ကျောက်စိမ်းတူးဖော်ရန်အတင်းအဓမ္မရွှေ့ပြောင်းခံရသော ဖားကန့်မြို့နယ်သာယာကုန်းကျေးရွာ  ပြည်သူများ

Posted by: | Posted on: February 15, 2023

၂၀၂၀ ခုနှစ်ကစတင်ကာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာကို ကျောက်စိမ်းတူးဖော်ရန် ဖားကန့်မြို့နယ် ကေအိုင်အေဌာနချုပ် အမိန့်ဖြင့် ရွာသားများကိုအတင်းအဓမ္မရွှေ့ပြောင်းခိုင်းပြီး နစ်နာကြေးတစ်စုံတစ်ရာပေးခြင်းမရှိကြောင့် သိရှိရသည်။ သာယာကုန်းကျေးရွာတွင် အိမ်ထောင်စု (၁၀၀၀) ခန့်နေထိုင်ပြီး ယခုချိန်တွင်ရွာသားများ အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရကြောင့် ဖားကန့်ဒေသခံ တာဝန်သိပြည်သူတစ်ဉီးထံမှ သတင်းရရှိပါသည်။

ဖားကန့်မြို့နယ် ကေအိုင်အေဌာနချုပ် အထက်အမိန့်ဖြင့် ရွာသားများသဘောမတူ ကန့်ကွတ်သည့်ကြားက ဆက်လျှက်တူးဖော်နေခြင်းဖြစ်သည်။ ရွာသားများကေအိုင်အိုဌာနချုပ်ထိ စာတင်ပြသော်လည်း တစ်စုံတစ်ရာတုန့်ပြန်ဆောင်ရွက်ခြင်းမရှိဘဲ ယခုချိန်ထိတူးဖော်နေဆဲဖြစ်ကြောင့် သိရှိရသည်။ ကျောက်စိမ်းတူးဖော်မှုကြောင့် လူသွားလမ်းများလည်း ပြိုကျသွားကြောင့်သိရသည်။ အခွန်အကောက်များကို စစ်ကောင်စီမှ ဘတ်ဖိုးတစ်စီးလျှင် သိန်း (၃၀) ကောက်ခံကြောင့်သိရှိရသည်။

၂၀၂၂ ဒီဇင်ဘာလ ၂၉ ရက်နေ့ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာ ဖားကန့်ဒေသခံ လူငယ်၂ဦး သည် ဖားကန့်မြို့နယ် ဆွတ်အောင်အထက် အင်မားချောင်း၊ မာဆာချောင်းဘက်သွားရောက်ဒေတာကောက်ယူရန် ဆိုင်ကယ်ဖြစ်ထွက်လာစဉ် တစ်သုံးလုံးကုပ္မဏီနားတွင် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ စုဆောင်းရေးအဖွဲ့နှင့် ကြုံကာ လူနှင့်တကွ ဖုန်းများ၊ ငွေသားမျာကို သိမ်းဆည်းခံခဲ့ရသည်။ ယခုချိန်တွင် လူကို ပြန်လည် ခေါ်ထုတ်နိုင်သော်လည်း ဖုန်းနှင့်ပစ္စည်းများကိုတော့ ပြန်လည်ပေးခြင်းမရှိကြောင့်ထိုသူများကို ဖုန်းအသစ်ပြန်လည်ဝယ်ပေးမည်ဖြစ်ကြောင့်ဖားကန့်ဒေသခံအမျိုးသမီးခေါင်းဆောင်တစ်ဦးထံမှသိရှိရသည်။

ဖားကန့်ဒေသသည် အင်တာနက်ဖြတ်တောက်ထားသောကြောင့် သတင်းမှန်ကို အချိန်နှင့်တပြေးညီရရှိရန် အလွန်အခက်အခဲဖြစ်နေကြောင့်နှင့် သတင်းရယူရန်နှင့် သတင်းမျှဝေရန်တွက် လုံခြုံမှုမရှိကြောင့် ဒေသခံများထံမှ သိရှိရပါသည်။