စစ်တပ်မိသားစုကုမ္ပဏီများကို သတ္တုတူးဖော်ရေးလိုင်စင်တွေ ပေးနေ

Posted by: | Posted on: August 11, 2022

Sapphire Star ကုမ္ပဏီတွေဟာ တွင်းထွက်ပစ္စည်းများ ရှာဖွေတူးဖော်တာ၊ အမြတ်ထုတ်တာ နဲ့ ဈေး ကွက်တင်ရောင်းချတာတွေမှာ ပါဝင်ကြပါတယ်။စစ်တပ်ကျောထောက်နောက်ခံ ကြံခိုင်ရေးပါတီဦးဆောင်အစိုးရလက်ထက်မှာ Star Sapphire Company Limited ဟာ လက်နက်ကိုင်ပဋိပက္ခတွေ ကာလရှည်ဖြစ်ပွါးနေတဲ့ လူမျိုုးစုဒေသတစ်ခု ဖြစ်တဲ့ တင်္နသာရီမြစ်ဝှမ်းဒေသမှာ သံဖြူ နဲ့ မျောကျောက်ရှာဖွေတူးဖော်ရေးစီမံကိန်းတွေအတွက် လုပ်ငန်းလိုင်စင်တွေ ရခဲ့ပါတယ်။ ဒီဒေသတွေက သစ်တောတွေဟာ ကျား၊ ဝက်ဝံ၊ ကျားသစ်နှင့် ကြံသူ တော်တွေအပါအဝင် ကမ္ဘာတဝန်း မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်တွေ နေထိုင်ရာနေရာတွေ ဖြစ်ပါတယ်။လက်ရှိ ထိုင်းလွှတ်တော်အမတ်ဖြစ်နေသူ၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင် Upakit Pachariyangkun က Dawei Feldspar Mining Company Limited ကို ၂၀၁၀ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ခဲ့တာဟာ ဒေါက်တာထွန်းမင်းလတ်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ အကျိုးအမြတ်တွေ ရှာဖို့ ဖြစ်နိုင်ပါတယ်။

Star Sapphire အုပ်စုရဲ့ နောက်ထပ်စီးပွါးရေးလုပ်ငန်းတခုဖြစ်တဲ့ Tha Byu Mining Company Limited ဟာ ယခင်စစ်အစိုးရလက်ထက်၊ ၂၀၀၁ ခုနှစ်မှာ မြေဧက ၄,၀၀၀ နီးပါးရှိတဲ့ မြေဧရိယာမှာ ထုတ်ကုန်မျှပေးရတဲ့ ခနောက်စိမ်း အကြီးစားထုတ်လုပ်ရေးရှယ်ယာလိုင်စင်ရခဲ့ပါတယ်။ဒီလုပ်ငန်းလိုင်စင်ကို စစ်တပ်ထိန်းချုပ်ထားတဲ့ အမှတ် (၃) သတ္တုတွင်းလုပ်ငန်း (လက်ရှိ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနဲ့ ပေါင်းထား) က ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံ ခနောက်စိမ်းတူးဖော်ရေးအကြောင်း အစီရင်ခံစာတစ်စောင်အရ Star Sapphire ဟာ ထိုင်းကုမ္ပဏီ SAMCON Company Limited နဲ့ အတူ သတ္တုတွင်းလုပ်ငန်းကို ပူးတွဲလုပ်ကိုင်ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြိုဟာ ကရင်နှင့် မွန်လူမျိုးစုတွေရဲ့ ဒေသဖြစ်ပြီး၊ ဒီဒေသမှာ မြန်မာစစ်တပ်က ကြီးလေးတဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ ထုတ်လုပ်ရေးကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့ပြီး၊ စစ်အစိုးရက မြန်မာနိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့အချိန်မှာ စစ်အစိုးရအတွက် ဘဏ္ဌာငွေတွေ ရှာပေးခဲ့တာ ဖြစ်ပါတယ်။၂၀၀၆ ခုနှစ် သတင်းတစ်ပုဒ်အရ Tha Byu Mining ဟာ ထိုင်းစီးပွါးရေးလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှပ်နှံ မှုနဲ့ ဘုရားသုံးဆူမြို့နယ်မှာ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ သံဖြူ နဲ့ ခနောက်စိမ်းထုတ်လုပ်မှုစက်ရုံ တစ်ရုံကိုလည်း တည်ထောင်ခဲ့ပါတယ်။စစ်အစိုးရဒေသအာဏာပိုင်တွေက ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေတဲ့အတွက်ကြောင့် ယင်းစက်ရုံကို ပိတ်သိမ်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

လက်ရှိကာလ သတ္တုတူးဖော်ရေးလိုင်စင်တွေ ပွင့်လင်းမြင်သာမှုကင်းမဲ့လျက်ရှိနေတဲ့ အခြေအနေမှာ Star Sapphire အနေနဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း သတ္တုတူးဖော်မှုတွေ ဆက်လုပ်နေပြီး၊ အကြမ်းဖက် စစ်တပ်အတွက် ဝင်ငွေခွန်တွေ ရှာဖွေဖန်တီးပေးနေဖို့ ဖြစ်နိုင်ခြေအလွန်များပါတယ်။ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းကို မကြာသေးခင်ကပဲ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။ဒေါက်တာထွန်းမင်းလတ်ဟာ Tha Byu Mining နဲ့ သူ့ရဲ့ကုမ္ပဏီခွဲ Star Sapphire Dragon Company Limited တို့ရဲ့ ထိန်းချုပ်ရှယ်ယာရှင် ဖြစ်ပါတယ်။ Tha Byu Mining ကုမ္ပဏီ ကို Myanmar UPA ကုမ္ပဏီရဲ့ နေပြည်တော်လိပ်စာနဲ့ မှတ်ပုံတင်ထားပါတယ်။

ပိုမိုသိရှိရန်✅ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော Star Sapphire အကြောင်း ကျွနု်ပ်တို့၏သတင်းဆောင်းပါးကို ရယူရန် 👉🏽https://bit.ly/3EJfrFT✅ “Star Sapphire ၏ ဗိုလ်ချုပ်ကြီးများနှင့် လောင်းကစားလုပ်ငန်း” ပါ သတင်းဆောင်းပါးသို့ 👉🏽https://bit.ly/3ovogvH✅ “Star Sapphire Group က ဦးပိုင်အတွက် ဘဏ္ဌာငွေများ ဖော်ဆောင်ပေးနေ” အကြောင်းပါ သတင်းဆောင်းပါးသို့ 👉🏽https://bit.ly/3J0VtIQ✅ “Star Sapphire ၏ တနင်္သာရီစွမ်းအင်စီမံကိန်း” အကြောင်းပါ သတင်းဆောင်းပါးသို့ 👉🏽https://bit.ly/3oq6fif✅ “အကြမ်းဖက်စစ်တပ်အတွက် ဝင်ငွေနှင့် လက်နက်များ ထောက်ပံ့ပေးနေသော Star Sapphire ကုမ္ပဏီလုပ်ငန်းစုများ” အကြောင်းပါ သတင်းဆောင်းပါးသို့ 👉🏽https://bit.ly/3PzRrJM✅ “Star Sapphire ရဲ့ Hotel Dawei လုပ်ငန်းက ပြည်ထဲရေးဝန်ကြီးဌာနကို ငွေကြေးထောက်ပံ့နေ ” အကြောင်းပါ သတင်းဆောင်းပါးသို့ 👉🏽https://bit.ly/3OPe5N2📸 သဗြု သတ္တု တူးဖော်ရေး – ၂၀၁၀ ခုနှစ်