ဝိုင်းမော်မြို့နယ်ရှိ တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်း၊ ရွှေတူးဖော်ခြင်း၊ ဒေသခံများ၏ ရင်တွင်းဖြစ်အသံများ

Posted by: | Posted on: June 11, 2023

(ဝိုင်းမော်မြို့နယ်ရှိ နောင်ဟီး‌ကျေးရွာနှင့် မခမ်းတီးကျေးရွာတို့၏ နောက်ခံသမိုင်း)

နောင်ဟီးနှင့် မခမ်းတီးကျေးရွာတစ်လျှောက်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်နှင့် မိုင်၂၀ ခန့်အကွာတွင်တည်ရှိ၍ (၂၀၁၄-၁၅ )ခုနှစ်လောက်ကစ၍ ဌပျောစိုက်ခင်း စတင်ဝင်ရောက်လာသည်။ထိုကျေးရွာများ

‌ဒေသခံပြည်သူများက ဧကရာနဲ့ချီ ဌားရမ်းပေးလာကြပြီး တရုတ်ငှက်ပျောစိုက်ခင်း စည်ကားလာခြင်းကိုလည်း တွေ့ရှိလာရသည်။ဒေသခံရွာသူ/သားများက ရွှေတူးဖော်ခြင်းကို တစ်နိုင်တပိုင် လုပ်ကိုင်စားသောက်နေကြသည်။

(တည်နေရာနှင့် မြေယာအခြေအနေ)

ဒေသခံပြည်သူများသည် တရုတ်ပြည်မှရောက်ရှိလာသော တရုတ်သူဌေးများ လုပ်ငန်းချဲ့ရန်အတွက် ရွာသူ/သားများ၏ မြေနေရာအခင်းများကို စာချုပ်နှင့် ဌားရမ်းပေးခြင်း ပြုလုပ်ကြသည်။အချို့သောရွာသူ/သားများက ဘိုးဘွားပိုင်မြေ‌နေရာများကို ဌားရမ်းခြင်း မပြုလုပ်ချင်ကြပေ။ သို့သော် မြေယာပိုင်အများစုက မြေ‌နေရာဌားရမ်းပေးလိုက်ခြင်းကြောင့် ကိုယ်တိုင်ပင်ပန်းစွာ လုပ်ကိုင်ရန်လည်းမလိုကြောင်း၊ (၂)နှစ်တစ်ခါ ငွေအလုံးလိုက်ထုတ်ပြီး (၁)ဧက  ပေး၍ ဌားရမ်းခြင်းပြုလုပ်ကြသည်။ဧက (၁၀)ကျော်ပိုင်ဆိုင်ထားသော မြေနေရာပိုင်ရှင်များသည် ငွေအလုံးလိုက်ရရှိသောကြောင့်နေအိမ်အသစ်ဆောက်ယူကြပြီး ကျန်ငွေများကို စားဝတ်နေရေးအတွက် အသုံးပြုသည်ဟု ပြောဆိုခဲ့သည်။အခြားသောလုပ်ငန်း မရှိသောကြောင့် ထိုမြေယာများကို မိသားစုစားဝတ်နေရေးအတွက် အလွယ်ဖြေရှင်းနည်း လမ်း ဖြစ်ခံယူကြ သဖြင့် တရုတ်သူဌေးထံမြေနေရာများ ဌားရမ်းလိုက်ခြင်းဖြစ်သည်ဟု ဒေသခံမြေယာပိုင်ရှင်တစ်ဦးက ပြောဆိုခဲ့သည်။

(ဒေသခံရွာသူ/သားများ၏ခက်ခဲမှု)

တောင်ယာခုတ်ခြင်းပြုမည် ဆိုသော်လည်းဝေးလွန်းလှသောကြောင်း၊ ယခုလိုစိတ်ပင်ပန်းခံ ကိုယ်တိုင်လုပ်ရန်လည်းမလို၊  တရုတ်လုပ်ငန်းခွင်အဖြင့် ဌားရမ်းလိုက်ခြင်းသည် သက်တောင့်သက်သာဖြစ်သည်ဟုပြောဆိုကြသည်။ အချို့သော   သောမြေ ပိုင်ရှင်များကပိုင်ဆိုင်ထားသောမြေယာများနှင့် လုပ်ကိုင်စားသောက်လျှင် မိသားစုစားဝတ်နေရေးလုံလောက်ကြောင်း၊သား/သမီးအတွက်ဘိုဘွားပိုင်မြေယာများအဖြင့်လည်းထားခဲ့ချင်ကြောင်းပြောဆိုခဲ့သော်လည်း မြေယာရှင်အများစုက ‌ဘေးပတ်ပတ်လည် ဌားရမ်းလိုက်ခြင်းကြောင့် မဖြစ်မနေဌားလိုက်ရခြင်းမျိုးလည်း ကြုံတွေ့နေရသည်။ဤသို့ဆိုကြသော်လည်း ဝိုင်းမော်မြို့ ရှိရွာအများစုသည် ရရှိ ထားသော မြေယာများကို စီးပွားအဖြစ် ဌားရမ်းပေး၍ စားဝတ်နေရေးဖြေရှင်းကြသည်။နောင်ဟီးကျေးရွာရှိမြေယာများကို တရုတ်လုပ်ငန်းရှင်များက ဌားရမ်းထားသော ဧကထောင်ချီမြေယာများကို ဌပျောစိုက်ခြင်း သာမက ငရုတ်သီးစိုက်ခင်းနှင့် ဖရဲသီးစိုက်ခင်း စသည့်စိုက်ခင်းများစိုက်ပျိုးကြသည်။ယခုအချိန်သည် ငရုတ်သီးကောက်ရာသီဖြစ်သည်။ဌပျောစိုက်ခင်းတွင် ဝန်ထမ်းများက ရာနှင့်ချီ လုပ်ကိုင်ကြပြီး ‌မိသားစုလိုက်အခင်းမှာ နေထိုင်၍ နေစားလုပ်အားခ တစ်နေ့ လျှင်  ၇၀၀၀ကျပ်ရသည်ဟုပြောဆိုကြသည်။ခက်ခဲလှသောခေတ်အခြေအနေဖြစ်၍ ကုန်‌ဈေးနှုန်းနှင့်ကိုက်ညီခြင်းမရှိခြင်းဟုလည်းထပ်မံပြောဆိုခဲ့သည်။

ဌားရမ်းပေးလိုက်သောမြေယာရှင်များ၏ စိုးရမ်းမှုသည်ဌပျောစိုက်ရန်မြာင်းထဲ‌တွင်ဓာတ်မြေဩဇာ တစ်ဧကလျှင်အိတ်၃၀ခန့်ထည့်၍စိုက်ပျိုးခြင်းကြောင့် အကယ်၍တရုတ်လုပ်ငန်းရှင်များဌားရမ်းထားသောမြေယာများကို အကြောင်းအမျိူးမျိူးကြောင့် စွဲ့ပစ်ထားခဲ့မည်ဆိုပါက ဌားရမ်းခလည်းရရှိတော့မည်မဟုတ်ကြောင်း၊မြေယာများလည်းဓာတ်မြေဩဇာအင်မတန်ထည့်၍စိုက်ပျိုးပေးခြင်းကြောင့် မြေယာများလည်းသဘာဝအတိုင်းမြေဩဇာကောင်းတော့မည်မဟုတ်ဟု ရင်ဖွင့်ပြောဆိုခဲ့သည်။တရုတ်လုပ်ငန်းရှင်များက နေ့စားလုပ်သောဝန်ထမ်းများကို ဆဲဆိုခြင်းနှင့် ပြောဆိုဆက်ဆံသောကြောင့် ဒေသခံရွာသူ/သားများက လူအနည်းစုသာနေ့စားသွားကြသည်။

(လက်နက်ကိုင်ဆောင်မှု)

ထို့ဒေသရှိ မြေယာမပိုင်ဆိုင်သော ရွာသူ/သားများသည် ကဒူ့ဆိမ့်ကမ်းတွင် ရွှေတူးဖော်ရာတွင် တစ်နိုင်တပိုင် လက်ကျင်းတူးဖော်ခြင်း၊ တိုလောင်ခြင်း၊အင်ဝိုင်းခြင်း စသည့်ဖြင့် တစ်နိုင်တပိုင် လုပ်ကိုင်ကြသည်။ တစ်နိုင်တပိုင်လုပ်ကိုင်ကြသော်လည်း တူးဖော်သူ ၈ဦးလောက် လုပ်ကိုင်လာပါက ရွာလူကြီးများလာရောက်မောင်းထုတ်ခြင်းနှင့်ကဒူ့ဆမ့်ကမ်း၏ ရှေ့ဘက်ရှိ စကစ ( တိုင်း)တပ်မှလည်း လာရောက်ဖမ်းဆည်းကြသည်ဟု ရွှေတူးဖော်သူတစ်ဦးကပြောဆိုခဲ့သည်။ကဒူဆိမ့်ကမ်း ရွှေတူးဖော်ရာမြေနေရာသည် စကစ( တိုင်း)တပ်မှ ထိန်းချုပ်ထားသောနေရာဖြစ်သည်။စက်ရန္ဒယားများနှင့် ရွှေတူး‌ဖော်မှုမပြုလုပ်ရဟု အမိန့်ထုတ်ထား၍၊(တိုင်း)တပ် ရှေ့ငါးမျှားခြင်း၊စက်လှေဖြတ်သွားခြင်း၊ စက်ကြီးများနှင့်တူးဖော်မှုတွေ့ရှိပါက လက်နက်ဖြင့် ပစ်သတ်ကြကြောင်းသိရှိရသည်။ရွှေတူးဖော်ရာတွင် အခွန်အခပေးဆောင်ရန်တော့မလို သို့သော် စိုးရိမ်ပူပန်၍ လုပ်ကိုင်နေရကြောင်း၊ အခြားသော လုပ်ကိုင်စားသောက်မည့် မြေယာမရှိသောကြောင့် မြေယာမရှိသော ရွာသူ/သားများက ပို၍ခက်ခဲနေရကြောင်းနှင့် တစ်နိုင်တပိုင်ရွှေတူးဖော်လုပ်ကိုင်သူများကလည်း တစ်နေ့ ရွှေ ၂ရွေးနှင့် ၃ရွေးလောက်သာ ရရှိသည်ဟုပြောဆိုခဲ့သည်။