ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိသည့် မဒေးကျွန်းပေါ် ဒေသခံပြည်သူများ၏ အသံ
Posted by: MMWN | Posted on: September 6, 2022ကျောက်မော်ကြီးရွာ၏ အဓိကစီးပွားရေးလုပ်ငန်းကအဖြစ် ရေလုပ်ငန်းနှင့်၊ လယ်လုပ်ငန်းကို လုပ်ကိုင်ကြသည်။ ငါးလုပ်ငန်းမှာ အဓိကဖြစ်ပြီး ပုဇွန်ကို ရွှေပုဇွန်ဖြစ်အောင်ထိ လုပ်ကိုင်ကြသည်။ အခြားသောလုပ်ငန်းပိုင်းများမှာလည်း ကူလုပ်ကြသည်။ မိုးရာသီရောက်လျှင် လယ်သမားများက အဓိကအားဖြင့်လယ်ယာထွန်ယက်ကြသည်။ အမျိုးသမီး များက လယ်ယာအလုပ်ကလွဲပြီး ကျန်သည့်လုပ်ငန်းပိုင်းတွေမှာလည်း ဝင်လုပ်ကြပါသည်။ နွေရာသီရောက်လျှင် စပါးရိတ်သိမ်းခြင်းကိစ္စများကို အမျိုးသားများ နှင့် အတူလုပ်ကြသည်။ သို့သော်လည်း မိသားစု၏ အဓိကစားဝတ်နေရေးကိစ္စတွေမှာ အမျိုးသားကိုပဲ မှီခိုရသည်။
လက်ရှိမှာ ရေလုပ်ငန်းက ပုံမှန်ဝင်ငွေမရှိတော့သဖြင့် ပုံမှန်ဝင်ငွေ သိန်းဂဏန်းလောက်တောင် မရှိကြတော့ပေ။ ရေနံသင်္ဘောများ မဝင်မှီက တစ်လကို ၁၀ သိန်း လောက်ထိဝင်ငွေရှိခဲ့ရာမှ သင်္ဘောဝင်လာပြီးနောက်ပိုင်း မြစ်ထဲမှာ ရေတုတ်တွေချလိုက်ပြီး ငါးဖန်ကွက်များကို ကန့်သတ်လိုက်သည်။ ရေတုတ်များကလည်း ရွေ့လျားနေသောကြောင့် ငါးဖမ်းပစ်ကွန်များသည် ရေတုတ်၌ ငြိ၍ ပျက်စီးသွားသည်များလည်းရှိသည်။ ထို့အပြင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသောကြောင့် ဒေသခံငါးဖမ်းလုပ်သားများမှာ ညအချိန်ငါးဖမ်းခွင့်ဆုံးရှုံးကာ ငါးဖမ်းလုပ်ငန်းကို ၅၀ ရာခိုင်နှုန်းအထိ ဆိုးဆိုးဝါးဝါးထိခိုက်နစ်နာမှုကို ကြုံတွေ့နေကြရသည်။ ထို့ကြောင်း ဒေသခံပြည်သူများမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊လူမှုရေးကိစ္စများတွင် အလွန်အမင်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသည်။
လက်ရှိတွင် ကျေးရွာဒေသတွင်း အကော်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံကိန်း အတွက် China International Trust Investment Corporation (CITIC), China National Petroleum Corporation (CNPC) ကုမ္ပဏီများက ရေနက်ဆိပ်ကမ်း၊ မီးရထားလမ်း၊ စက်မှုဇုန်၊ ဟိုတယ်ဇုန် စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်ရှိကြောင်း ကြားသိရသည်။ ၎င်းစီမံကိန်းများကြောင့် လက်ရှိတွင် ရေလုပ်ငန်းကို ကြီးမားသော ထိခိုက်မှုများရှိနေပြီး ရေနံတင်သင်္ဘောကြီးများမှ စွန့်ပစ်ပစ္စည်းအညစ်အကြေးများကို မြစ်ရေထဲသို့ သွန်ချသဖြင့် ရေထုညစ်ညမ်းမှုဖြစ်ပေါ်ပြီး ငါး၊ပုဇွန်များရှားပါးလာသကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိခိုက်လာက အဆိပ်အတောက် ဖြစ်လာနိုင်သည်။ ထို့ကြောင်း ရေလုပ်သားများမှာလည်း အလုပ်လက်မဲ့ဖြစ်ပွားနှုန်း ဦးရေများလာခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီများမှာလည်း ဒေသခံလူထုကို အလုပ်ခန့်ခြင်းမှာ မရှိသလောက်နည်းပါးသည်။ ရွာအားလုံပေါင်းမှ (၂၀) ဦးခန့်သာရှိသည်။
စက်ရုံများ မှ စွန့်ပစ်ပစ္စည်းများကို မီးရှိုးသည့်အတွက်ကြောင့် အနံ့ဆိုးများထွက်လာပြီး လေထု၊ ရေထု၊ မြေထုများ ညစ်ညမ်း ပျက်စီးလာနိုင်သောကြောင်း ကင်ဆာကဲ့သို့ ရောဂါဆန်းများဖြစ်လာနိုင်သည်ကိုလည်း အလွန်အမင်း စိုးရိမ်မိသည်။ ထို့အပြင် စီမံကိန်း အကောင်အထည်ဖော်ပြီးလျှင် နောက်ထပ်စီမံကိန်းများတွင်လည်း စက်ရုံများမှ ထွက်ရှိလာမည့် အညစ်အကြေးများ၊ စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ပိုမို ပျက်စီးလာနိုင်သည်။ နောက်ဆက်တွဲ ပြသနာများအနေဖြင့် သားငါးပုဇွန်များအပါအဝင် ရေနေသတ္တဝါများ ရှားပါးလာနိုင်မည်ဖြစ်ပြီး ငါးဖမ်းလုပ်ငန်း၌ အငှားလုပ်ကိုင်နေသူများအပါအဝင် ငါးဖန်လုပ်ငန်းလုပ်ကိုင်နေသူများအားလုံးမှာလည်း အလုပ် လက်မဲ့ဖြစ်လာနိုင်သည်။
CNPC ကုမ္ပဏီရောက်လာသည့်နောက်ပိုင်းတွင် ရာသီဥတုက ပုံမှန်မဟုတ်တော့ပေ။ ရာသီဥတုပြောင်းလဲလာမှုများ ယခုထက်ပိုဆိုးလာနိုင်ကာ အပူ၊အအေးမမျှတခြင်းလည်းဖြစ်လာနိုင်သည်။ မြစ်ရေများမှာလည်း အရောင်ပြောင်းကာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ပိုမိုးများပြားလာသည်။ တစ်ချို့တောနေသတ္တဝါများ မတွေ့ရှိတော့ပေ။ ဒီရေတော ပြုန်းတီးလာခြင်းနှင့် စီမံကိန်း၏ စွန့်ပစ်ပစ္စည်း အညစ်အကြေးများကြောင့် သားငါးသယံဇာတရှားပါလာခဲ့သည်။
ထို့ကြောင့် ကျောက်ဖြူအထူးစီးပွးရေးဇုံကြောင့် ဖြစ်လာမည့်ဆိုးကျိုးများကို စိုးရိမ်မိသည်။ ရေလုပ်ငန်းကို အပြည့်အဝ လုပ်ကိုင်းရှာဖွယ်စားသောက်လို့မရတော့လျှင် မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး စသဖြင့် ထိခိုက်လာမှာကိုလည်း စိုးရိမ်သည်။
အချို့လယ်သမားများမှာ လယ်ယာမြေများသိမ်းဆည်းခံရကာ လျှော်ကြေးငွေများ ၎င်းတို့လက်ထဲသို့ တိုက်ရိုက် အပြည့်အဝရောက်လာြခင်းမဟုတ်ပေ။ နောက်စီမံကိန်းများတိုးချဲ့လာလျှင်လည်း မြေယာများ ထပ်မံသိမ်းဆည်းမှုများ ဖြစ်လာနိုင်ခြင်း၊ မြေယာအငြင်းပွားမှုပြသနာများ ဒေသတွင်ဖြစ်ပေါ်လာနိုင်သည်။
“ကျနော်တို့ မင်းတပ်တောင်ဆိုတာ အရင်တုန်းကဆိုရင် အင်မတန်မှ စမ်းရေထွက်ခဲ့တယ်။ တောင်ပေါ်က ရေကို စည်ပင်ကလူတစ်ယောက်က ပိုက်တွေနဲ့ သွယ်တန်းပြီးတော့ ကားလမ်းမကိုထိ ရေအုပ်တွင်းတွေလုပ်ပြီးတော့ ချပေးခဲ့တယ်။ မင်းတပ်တောင်ကို အခြေပြုပြီးတော့ သောက်သုံးနေကြတဲ့ရွာတွေ စစ်တော၊ စည်မော်၊ ပြားတဲ၊ သဖန်းခါး၊ ကုလားဘာ၊ နှမ်းဖဲတောင်၊ ပြိုင်းစစ်ကေရွာတွေက အဲလောက်ထိအားကိုပြီးတော့ တပေါင်း၊ တန်းခူလတွေ မှာ သောက်သုံးနေခဲ့တာဖြစ်တယ်။ အခုတော့ ရာသီဥတုတွေကလည်း ပြောင်းလဲလာပြီး ရေတွေလည်း ခန်းခြောက် လာပြီးတော့ ကျနော်တို့ တစ်ရွာတောင် မလုံလောက်တော့ဘူး။ ကျတော်တို့ဖြစ်ချင်တာက အဲဒီစမ်းရေကို ဆည်ကန် ငယ်ပုံစံမျိုးဆည်ပြီးတော့ ရေအုပ်တွင်းတွေလုပ်ပြီးတော့ ပြန်လည်လုပ်စေချင်တယ်။ အဲဒါမင်းတပ်တောင် ရွာသူ၊ ရွာသားတွေ အကုန်လုံးရဲ့ ဆန္ဒလေ့ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ရွာထဲမှာ ဆင်းရဲသူ၊ ဆင်းရဲသားတွေများ တယ်။ လမ်းတစ်လမ်းတောင်မှ အကောင်းရှိမနေဘူး။ မိုးရာသီဆိုရင် ဘွတ်တွေ ဒူးလောက်ထိ ကျွန်ကျပြီးတော့ သွားလာနေရတဲ့ဘဝတွေပါ။ တကယ် ဖွံ့ဖြိုးစေချင်ရင် လမ်းတွေကို အဆင်ပြေအောင် လုပ်ပေးစေချင်တာပေါ့။”
ကျောက်ဖြူအူးစီးပွားရေးဇုန်ဧရိယာထဲတွင် ပါရှိသော ကျေးရွာများမှ ဒေသခံပြည်သူလူထုများမှာ အလုပ်အကိုင်ဆုံးရှုံး ခြင်း၊ မိသားစုစားဝတ်နေရေးကျပ်တည်းခြင်းများ၊ သဘာဝပတ်ဝန်းကျင်ညစ်ညစ်ပျက်စီးလာမှုများနှင့် ရင်ဆိုင်နေရ ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ကျေးရွာသူ၊ ကျေးရွာသားများမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန်များကြောင့် စားဝတ်နေရေးမဖူလှုံမှု၊ အလုပ်အကိုင်ရှားပါးလာမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ ကျန်းမာရေး စောက်ရှောက်မှုမရရှိမှု၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲ့မှု၊ မြေယာသိမ်းဆည်းခံရမှုများစသဖြင့် စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေကြရသည်။