ဖာသကျေးရွာရှိသတ္တူတူးဖော်မှု

Posted by: | Posted on: May 15, 2023

                      

                       ရှမ်းပြည်နယ်အရှေ့ပိုင်းသည်ရှိကျိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းနော်ဖသအုပ်စု၊ဖသကျေးရွာ အနီးတွင် ရွှေသတ္တူတူးဖော်နေမှုသည့်အမျိုးအမည်မသိသောကုပ္ပဏီးများကဒေသခံပြည်သူများကို အသိပေးခြင်း မရှိပဲ အထက်အာဏာပိုင်များ၏ခွင့်ပြုချက်များဖြစ်အကြီးအကျယ်တူးဖော်နေကြပါသည်။

                        ဒေသခံပြည်သူများသည် သတ္တူတူးဖော်ခြင်း၏ဆိုးကျိုးများကို သိရှိနားလည်းခြင်းမရှိပါဘူး။ သူတို့နားလည်းတာခုက သူတို့ကျေးရွာအနီးကုပ္ပဏီများသတ္တူးလားရောက်တူးဖော်ပါက ကျေးရွာ၏လမ်းများ ကောင်းသွားမည်။ လမ်းကောင်းလာရင်လျှပ်စစ်မီးရရှိမည်ဆိုသည့် ပုံပြင်ဆန်ဆန်ကုပ္ပဏီများ၏မက်လုံး ပေးမှုကို ယုံကြည်နေကြတာဖြစ်ပါသည် ဟု ဖာသရွာ၏ အာဒူး(အမည်လွဲ)ကပြောပါသည်။

                        မိုင်းနောဖသတွင်အမျိုးအမည်းမသိရသေးသည့်ကုပ္ပဏီက ဧကပေါင်း၁၀၀၀၀ ဝန်ကျင်ကို သတ္တတူးဖော်မှုလုပ်ဆောင်နေသလို၎င်းကုပ္ပဏီ၏လုံခြုံရေးကိုဒေသရှိ ဌာနေပြည်သူ့စစ်များက တာဝန်ယူပေး နေတာကိုမြင်တွေ့ရပါသည်။ကုပ္ပဏီနှင့်အတူ မိုင်းနောဖသအုပ်စု၏အုပ်ချုပ်ရေးမှု၊ပြည်သူစစ်များလည်း ပါဝင်ပတ်နေကြောင်း သိရှိရပါသော်လည်း ဘယ်လိုပူးပေါင်းပါဝင်နေကြောင်းအသေးစိမ်ကိုမသိရပါ။

                        လက်ရှိအချိန်တွင် သတ္တူတူးဖော်နေသည့်ကုပ္ပဏီသည် ဖာသကျေးရွာအနီးတွင် သတ္တတူး သန့်စင်ရန်အတွက အဆောက်အအုံအကြီးကြီး တခုတည်ဆောက်နေတာကိုမြင်ရပါသည်။ထိုအပြင် လက်ရှိ တူးနေတာထက်ပိုမိုချဲ့ထွင်တူးဖော်နိုင်ရန် အကြီးစားစက်ကိရိယာများလည်းအဆင့်သင့် ပြင်ဆင် နေတာကို မြင်တွေ့ရပါသည်။၎င်းတို့တည်ဆောက်နေသည့်အကြီးစားအဆောက်အအုံအနီးတွင်လည်းကောင်း၊စက်ကိရိယာ များထားသည့်နေရာတွင်လည်းကောင်းဒေသခံပြည်သူများ ဝင်ရောက်ခွင့်မရှိပါ။

                        ဖာသကျေးရွာများသည် လယ်ယာလုပ်ငန်းများကို အဓိကအသက်မွေးဝမ်းကြောင်း ပြုလုပ်နေပါသည်။ သိုသော်သတ္တူတူးဖော်မှုကြောင့်ဒေသခံလယ်သမားများ၏ရေအရင်းအမြစ်ဆုံးရှံးခြင်းနှင့် သဘာဝပတ်ဝန်ကျင်ပျက်စီးသွားမည်ကို ဒေသခံပြည်သူများက နားလည်နိုင်ခြင်းမရှိပေ။