စစ်ကိုင်းမြို့ ဘော်ဂါကျောက်ဝိုင်းအား ဖောက်ခွဲမည်ဟူသော ခြိမ်းခြောက်စာကြောင့် အရောင်းဆိုင်များပိတ်သိမ်း

Posted by: | Posted on: August 22, 2022

စစ်ကိုင်းမြို့ ဘော်ဂါကျောက်ဝိုင်းအား သြဂုတ်​ ၂၂ ရက်​​နေ့ ရက်​စွဲဖြင်​့ ဖောက်ခွဲဖျက်​ဆီး​ရေးပြုလုပ်မည်ဟူ​သော ​ခြိမ်​း​ခြောက်​စာပစ်​ခံရ၍ ဆိုင်​များပိတ်​သိမ်​းခဲ့ကြ​ကြောင်​း သိရှိရသည်​ ။

​ဖောက်​ခွဲဖျက်​ဆီးမည်​ဟု​သော ပစ်​စာမှာ စာရွက်​ဖြူ ​ပေါ်တွင်​ ​ဆော့ပင်​အနီဖြင်​့ ​ရေးသားထားခြင်​းဖြစ်​ပြီး ”  ​ဘော်​ဂါ​ကျောက်​ဝိုင်​း ​ရောင်​းဝယ်​​သော ညီအစ်​ကို ​မောင်​နှမများအား သတိ​ပေးအပ်​ပါတယ်​ ။ သြဂုတ်​လ ၂၂ ရက်​​(ယ​နေ့) တွင်​ ​ဘော်​ဂါ​ကျောက်​ဝိုင်​း ​ဖောက်​ခွဲဖျက်​ဆီးမည်​ဖြစ်​ပါ၍ သတိ​ပေးအပ်​ပါတယ်​ ” ဟု ​ရေးသားထားပြီး ပုံ – ဗိုလ်​ယက္ခ ဟု ပါရှိခဲ့သည်​ ။

ယင်​းသို့ ခြိမ်​း​ခြောက်​စာ ပစ်​ခံရ၍ ​ကျောက်​ဝိုင်​းတွင်​ ဆိုင်​များ ပိတ်​သိမ်​းခဲ့ကြခြင်​းနှင်​့ပတ်​သက်​၍  ​ကျောက်​ပုတီးလုပ်​ငန်​းလုပ်​ကိုင်​သူတစ်​ဦးက

“” စစ်​ကိုင်​း​ကျောက်​ဝိုင်​းက ပုံမှန်​ဆို မနက်​ ၇ နာရီ​လောက်​က​နေ ၁၁ နာရီ​လောက်​ထိ အ​ရောင်​းအဝယ်​လုပ်​ကြတယ်​ ။ က​နေ့​တော့ ​ဖောက်​ခွဲမယ်​ဆိုတဲ့ စာပစ်​သွားလို့ ဆိုင်​​တွေလည်​း မဖွင်​့​တော့ပဲ ပိတ်​ကြ ၊ ​ကျောက်​သမား​တွေလည်​း ပြန်​ကြတာ​ပေါ့ ။ ခုရက်​ပိုင်​း  အ​ရောင်​းအဝယ်​မဖြစ်​​ကြ​ပေမယ်​့ ​ကျောက်​ဝိုင်​းက​တော့ မနက်​ဆို ​ရောင်​းသမား ဝယ်​သမားနဲ့ စည်​​တယ်​လို့ ​ပြောလို့ရတယ်​  ။ ​စျေးကွက်​က​တော့ မ​ကောင်​းတာ ကြာပြီ ။ အဲ့ဒီပစ်​စာက က​နေ့ရက်​စွဲနဲ့ဆို​တော့ ​နောက်​​နေ့​တွေ​တော့ ပုံမှန်​ပြန်​ဖွင်​့ကြမယ်​ ထင်​တာပဲ ” ဟု ​ပြောကြားခဲ့သည်​ ။

သို့​သော်​လည်​း ယင်​းကဲ့သို့  ​ဖောက်​ခွဲမည်​ဟု​သော ခြိမ်​း​ခြောက်​စာမှာ အတု သာဖြစ်​ပြီး ဗိုလ်​ယက္ခ အမည်​အား အလွဲသုံးကာ ပြုလုပ်​ခဲ့ခြင်​းဖြစ်​သည်​ဟု လူမှုကွန်​ရက်​စာမျက်​နှာ​တွင်​ ​တွေ့ရှိရသည်​ ။