သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံကြပါလို့ ရုရှားဖိုရမ်မှာ လုပ်ငန်းရှင်တွေကို စစ်ကောင်စီဥက္ကဌ ဖိတ်ခေါ်

Posted by: | Posted on: September 8, 2022

ကမ္ဘာ့ဈေးကွက်ကို တင်ပို့နိုင်တဲ့ မြန်မာက သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှု်ပနှံကြပါလို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား လိုက် ပါတယ်။

ရုရှားမှာလုပ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ကို တက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံတွင် ရှာဖွေဖော်ထုတ်ခြင်း မပြုရသေးသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များစွာ ကျန်ရှိနေပါသေးပြီး  ကြေးနီ၊ သံ၊ ခဲမဖြူ စသည့် သတ္တုများလည်း ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်သည့် ထုတ်လုပ်မှု လုပ်ငန်း များ ရှိတာကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်အပ်ပါတယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အလားတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင် ကမ်းလွန် ရေနံ လုပ်ကွက် ၅၁ ကွက် သတ်မှတ်ထားရှိပြီး လုပ်ကွက် ၈ ကွက်မှာ သဘာဝ ဓာတ်ငွေ့ များ တွေ့ရှိတူးဖော်ပြီး ပြည်တွင်း၊ ပြည်ပတင်ပို့ ရောင်းချလျက်ရှိသလို  လက်ရှိတွင် လည်း ဘင်္ဂလားပင်လယ်အော် အတွင်း၌ သဘာဝဓာတ်ငွေ့ ၂ ထရီလီယံကုဗပေကျော်တွေ့ရှိခဲ့ပြီး မကြာမီ စီးပွားဖြစ်ထုတ်ယူနိုင်တော့မည် ဖြစ်ကာ ယင်း ထက်ပိုမိုကြီးမားသည့် ဓာတ်ငွေ့ သိုက်တစ်ခုကို တူးဖော်နိုင်မည့် အလားအလာများလည်း တွေ့ရှိထား တယ်လို့လည်း  ယင်းက ထပ်မံ ပြောပါတယ်။

ယင်းကြောင့်   နောင်လာမည့် ၃ နှစ်အတွင်း မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ကို အခြေခံ သည့် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ပါတယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

Cr- Myanmarplatform





Leave a Reply

Your email address will not be published. Required fields are marked *