှုပ်ထွေးအောင် ပိုမိုဖွဲ့စည်းတည်ဆောက်လာပြီး ကုမ္ပဏီခွဲများနှင့် လကအောက်ခံကုမ္ပဏီများကို အခွန်ဆောင်ရန်မလိုသော နိုင်ငံအသီးသီးတွင် ထားရှိပြီး ၎င်းတို့၏သတ္တုလုပ်ငန်းအကျိုးအမြတ်များကို မလွဲမသွေခွဲဝေမှုပြုလုပ်ရန်အတွက် သိသာထင်ရှားစွာ စိန်ခေါ်မှုများ ဖြစ်စေသည်။
ဥပမာ BHP Billiton, ဩစတေးလျနိုင်ငံ သတ္တုကုမ္ပဏီကြီးတခုသည် ဩစတေးလျနိုင်ငံ သတ္တုတွင်းမှ ၎င်းတို့၏ကုမ္ပဏီခွဲဖြစ်သော စင်ကာပူအခြေစိုက်ထံဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းရာချီအခွန်မပေးဆောင်သောကြောင့် ဩစတေးလျအစိုးရမှ နှစ်ပေါင်းများစွာ တရားစွဲခဲ့သည်။ နောက်ဥပမာတခုတွင် ကနေဒါ နိုင်ငံသားပို First Majestic ငွေသတ္တုကုမ္ပဏီသည် မက်စီကိုနိုင်ငံထံ ဒေါ်လာသန်းပေါင်း ၅၀၀ အခွန်ပေးဆောင်ရန်ကျန်ရှိနေသည်ဟု မက်စီကိုနိုင်ငံမှ တွက်ဆခဲ့ပြီး မက်စီကိုအစိုးရနှင့် ကာလကြရှည်စွာ အငြင်းပွားမှုဖြစ်နေသည်။ လက်ရှိတွင် ၎င်းကိစ္စကို တုန့်ပြန်ရန်အတွက် မက်စီကိုအစိုးရကို North American Free Trade Agreement စာချုပ်အရ တရားဝင် တရားစွဲထားသည်။
အသက်ရှင်နေထိုင်ရန်ဖြစ်ပြီး သတ္တုတူးဖော်ရန် မဟုတ်ပါ
ကမ္ဘာ့နေရာဒေသအသီးသီးတွင် သတ္တုတူးဖော်မှု အဆုံးသတ်ရန်အတွက် တောင်းဆိုမှုများ ပိုမိုတိုးများလာသည်။ El Salvador နိုင်ငံသည် သတ္တုတူးဖော်ခြင်းကို လုံးဝပိတ်ပင်တားဖြစ်ထားသည်။ သဘာဝသံယံဇတထုတ်ယူခြင်းနှင့် အမှီအခိုမှုများ လျော့ချရန်နှင့် ရေရှည်တည်တန့်ခိုင်မြဲသည့် ဖွံ့ဖြိုးရေးများကို ဦးစားပေးလုပ်ဆောင်မှသာလျှင် ကမ္ဘာ့ပေါ်ရှိသက်ရှိများ ဆက်လက်အသက်ရှင်နိုင်မည်ဖြစ်သည်။
ကာလတို အကြံပြုချက်
ဒေသခံလူထုအပေါ် နစ်နာစေခဲ့သည့် စစ်တပ်၊ ကိုလိုနီနှင့် ပတ်သက်သော သတ္တုတူးဖော်မှုများအား ဆိုင်းငံ့ထားရန် တရားဝင်ကြေငြာခြင်း။
တရားမဝင် သတ္တုတူးဖော်မှုများအားလုံး ရပ်တန့်ရန် ကြေငြာခြင်း။
သတ္တုတူးဖော်ရေး စာချုပ်စာတမ်းအသစ်များအားလုံးကို ရပ်တန့်ရန်ကြေငြာခြင်း။
ရေရှည်/ကာလရှည် အကြံပြုချက်များ
ဗဟိုချုပ်ကိုင်မှုနှင့် စစ်တပ်အာဏာသုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီ စန်စ အခြေခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ပြန်လည်ရေးဆွဲခြင်း သို့မဟုတ် အစားထိုးပေးခြင်း။
- သဘာဝသယံဇာတများအပေါ်ပိုင်ဆိုင်မှုများနှင့် စီမံခန့်ခွဲပိုင်ခွင့်များ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ရှင်းလင်းသိသာသည့် အာဏာခွဲဝေထားသည့်ဖက်ဒရယ်စနစ်။
- တပ်မတော်သည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝထားရှိရန်။
2https://www.rcinet.ca/en/2020/07/06/environmental-activists-face-high-risk-of-violence-and-assassination-study/
3 https://resourcegovernance.org/sites/default/files/documents/nrgi_primer_transfer-pricing.pdf
4 https://www.reuters.com/article/us-australia-bhp-court/australias-top-court-rejects-bhp-appeal-over-tax-ruling-idUSKBN20X3BL
5https://www.reuters.com/article/mexico-tax-first-majestic/update-1-first-majestic-to-fight-mexico-tax-dispute-internationally-unless-deal-reached-idUSL1N2K81T9
6https://news.climate.columbia.edu/2017/05/02/does-el-salvadors-metal-mining-ban-suggest-a-global-trend/
Myanmar Mining Watch Network members
- Network for Chin community Development (NCCD)
- Shan State Farmer Network (SSFN)
- Shan Sapawa
- Kuki Women’s Human Rights Organization (KWHRO)
- Arakan Oil Watch (AOW)
- MungchyingRawtJat (MRJ)
- Kachin Development Network Group (KDNG)
- Pyartaung Area Social Development Association (PASDA)
- Ta’ang Students and Youth Union (TSYU)
- Molo Women Mining Watch Network (MWMWN)
- Lahu Development Network (LDN)
- KayahEarthrights Action Network (KEAN)
- Kuki Student’s Democratic Front (KSDF)
- Karen River Watch Network (KRWN)
မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ယက်သည် မိုင်းတွင်းများရှိရာဒေသမှ လူ့အဖွဲ့အစည်းများကို အခြေခံပြီး ပေါင်းစီးဖွဲ့စည်းထားပါသည်။
www.mmwnetwork.org
၂၀၂၁ ဒီဇင်ဘာလတွင် ထုတ်ဝေသည်။