ကွန်ယက်များအကြောင်း

ရည်ရွယ်ချက်
သဘာဝဓါတ်သတ္တုများ ထုတ်ယူသုံးစွဲရာတွင် လူအခွင့်အရေးနှင့်အညီ ဌာနေတိုင်းရင်းသားတို့၏ သဘာဝပတ် ဝန်းကျင်နှင့် ရိုးရာဓလေ့ထုံးတမ်းများကို လေးစားတန်ဖိုးထား၍ ဒေသခံများမှ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင် ခွင့်၊ အကျိုးအမြတ်ခံစားပိုင်ခွင့်နှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး နောင်လာနောင်သားအထိ လက်ဆင့်ကမ်းနိုင်ရ မည်။
ရေတို – အကြံပြုချက်

  1. စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံနိုင်သည့် နိုင်ငံရေး သဘောတူညီချက် မရရှိသေး သ၍ ဓါတ်သတ္တုတူးဖော်ခြင်း ကိစ္စရပ်များအားရပ်ထားရမည်။
  2. ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်သေးသ၍ ဓါတ်သတ္တုတူးဖော်ရေးစီမံကိန်းနှင့် သက်ဆိုင်သောရင်းနှီးမြှုပ်နှံမှု များအားရပ်တန့်ထားရမည်။
  3. လက်နက်ကိုင်ပဋိပက္ခအပါအဝင် အခြားသောပဋိပက္ခဖြစ်ပွားနေသည့် ဒေသများအတွင်း ဌာနေတိုင်းရင်သားများ၏ သဘောတူညီမှု မရရှိပဲ မည်သည့်စီမံကိန်းကို မဆို အစိုးရမှ ဆောင်ရွက်ခွင့် မပြုရ။
  4. ဓါတ်သတ္တုထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်၍နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းသတ်မှတ်ထားသော FPIC (Free Prior Informed Consent) အတိုင်းကျင့်သုံးရန်နှင့် ဒေသခံမှ ပြုစုထားသော ESIA (Environmental and Social Impact Assessment) အားအသိအမှတ်ပြုလိုက်နာရမည်။
  5. ဒေသခံပြည်သူလူထုများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် ရိုးရာအမွေအနှစ်များကို ဆုံးရှုံပျက်စီး ပျောက်ကွယ်စေမည့် မည်သည့်ဓါတ်သတ္တုတွင်းစီမံကိန်းမျိုးကိုမျှ လုပ်ဆောင်ခွင့်
    မပေးရန်။
  6. ဓါတ်သတ္တုစီမံကိန်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများနှင့် အသက်ဆုံးရှုံးသွားသော ပြည်သူလူထုများ အတွက် တရားမျှတပြီး ထိရောက်စွာ ဖြေရှင်းပေးရမည်။
  7. ဓါတ်သတ္တု စီမံကိန်းကြောင့် ဆုံးရှုံးသွားသော မြေယာ၊ အိုးအိမ်များအတွက် ဘဝအာမခံချက်ရှိသော တန်ဖိုးအတိုင်း ပေးလျှော်ရမည့်အပြင်၊ ပြောင်းရွှေ့ခံရသောသူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း နှင့် ပညာရေး၊ ကျန်းမာရေးအတွက် သက်ဆိုင်ရာကုမ္ပဏီ – အစုရှယ်ယာကုမ္ပဏီများမှ အပြည့်အ၀ (တာဝန်ယူ)စီစဉ်ပေးရမည်။

ရေရှည် – အကြံပြုချက်

  1. သတ္တုတွင်းဥပဒေအသစ်ရေးဆွဲရာတွင် တတ်သိ ပညာရှင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ CSOအဖွဲ့အစည်းများ၊ ဒေသခံများနှင့် ပြန်လည်ရေးဆွဲရမည်။
  2. ဓါတ်သတ္တုစီမံကိန်း လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ဆုံးဖြတ်ချက် အခန်းကဏ္ဍအဆင့်ဆင့် တွင်ဒေသခံပြည်သူလူထုများ ပါဝင်ရမည်။
  3. ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် ပြည်နယ်အစိုးရမှ ဓါတ်သတ္တုတူးဖော်ခြင်း စီမံကိန်းများကို စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် အကျိုးအမြတ်ခံစားပိုင်ခွင့် ရှိရမည်။
  4. ဒေသအသီးသီးအတွင်း လက်ရှိတူးဖော်နေသော ဓါတ်သတ္တု တူးဖော်ရေးစီမံကိန်းများအတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး စီမံကိန်းများကို စုံစမ်းစစ်ဆေးသွားရမည်။
  5. ဓါတ်သတ္တု စီမံကိန်းကြောင့် ဆုံးရှုံးသွားသော မြေယာ၊ အိုးအိမ်များအတွက် ဘဝအာမခံချက်ရှိသော တန်ဖိုးအတိုင်း ပေးလျှော်ရမည့်အပြင်၊ ပြောင်းရွှေ့ခံရသောသူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း နှင့် ပညာရေး၊ ကျန်းမာရေးအတွက် သက်ဆိုင်ရာကုမ္ပဏီ – အစုရှယ်ယာကုမ္ပဏီများနှင့် အစိုးရမှ အပြည့်အ၀ (တာဝန်ယူ)စီစဉ်ပေးရမည်။