တန်ဂေါ်ကျေးရွာ (အောင်ဘာလေမှော်)
Posted by: MMWN | Posted on: January 7, 2023လွန်ခဲ့သော ၁၉၈၀နှစ်ပေါင်းများစွာထဲက ဒေသခံများ လုပ်ကိုင်မှီခို စားသောက်ခဲ့ကြပြီး ကျောက်စိမ်း တူးဖော်ခြင်းလုပ်ငန်းကိုလည်း ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာခဲ့ကြသည်။ ၂၀၁၂ မတိုင်မီအချိန်ထိ (ကေအိုင်အို) အစိုးရသာ ထိန်းချုပ်လာခဲ့သော တပ်ရင်း(၆)နယ်မြေဖြစ်သည်။ ကံဆီးကျေးရွာနှင့် တဆက်တည်း ထိစပ်လျက်ရှိသော ရွာဖြစ်ပြီး ကြည်လင်အေးမြသော ဉရုချောင်းကို ပိုင်ဆိုင်ထားသည်။ ဖားကန့်မြို့နှင့် (၂၂)မိုင်ခန့်တွင် တည်ရှိသောရွာဖြစ်ပြီး ယခင်ကနဦးတွင် တန်းဂေါ်တောင်ကို အစွဲပြု၍ တန်းဂေါ်ကျေးရွာဟု အမည်သွင်ခဲ့သည်။ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံနေထိုင်သောရွာဖြစ်ပြီး အခြေခံမူလတန်းကျောင်း များလည်းရှိသည်။ ၂၀၁၂ခုနှစ်တွင် ကံဆီးကျေးရွာ (ကေအိုင်အို) တပ်ရင်း(၆) အား စကစမှ သိမ်းယူပြီး ၎င်းကံဆီးကျေးရွာအား တပ်မ ၃၃ လက်အောက်ခံ ဗျူဟာတပ်ကုန်းအဖြစ် ထိန်းချုပ်နေပြီဖြစ်သည်။
အသက်မွေးဝမ်းကြောင်း
တန်းဂေါ်ကျေးရွာဒေသခံများအနေဖြင့်အဓိကလုပ်ကိုင်သော အသက်မွေးဝမ်းကြောင်းမှာ ကျောက်စိမ်း တူးဖော်ခြင်း၊ ရေးမဆေးရှာဖွေခြင်း၊ ကျောက်ရောင်းဝယ်ခြင်းအဓိကလုပ်ကိုင်နေပြီး စိုက်ပျိုးရေးနှင့် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှု အနည်းငယ်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒေသအလိုက် ဖြစ်ထွန်းနေသော လုပ်ငန်းကြောင့်ဖြစ်သည်။
လူမှုယဉ်ကျေးမှု
ကျောက်စိမ်းတူးဖော်ခြင်းကြောင့် ရောက်ရှိလာသော ဧည့်သည်များသော်လည်း တစ်ဦးနှင့်တစ်ဦး ရိုင်းပင်း ကူညီနေကြကြောင်းနှင့် လူမျိုးရေး၊ ဘာသာရေး၊ အဆင့်အတန်းမခွဲခြားသော နေရာ ဒေသဖြစ်သည်။ လူမျိုးစုံသကဲ့သို့ ယှဉ်ကျေးမှုစုံလင်သော နေရာဖြစ်ပြီး ကချင်၊ ဗမာ၊ ရှမ်း စသည့်လူမျိုးများ နေထိုင်လုပ်ကိုင်ကြသည်။
ကျေးရွာလူထုအခက်အခဲ
နိုင်ငံရေး၊ စစ်ရေး ရှုပ်ထွေးမှုပြဿနာများကြောင့် ကျောက်စိမ်းတူးဖော်မှုများ ရပ်ဆိုင်းထာခြင်း၊ လုပ်ငန်းရှင်များရင်းနှီးမြုပ်နှံမှုကြောက်ရွံ့လာခြင်း၊ ဧည့်သည်များ အရောက်နည်းပါးလာခြင်း၊ ခရီးသွားလာလုံခြုံမှုကင်းမဲ့လာခြင်း၊ အချိန်အကန့်အသတ် နှင့် သွားလာနေရခြင်း၊ စစ်ဆေးမေးမြန်မှုများ မကြာခဏဖြစ်ပေါ်လာခြင်းကြောင့် ဒေသခံလူထုများ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ရာတွင် ခက်ခဲမှုများ ကြုံတွေ့လာပြီဖြစ်သည်။
ဖားကန့်မြို့အခြေအနေ
လက်တလောအခြေအနေအရ ဖားကန့်မြို့အနီးတဝိုက်တွင် စကစများ လှုပ်ရှားမှု နေ့ရော ညပါ ရှိနေခြင်းကြောင့် ဒေသခံများစိုးရိမ်ရကြောင်း ကြားသိရသည်။ ညမထွက်ရအမိန့်ထုတ်ထားပြီး တွေ့ရှိပါက ဖမ်းဆီးခေါ်ဆောင်သွားမည်ဖြစ်သည်။ ညအချိန်လည်း လက်နက်ကြီး၊ လက်နက်ငယ်အသံ များလည်း ကြားသိရသည်။ ထို့ကြောင့် ဖားကန့်တွင်ကျောက်စိမ်းအရောင်းအဝယ် နည်းပါးလာသည်။
မြေယာခွန်
တန်းဂေါ်ကျေးရွာ၏ ရွာလမ်းမအလယ်အား တူးဖော်ခြင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ဗျူဟာတပ် ကေအိုင်အို၊ ဒေသခံလုပ်ငန်းရှင်များဆွေးနွေးကာ ၂၀၂၂ ခုနှစ် ၄လပိုင်းတွင် စတင်လုပ်ကိုင်ခဲ့သည်။ မြေယာခွန်အဖြစ် စကစ အား သိန်း(၅၀၀) ပေးဆောင်ရမည်ဆိုသော်လည်း တချို့တစ်ဝက်သာပေးကြောင်း ကြားသိရသည်။ ကေအိုင်အိုကမူ အစုစားဖြစ်သောကြောင့် အခွန်အနေဖြင့်မသက်ဆိုင်တော့ချေ။ တန်းဂေါ်ကျေးရွာ (အောင်ဘာလေမှော်)သို့သယ်ဆောင်လာသော ကုန်းအခွန်မှာ ဆီတစ်ပေပါ ကျပ်၁၀၀၀၀၊ ဆန်တစ်အိတ် ၁၀၀၀ ပေးဆောင်ရကြောင်းကြားသိရသည်။ အချို့သောလုပ်ငန်းရှင်များ ကျောက်စိမ်းတူးဖော်ပါက စကစ သို့ အခွန်များစွာ ပေးဆောင်မှသာ လုပ်ခွင့်ရမည်ဖြစ်ပြီး ကေအေအို အစိုးရတပ်နှင့်ကတော့ ပြဿနာမရှိပေ။
တားဆီးပိတ်ပင်လိုက်ခြင်း
တန်းဂေါ်ကျေးရွာ (အောင်ဘာလေမှော်) ရွာအလယ်လမ်း မတူးဖော်ခြင်းကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းရှင်တစ်ဦးမှာ ရွာထိပ်ကဖြစ်ပြီး ကျန်တစ်ဦးမှာ ရွာဦးက စတူးရမည်ဖြစ်သည်။ လုပ်ငန်းရှင်တစ်ဦး ပေတစ်ထောင်စီ တူးမှာဖြစ်ပြီး နှစ်ဦးပေါင်း ပေနှစ်ထောင်ကျော် တူးဖော်ရမည်ဖြစ်သည်။ သို့သော်လည်း ပေ ၂၀၀ ဝန်းကျင်သာ တူးဖော်မှုစတင်လုပ်ကိုင်ခဲ့ချိန်တွင် ကျောက်စိမ်းတူးဖော်မှု ဓါတ်ပုံအား လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြန့်နှံ့ခဲ့ခြင်းကြောင့် တပ်မ၃၃မှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်ပြီး ရေမဆေးသမားတစ်ဦးလည်း မြေပြိုခြင်းကြောင့် အသက်သေဆုံးခဲ့ရသည်။ အချို့သော အခြေအနေတွင် ဗျူဟာကုန်းနှင့် ညှိနှိုင်းဆွေနွေးကာ လုပ်ကိုင်ရသည်။ တပ်မ ၃၃မှ ပိတ်ပင်လိုက်သောရက်စွဲ မှာ ၂၀-၉-၂၀၂၂ ခုနှစ်ဖြစ်သည်။
မြေယာအခြေအနေ
နှစ်ပေါင်းများစွာထဲက ကျောက်စိမ်းတူးဖော်ခြင်း လုပ်ကိုင်ခဲ့သောကြောင့် တန်းဂေါ်ကျေးရွာတဝိုက်တွင် မြေယာမြေပွသာဖြစ်ပြီး မြေမှန်၊ မြေကြောမှာ ကက်သလစ်ဘုရားကျောင်း၊ နှစ်ခြင်းဘုရားကျောင်းသာ ကျန်ရှိတော့သည်။ တန်းဂေါ်ကျေးရွာသည် ကုန်းမြေနှင့်မြေပြန့်အနည်းငယ်သာရှိသောဒေသဖြစ်ပြီး ကံဆီးကျေးရွာနှင့်လည်းနီးစပ်လျက်ရှိသည်။ အနီးအနားတွင်မြေယာစိုက်ခင်းများလည်းရှိသည်။ အများအားဖြင့် ကျောက်စိမ်းတူးဖော်သည့် မြေယာများသာဖြစ်သည်။ ရွာ၏အနီးတွင် စခစ စခန်းများစွာရှိသည်။
ရှေ့ဆက်ရမည့်အခြေအနေ
နေပြည်တော်မှ မကြာခဏ ဖားကန့်ဒေသတွင် တပ်မနှစ်ခုထိုင်ရန်စီစဉ်နေကြောင်း ကြားသိရသည်။ တပ်မနှစ်ခုတွင် တပ်ရင်း(၂၀) ဖြစ်လာလျင် နိုင်ငံရေး၊ စစ်ရေး တင်းမှာလာမည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များသည် လုပ်ငန်းလုပ်ကိုင်ရန် တွန့်ဆုတ်နေကြသည်။ အချို့သောလုပ်ငန်းရှင်များလည်း လုပ်ငန်းရပ်ဆိုင်း ထားကြောင်းသိရသည်။ လာမည့် ဒီဇင်ဘာလတွင် ကုမ္ပဏီများအားလုံးလည်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းသိရသည်။