တရုတ် ဝမ်ပေါင်၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပတ်ဝန်းကျင်တစ်ခုလုံးကို မြေမြှုပ်မိုင်းများစွာ စစ်တပ်က ထောင်ထား၊ မိုင်း ၇၈ လုံး ရှင်းလင်းမိပြီး ထိုမိုင်းများဖြင့် ပြန်လည်တိုက်ခိုက်မည်

Posted by: | Posted on: August 22, 2022

Aug 19

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဆောင် ရွက်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းများစွာ ထောင်ထားကြောင်း၊ နင်းမိုင်း ၇၈ လုံး ရှင်းလင်းမိပြီး မိုင်းများစွာ ကျန်ရှိနေသေးကြောင်း မြောက်ယမားပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ (ယင်းမာပင်မြို့)မှ ကိုခန့်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

စစ်တပ်ထောင်ထားသည့် နင်းမိုင်း ၇၈လုံးကို မြောက်ယမားပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့၏ တပ်ခွဲ Myanmar ချေဂွေဗားရားအဖွဲ့မှ ရဲဘော်တွေ ရှင်းလင်းသိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ နင်းမိုင်းတွေကို စစ်ကောင်စီတပ်တွေကို တိုက် ခိုက်ရာမှာ ပြန်လည်အသုံးချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 





Leave a Reply

Your email address will not be published. Required fields are marked *