စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးခရိုင်၊ဟုမ္မလင်းမြို့နယ်အတွင်းရှိရွှေတူးဖော်မှုကြောင့် ဒေသခံပြည်သူ များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

Posted by: | Posted on: September 4, 2022

ခန္တီးခရိုင်၊ဟုမ္မလင်းမြို့နယ်အတွင်းတွင် ဥရုချောင်း နှင့်ချင်းတွင်းမြစ်ပေါ်ရှိ ရွှေတူးဖော်မှုကြောင့် ဒေသခံ ပြည်သူများ၏ မြေယာများစွာပျက်စီးဆုံးရှုံးမှု ကြုံတွေ့နေကြသည်။


ခဲနန်းကျေးရွာသည် ဟုမ္မလင်းမြို့နယ်၊ခန္တီးခရိုင်၊လောင်ဖောင်အုပ်စုတွင် တည်ရှိသည်။၎င်းကျေးရွာသည် ဥရုချောင်းဘေးတွင်တည်ရှိပြီး ရွာဘေးပတ်လည်တွင်အင်းတောများတည်ရှိသည်။ထိုအင်းတောထဲတွင် ရွှေမျောများလုပျကိုငျနေကြပြီး အင်းတောသည်လည်းပျက်စီးနေပြီဖြစ်သည်။ခဲနှမ်းကျေးရွာသည် ရွှေထွက်နှုများသော ဒေသဖြစ်သည်။ယခင်တွင် ကျေးရွာအတွင်းရွှေကို တနိုင်တပိုင်သာ လုပ်ကိုင်ကြပြီး ယခုတွင်လုပ်ငန်းရှင်များ စက်ယန္တရားများဖြင့် တူးဖော်မှုကြောင့် မြေနေရာများသည်လည်း ပျက်စီးယိုယွင်းနေပြီဖြစ်သည်။ခဲနန်းကျေးရွာသည်အာဏာသိမ်းပြီးနောက်တွင် ရွှေတူးဖော်မှုများပိုများပြားလာသောကြောင့် သဘာဝပတ်ဝန်းကျင်သည်လည်း ပျက်စီးနေပြီဖြစ်သည်။

ခဲနန်းကျေးရွာသည် အိမ်ခြေအားဖြင့် (၂၃၀) ကျော်ရှိပြီး ခဲနန်းကျေးရွာသူ၊သားအများစုသည် လယ်ယာမြေကိုအဓိကလုပ်ဆောင်ကြပြီး ရွှေတူးဖော်မှုကို တနိုင်တပိုင်သာလုပ်ဆောင်ခဲ့ကြသည်။၂၀၀၀ခုနှစ် ဦးသိန်းစိန်လက်ထပ်မှစတင်ပြီးစက်ယန္တယားများဖြင့် ရွှေတူးဖော်ခြင်းကိုစတင်အကောင်အထည်ဖော်လုပ်ကိုင်ခဲကြသည်။ ၂၀၁၅(NLD)အစိုးရလက်ထပ်တွက်လည်း ရပ်နားထားခြင်းမရှိပါ။ယခုချိန်ထိရွှေတူးဖော်ခြင်းကိုဆက်လက်လုပ်ဆောင်နေကြသည်။

စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းတွင်ရွှေတူးဖော်ခြင်းလုပ်ငန်းသည် ပိုမိုဆိုးရွားလာသည်။ယခုလက်ရှိ ကျေးရွာအတွင်းတွင် ရွှေမျောပေါင်း (၄၈၀) ရှိပြီး ကုမ္ပဏီအနေဖြင့်လုပ်ဆောင်သူမရှိကြပါ။ အုပ်စုလိုက်လုပ်ဆောင်နေကြသည်။ အုပ်စုလိုက်လုပ်ဆောင်နေသူများသည် ဌာနဆိုင်ရာများဖြစ်သည့် အုပ်ချုပ်ရေးဌာန၊ တာဝန်ကျရဲ၊ ရှမ်းနီတပ်မတော် စသည်တို့ကိုလစဉ်ကြေး သိန်း( ၃၀- ၅၀) ပေးကြသည်။ ကျေးရွာသူ၊သားများနှင့် လုပ်ငန်းရှင်များကြားမြေယာအငြင်းပွားမှုနှင့် ပြဿာနာများရှိပါက ဌာနဆိုင်ရာများသည် လာရောက်ဖြေရှင်းပေးကြပြီး ရွှေထွက်နှုန်းပေါ်မူတည်ပြီးသိန်း(၈၀- ၃၀၀) သာရရှိကြသည်။

ခဲနန်းဒေသခံပြည်သူများ၏ ကြုံတွေ့ရသောအခက်အခဲ

ခဲနန်းကျေးရွာ ဒေသခံပြည်သူများသည်လယ်ယာမြေကိုအဓိကထားလုပ်ကိုင်ကြသော ကျေးရွာဖြစ်သည်။စစ်တပ်နှင့်လုပ်ငန်းရှင်များက ၎င်းတို့ပိုင်ဆိုင်သောလယ်ယာမြေများကို ဖိအားပေး၊ အတင်းအဓ္မရောင်းချစေခိုင်းမှုများ ခံနေကြရသည်။အချို့သောမြေပိုင်ရှင်များသည် ၎င်းတို့မြေယာများအား တန်ဖိုးနည်းနည်းဖြင့် ရောင်းနေကြရသည်။ဒေသခံများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမို၍ လူ့အခွင့်အရေး ချိုးဖောက်မှုများခံနေကြရသည်။တိုင်ကြားရန် ဌါနဆိုင်ရာများသည်လည်း လုပ်ငန်းရှင်များနှင့်ပိုမိုပြီး အချိတ်အဆက်များရှိသောကြောင့် တိုင်ကြားရန်အခက်အခဲများရှိနေကြသည်။ ဥရုချောင်းနံဘေးရှိ ကျေးရွာနေပြည်သူများသည် နေ့တဓူဝစားသောက်ဖို့အတွက် အခက်အခဲများ ကြုံတွေ့နေကြသည်။

ခဲနန်းကျေးရွာရှိ အမျိုးသမီးငယ်များကြုံတွေ့နေရသော အခက်အခဲ

ကျေးရွာအတွင်းရှိ အမျိုးသမီးငယ်အများစုသည် ရွှေမျောလုပ်သားများ၏ နှောင့်ယှက်မှုများ ခံနေကြသည်။ကိုယ်ခန္ဓာကို ကြည့်ပြီး နှုတ်ဖြင့်သရမ်းမှု၊ လုပ်ငန်းရှင်များ၏ လိင်ဖျော်ဖြေမှုများ ကို ပြုလုပ်ပေးနေကြရသည်။အမျိုးသမီးအများစုမှာ မပြောထွက်ရဲပဲ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ ကြုံတွေ့နေကြသည်။

ခဲနန်းကျေးရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြုံတွေ့ရသော အခက်အခဲ

ကျေးရွာအတွင်းရှိအမျိုးသမီးအများစုသည် ဥရုချောင်းပေါ်မှီတည်ပြီ ရေးချိုး၊သောက်ရေသုံးရေ မှီခိုပြီး အသုံးပြုကြရသည်။၎င်းချောင်းပေါ်တွင် ရွှေမျောများတိုက်ကြရာ ချောင်းရေအသုံးပြု၍မရသောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ရွှေမျော၏စွန့်ပစ်ရေ(ပြဒါး)ပါဝင်မှုများကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ် သည့်ကလေးမွေးရန်အခက်အခဲများဖြစ်ခြင်း၊မွေးဖွားလာသည့်ကလေးသည်လည်း ကျန်းမာ ရေးချို့ တဲ့မှု ဖြစ်ခြင်းစသည်တို့ကို ကြုံတွေ့နေကြရသည်။
မှတ်ချက်။ ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနီလက်နက်ကိုင်(Shanni National Army) SNA များသည် ရွှေမျောလုပ်ငန်းရှင်များထံမှ အခကြေးငွေများရယူကာ မျောတိုက်ရန် အခွင့်အလမ်း များဖန်တီးပေးနေကြပြီး ကျေးရွာနေပြည်သူလူထုများ၏ အခွင့်အရေးများကို ချိုးဖောက်နေကြသည်။

ခဲနန်းကျေးရွာတည်နေရာ