သဘာဝသံယံဇာတတူးဖော်ခြင်းကြောင့် ကချင်ပြည်နယ်တွင်ကြုံတွေ့နေရသော အခြေနေများ
Posted by: MMWN | Posted on: September 6, 2022တနိုင်မြို့နယ် မြစ်ကြီးနားခရိုင်တွင်ပါဝင်သောမြို့တစ်မြို့ဖြစ်သော ဆွမ်ဘွမ်ယန်မြို့နယ်တွင်အိမ်ခြေအားဖြင့် (၈၀၀) ခန့်ရှိပြီး လူဦးရေးအားဖြင့်က (၅၀၀၀) ခန့်ရှိသောမြို့တစ်မြို့ဖြစ်သည်။ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုများ မကြာခဏရှိသည်။ အသိပညာ ဗဟုသုတ စာပေများ အားနည်းသောနေရာဒေသဖြစ်ကြောင်း ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း မရှိသလောက်ရှားပါးသော မြို့တစ်မြို့ဖြစ်ပြီး ဘာသာပေါင်းစုံအရင်းနှီး နေထိုင်သောဒေသ လူမှုအဆင့်အတန်း သာမန်အားဖြင့်သာရှိသော၊ (EAO)များစွာ သိမ်းကြိူးနေထိုင်သော ဒေသဖြစ်ပြီး လူမျိုးစုံပေါင်းသင်းနေထိုင်သောဒေသလည်းဖြစ်သည်။
တောင်သူလယ်သမားအများစုသည် သူတို့မှီခိုလုပ်ကိုင်စားသောက်သည့်မြေယာလယ်ကွင်းမှာ စည်းကမ်းမဲ့ မြေဇာပုံသွန်ချကောက်ပေးခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်စားသောက်ရာတွင် အခက်အခဲရှိလာကြောင်း တခြားစီးပွားရေးလည်း မလုပ်စားတတ်သည့်အတွက် ဝမ်းရေးမှာအဆင်မပြေဖို့ ယခုလိုရွှေကိုသာ တူးဖော် လုပ်ကိုင်ရခြင်းဖြစ်ပါသည်။ ရွှေတူးဖော်လုပ်ငန်းလုပ်ကိုင်သည့် သက်တမ်းအနှစ် (၇၀) ကျော်တူးဖော် လုပ်ကိုင်နေကြောင်းသိရပါသည်။
ရင်းနှီးမြုပ်နှံမှုအခြေအနေမှာ ငွေကျပ်သိန်း(၅၀၀)ကအနည်းဆုံး ကုန်ကျရကြောင်းဖြစ်သည်။ အခွန်ကောက် ခံရာတွင် စက်ကြီး/သေးခွဲပြီးကောက်ခံရခြင်း မြေငှားခ (၁) လလျှင် (၁၅၀၀၀၀) ကျပ် အခွန်ဆောင်ရကြောင်း၊ စက်ဖိုး (၁) နှစ် သိန်း (၅၀) ပေးဆောင်ရပါသည်။ စက်ဆိုက်အလိုက်လည်းကောက်ခံသေးပါသည်။ A ဆိုဒ်ဆိုရင် (၇၀)၊ B ဆိုဒ်ဆို (၅၀)၊ C ဆိုဒ်ဆိုရင် (၃၀) စသဖြင့် ကောက်ခံကြောင်းကြားသိရပါသည်။ စက်အခွန်နှင့်ပတ်သက်ပြီး (၄) လုံးထိုးစက်ကြီးက (၁) လလျှင် ရွှေရွေး (၆၀) ပေးဆောင်ရပြီး၊ (၆) လုံးထိုးစက်ကြီးက (၁) လလျှင်ရွှေရွေး (၈၀) ပေးဆောင်ကာ၊ (၈) လုံးထိုးစက်ကြီးဆို (၁) လလျှင် ရွှေရွေး (၁၂၀) ပေးဆောင်ရခြင်းဖြစ်ပါသည်။
ရွှေထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ သိကျစွာ ပေးဆောင်ရသော အခွန်ဖြစ်သည်။ ကချင်တပ် နဲ့ ဗမာတပ် နှစ်ဖက်လုံးဆီသို့ ပေးဆောင်ရသော အခွန်ဆီ (၁) ပေပါ (၄၀၀၀၀) ကျပ်၊ (၁) ရက်မှာ (၂၄) နာရီ စက်မောင်းမယ်ဆိုရင် ဆီ (၁) ပေပါနီးပါးမောင်းသောကြောင့် (၁) လလျှင် ဆီပေပါ (၂၇) လောက်ကုန်ကျသည့်အတွက် ဆီဖိုးအခွန်ပေးဆောင်ရာမှာလည်း အင်မတန်အခွန်ခများခြင်းဖြစ်သည်။ ထို့ကြောင့် ရင်းနှီးမြုပ်နှံမှုအပေါ်မှာ ပေးဆောင်ရသည့်အခွန်သည် အလွန်များလှသောကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။
ဒေသခံပြည်သူများအချင်းချင်း ရှိုင်းပင်းကူညီဖေးမမှုဖြင့်သာ ဘာသာရေး၊ လူမှုရေး နှင့် လူးမျိုးရေးခွဲခြား ဆက်ဆံခြင်းမရှိဘဲ တစ်ဦး၏ယဉ်ကျေးမှုကို လေးစားခြင်းတန်းဖိုးထားသောနေရာဒေသဖြစ်သည်။ ပရဟိတအဖွဲ့၊ နားရေးကူညီမှုအသင်းများ၊ ကျေးရွာဖွံ့ဖြိုးမှုနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများရေးရာ အဖွဲ့အစည်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့အစည်းများလည်းရှိသည်။
ရွှေတူးဖော်လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်ရာမှာ ဝမ်းရေးလုံလုံလောက်လောက်မရှိကြောင်းသည် ငွေအရင်းအနှီး များခြင်းနှင့် အခွန်များအလွန်ပေးဆောင်ရခြင်း၊ ရွှေထွက်ကနည်း စားစရိတ်၊ လုပ်အားခသည် အသုံးစရိတ်များသောကြောင့် အသက်မွေးဝမ်းကြောင်းမှာ အဆင်ပြေမှုမရှိခြင်းဖြစ်သည်။
လယ်ယာ မြေလုပ်ငန်း၊ ရွှေပြောင်းတောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊ တနိုင်တပိုင်ကုန်ရောင်းဝယ်ခြင်း၊ ရွှေတူးဖော်ခြင်း၊ အရောင်းအဝယ်လုပ်ကိုင်ခြင်းစသည့် လုပ်ငန်များများဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ရာတွင် ဝမ်းရေးအမှာ အနည်းကျဉ်းအဆင်ပြေကြောင်းသိရသည်။
နေရာအခြေနေအားဖြင့် သဘာဝသံယံဇာတတူးဖော်ခြင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အားတွန်ခွန်စိုက် စောက်ချလုပ်ကိုင်သောမြေယာဖြစ်ကာ ပထဝီလုံခြုံရေးအားဖြင့် ဒေသခံများအတွက် တာဝန်ခံတာဝန်ယူမှု အားနည်းသော အခြေအနေဖြင့် ၎င်း (EAO) များလုပ်ရှားသွားလာမှုရှိ၍ နိုင်ငံရေးမတည်ငြိမ်းမှုများနှင့် ပဋိပက္ခများ မကြာခဏဖြစ်တတ်သော ဒေသဖြစ်သည်။ လုံခြုံရေးအားနည်းတဲ့ နိုင်ငံဖြစ်သလို တရားဥပဒေကင်း မဲ့သောဒေသဖြစ်ကြောင်းနှင့် အသွားအလာမလုံခြုံမှုကြောင့် စီးပွားရေးလုပ်ကိုင်ရာတွင် အခက်အခဲရှိကြောင်းကို သိရပါသည်။ ဆက်လက်ပြီး တရားဥပဒေစိုးမိုးမှုအားနည်းသောကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု၊ အမျိုးသမီး များအား အနိုင်ယူနှိပ်စက်မှုများ၊ အလုပ်သမားအားခေါင်းပုံဖျက်မှုများ၊ အာဏာအလွဲသုံးစားမှုများ မကြာခဏ ဖြစ်ပျက်တတ်သောဒေသဖြစ်သည်။
သဘာဝသံယံဇာတတူးဖော်ခြင်းကြောင့် ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ အုတ်ဖုတ်ခြင်း၊ အမဲလိုက်ခြင်းစသည့်ပြဿနာများကြောင့် သစ်တောဖြုန်းတီးမှုများကြောင့် ရာသီဥတု ဖောက်ပြန်ခြင်း၊ ကျန်းမာရေးဖောက်ပြန်ခြင်း၊ ကုန်နေသတ္တဝါများသေဆုံးခြင်း ရှားပါလာရခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲပြဿနာများတစ်သည် မထင်ရင်မထင် သလို အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပေါ်လာြခင်းကြောင့် နေထိုင်သွားလာမှုခက်ခဲလှပါသည်။ ထို့ကြောင့် ရွှေတူးဖော်ရာတွင် အာဏာမသိမ်းမီအချိန်ကာလမှာ ရွှေထွက်နှုန်းနည်းသော်လည်း ကုန်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများ ပုံမှန်ဈေးနှုန်းဖြစ်သောကြောင့် အခက်အခဲသိပ်မရှိခြင်း၊ ယခုအချိန်ကာလတွင် လမ်းခရီးစရိတ်၊ ဆီဈေးအလွန်အကျွန်တက်လားသောကြောင့် ရွှေထွက်များသော်လည်း စားသုံးစရိတ် နှင့် ဆီဈေးနှုန်းမှာ ခက်ခဲလှပါသည်။
သို့သော် အဆင်မပြေသော်လည်းအခြားစီးပွားရေးလုပ်ငန်းလုပ်ကိုက်ဖို့ရာအတွက် ရွေ့ပြောင်း ပြီးမလုပ်ချင်ကြောင်းသိရှိရသည်။ အလုပ်တစ်ခုကနေ နောက်အလုပ်အသစ်ရွေ့ပြောင်းဖို့ခက်ခဲလှပါသည်။ ရွှေတူးဖော်လုပ်ငန်းလုပ်ကိုင်သည့်သူများသည် အများအားဖြင့် စိတ်ရှည်ပြီး စိတ်ဓာတ်ကြံ့ခိုင်သောသူများ ဖြစ်သည်ဟုသိရှိရပါသည်။ ရွှေထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ လုပ်ငန်းစထားပြီးဖြစ်လို့ အဆုံးထိလုပ်ကိုင်မည်ဟုပြောကြားပါသည်။
သတ္တုတူးဖော်စီမံကိန်းအကြောင်းကို ဒေသခံလူထုများအား တွေ့ဆုံ မိတ်ဆက်ရှင်းလင်းပြီး စီမံကိန်းဝင်လာရခြင်းကြောင့် ထိခိုက်နစ်နာသွားသော မြေယာပိုင်ရှင်းများအား လျော်ကြေး သို့မဟုတ် နစ်နာကြေးအားဖြင့် ညှိနှိုင်းဆွေးနွေးမှုများနှင့်အတူ သဘောတူညီမှု ပြုလုပ်ခဲ့ကြပြီဖြစ်သည်။