တနိုင်းမြို့နယ် လပူခရွှေမှော်၏နောက်ခံသမိုင်းများ

Posted by: | Posted on: February 15, 2023

လပူခရွှေမှော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ တနိုင်းမြစ်၏ (၂၅)မိုင်ခန့်အကွာတွင် တည်ရှိသော ရွှေမှော်ဖြစ်သည်။ ၎င်းရွှေမှော်သည် လွန်ခဲ့သော ၂၀၁၉ ခုနှစ်ပိုင်းမှစ၍ လူသိထင်ရှားလာပြီး ၂၀၂၀ နောက်ပိုင်း ပိုမိုရွှေတူးဖော်လာကြသည်။ အေအိုင်နှင့် ဗမာ့တပ်မတော်တို့ နှစ်ဖက်စစ်ရေးတင်းမာသောကြောင့် ရွှေမှော်ကို ပိတ်လိုက်ဖွင့်လိုက် လုပ်ခြင်းကြောင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲသော အခြေအနေနှင့် ကြုံတွေ့ရသည်။ ၂၀၂၂ခုနှစ် အောက်တိုဘာလတွင်ကေအိုင်အေနှင့် ဗမာ့တပ်မတော်တို့ ထပ်မံညှိနှိုင်းပြီး လက်ကျင်းတူးဖော်ခြင်း၊ တိုလှောင်ခြင်း၊ အင်ဝိုင်းဖြင့်ဝိုင်းခြင်းစသည်ဖြင့် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ်ပိုင်းတွင် စက်ရန္ဒယားကြီးများ ပိုမိုဝင်ရောက်လာသည်။ လပူခရွှေမှော်သည် မြေပြန့်အနေအထားဖြစ်၍ စက်ယန္တရားများသွားလာမှု အဆင်ပြေသောနေရာဖြစ်သည်။ ထို့ကြောင့် ဗမာ၊ တရုတ်၊ ရှမ်း၊ ကချင်၊ ရခိုင် တိုင်းရင်းသား ဌာနေပြည်သူများပိုင် လုပ်ကိုင်နေကြသည်။ ဒေသခံအမျိုးသမီးများ၊ လူငယ်များလည်း ကုန်ရောင်း ကုန်ဝယ်လုပ်ကိုင်ခြင်း၊ ဆိုင်ကယ်ကယ်ရီဆွဲခြင်း၊ နေ့စား၊ လစား အလုပ်အကိုင်များ လုပ်ကိုင်ကြသည်။

၂။ တည်နေရာ

           လပူခရွှေမှော်မြေဧရိယာနေရာသည် ကနေဦးပိုင်းတွင် ဒေသခံတိုင်းရင်းသားပေါင်းစုံ လယ်ယာမြေ၊ စိုက်ခင်း အသီးအနှံ လုပ်ကိုင်စားသောက်သောမြေနေရာဖြစ်သည်။

၃။ မြေသားအခြေအနေ

           တနိုင်းဒေသခံများ လူဦးရေများပြားသည်နှင့်အညီ ကောင်းမွန်သင့်တော်သော မြေဩဇာ ကောင်းသော မြေပြန်ဖြစ်၍ လယ်ယာစိုက်ပျိုးခြင်း စိုက်ခင်းလုပ်ကိုင်ခြင်း၊ အသီးအနှံစိုက်ပျိုးခြင်းများ ပြုလုပ်သော နေရာဖြစ်သည်။ ထပ်မံ၍ သဘာဝသယံဇာတပေါ်ထွက်လာသောမြေနေရာဖြစ်၍ ရွှေတူးဖော်ခြင်းလုပ်ငန်းများ စတင်လာကြသည်။

လပူခရွှေမှော်တွင် ရွှေတူးဖော်ခြင်းလုပ်ကိုင်လိုပါက ကေအိုင်အိုအစိုးရနှင့် စစ်‌ကောင်စီ (ဒေသကွပ်ကဲရေး)အဖွဲ့တို့နှင့် ဆွေးနွေပြီး လုပ်ကိုင်ရမည်။ စကစအား တစ်လသိန်း၅၀၀၀ ပေးဆောင်ရမည်။ ၎င်းလစဉ်ကြေးမှာ ရွှေမှော်လုပ်ငန်းရှင်အားလုံးမှ ကောက်ခံ၍ရရှိသော အချို့များအား ကေအိုင်အိုမှ စကစအား ပေးဆောင်ရခြင်းဖြစ်သည်။ မြေယာတန်ဖိုးအနေဖြင့် သုံးမျိုးသုံးစားရှိပြီး ၎င်းမှာ A,B,C ဖြစ်သည်။ C အဆင့်မှာ ဆယ်ကြီးကဏန်းသာပေးရပြီး၊ B အဆင့်မှာ ရာကြီးကဏန်းဖြစ်ကာ A အဆင့်မှာတော့  ရာကြီးကဏန်း ပေးဝယ်ရမည်။ စက်ရာန္ဒယားမှာ ဝင်လာပါက သိန်း(၅၀၀)နှင့် သိန်း(၁၀၀၀)ကြား ပေးဆောင်ရသည်။ ၎င်းပေးဆောင်ရသောအခွန်ငွေမှာ အခြေအနေတစ်ခုနှင့်တခု မတူပါ။ အုပ်ချုပ်သူအာဘော်နှင့် အများဆုံးသက်ဆိုင်သည်။

၅။ အခွန်

           ရွှေမှော်ထဲ့သို့ ဝင်လာသော စက်သုံးဆီပေပါများ (၁)ပေပါလျှင် ကျပ်(၄၀၀၀၀)ခန့်ပေးဆောင်ရပြီး ဆန်တစ်အိတ်လျှင် ကျပ်(၁၅၀၀၀)ပေးဆောင်ရသည်။ အကြီးဆုံး ဘက်ဖိုးဆိုဒ်များမှာ တစ်လလျှင် ရွှေသုံးကျပ်သားခန့် ပေးဆောင်ရပြီး စက်ယန္တရားများအပေါ်မူတည်ပြီး ကောက်ခံကြောင်း သိရသည်။ ဆိုင်ကယ်နှင့် လူဝင်ကြေးမှာ မပေးဆောင်ရသေးပေ။ ၎င်းလပူခရွှေမှော်သည် (KIO) ထိန်းချုပ်ရာမြေဖြစ်သည်။

၆။ လက်နက်ကိုင်ဆောင်မှု

           လပူခရွှေမှော်သည် (KIO)အစိုးရထိန်းချုပ်ရာနေမြေဖြစ်သော်လည်း စကစ တပ်များလည်း ရံဖန်ရံခါ စစ်ရေးလှုပ်ရှားမှုများရှိသည်။ ပြည်သူ့စစ်အဖွဲ့များပါဝင်လာကြောင်းသိရသည်။ အခြားသောအဖွဲ့အစည်းမရှိပေ။

တခါတရံ စစ်ရေးတင်းမာမှုအခြေအနေများ ကြုံလာရလျှင် ဒေသခံတိုင်းရင်းသား ဝမ်းစာရှာဖွေရေး အင်မတန်မှ ခက်ခဲလာကြောင်း သိရသည်။ လယ်ယာလုပ်ကိုင်မှု ခက်ခဲလာခြင်းစသည့်မလုံခြုံမှုများ ခံစားလာကြောင်းသိရသည်။ ၉.၁.၂၀၂၃ နေ့မှစ၍ လယ်ယာစိုက်ခင်းသို့ သွားလာလုပ်ကိုင်ခြင်းကို ပိတ်ပင်ထားကြောင်းသိရသည်။