ချောင်းရေကြီးပြီး ရွှေလုပ်ကွက် ရေကန်များ ပေါက်ကျလာမှုကြောင့် မိုင်းနောင်ရွာထဲ ရေစီးဝင်

Posted by: | Posted on: August 11, 2022

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီမှစပြီး ခေါင်းတုံးချောင်းရေကြီးလာ၍ ရွှေလုပ်ကွက်‌ထဲက ရေကန်များ ပေါက်ကျလာကာ လူနေအိမ်များထဲ စီးဝင်လာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ခေါင်းတုံးချောင်းသည် အင်းတော်ကြီးအိုင်ထဲသို့ စီးဝင်သည့် ချောင်းဖြစ်ကြောင်း သိရသည်။မိုးရွာသွန်းပြီး တောင်ကျချောင်းရေကြီးလာကာ တရားမဝင်ရွှေလုပ်ကွက်များကြောင့် ဖြစ်ပေါ်လာသည့် ရေကန်များလည်း ပေါက်ကျလာ၍ လယ်ယာမြေများနှင့် လူနေအိမ်များသို့ စီးဝင်လာသည်ဟု ပြောသည်။မိုင်းနောင်အထက်တန်းကျောင်းထဲလည်း ရေဝင်လာသဖြင့် ကျောင်းပိတ်လိုက်ရသည်ဟု ဆိုသည်။ “အိမ်တွေလည်း တော်တော်နစ်နေပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။ယမန်နေ့ကလည်း မိုးရွာသွန်းပြီး အင်းတော်ကြီးဒေသက နန့်မွန်းချောင်းရေကြီးကာ နန့်မွန်းမြို့ ရပ်ကွက် လူနေအိမ်များထဲ ရေဝင်ရောက်ခဲ့သည်။





Leave a Reply

Your email address will not be published. Required fields are marked *