ဟိုပန်ကုပ္ပဏီ၏လက်ဝါးကြီးအုပ်သတ္တူတူးဖော်မှု
Posted by: MMWN | Posted on: September 4, 2022UWSA တောင်ပိုင်းတပ်မဟာ(၁၇၁)ထိန်းချုပ်နယ်မြေဖြစ်သောမိုင်းဆတ်မြို့နယ် ဝမ်ဟို ကျေးရွာ အနီးတဝိုက်၊ ဖာဖဲကျေးရွာနှင့်နမ့်ခုတ်ချောင်းတလျှောက်တွင်ခဲမဖြူ၊အဖြဲနက်သတ္တုများထွက်ရှိရန်ဒေသဖြစ်ပါ သည်။၂၀၁၉-၂၀၂၂ခုနှစ်တွင် အဆိုပါသတ္တူများကို ဒေသခံပြည်သူများက တနိုင်တပိုင်လုပ်ကိုင်ခွင့်ရရှိခဲ့ သော်လည်း အာဏာသိမ်းနောက်ပိုင်းတွင်ဟိုပန်(Hong Pang Group)ကခဲမဖြူ၊ အဖြဲနက်သတ္တူ လုပ်ငန်းများ အားလုံးကို ထိန်းချုပ်ပြီး ဒေသခံပြည်သူများဖြစ်သည် ၀လူမျိုးနှင့် လားဟူ လူမျိုး၏တနိုင်တပိုင် သတ္တူတူး ဖော်မှုများကို ၂၀၂၁ခုနှစ် နိုင်ဝင်ဘာလတွင်စတင်တားမြစ် ပိတ်ပင်ခဲပါသည်။
၂၀၁၉ခုနှစ်မှ၂၀၂၁နိုင်ဝင်ဘာလအထိဒေသခံပြည်သူများသည်မိမိတို့၏အရင်းအနီးပေါ်မူတည်ပြီး ပေါက်တူးများဖြစ်သော်လည်ကောင်း၊ အသေးစားဘတ်ဖိုများဖြစ်သော်လည်ကောင်းသတ္တူတူး ဖော်မှုပြုလုပ်ခဲ့ ပါသည်။ တနိုင်ငံလုံးကိုဗစ်ဒဏ်ကြောင့် လော့ဒေါင်းချနေသော်လည်း မိုင်းဆတ်မြို့နယ်ရှိဒေသခံပြည်သူများသည် ၎င်းတို့၏မိသားစုဝမ်းစာအတွက် တောထဲမှာခဲမဖြူ၊အဖြဲနက်တူးယူပြီး နို့ဆီဗူးတဗူးကို ဘတ်ငွေ(၁၀၀၀) ရောင်း ချခြင်းဖြစ်ဖြေရှင်းနိုင်ခဲ့ပါသည်။ ဟိုပန်ကုပ္ပဏီရောက်ရှိလာပြီး ဒေသခံပြည်သူများ၏တနိုင်တပိုင် လုပ်ကိုင်ခွင့်ကို UWSAတာဝန်ရှိသူများ၏ ပိတ်ပင် တားမြစ်မှုကြောင့်ဒေသခံပြည်သူများသည်မိသားစုစားဝတ် နေရေးအတွက် တောင်ယာများကိုပြန်လည် လုပ်ကိုင်ကြရသလို တချို့သောလူငယ်များသည် နယ်စပ်ဖြတ်ကျော်တရားမဝင်မှုး ယစ်ဆေးဝါးကုန်ကူမှုနှင့်တရားမဝင်ထိုင်းနိုင်ငံသို့ရွေ့ပြောင်းအလုပ်သမားအဖြစ်သွားရောက်လုပ်ကိုင်ကြပါသည်။လက်ရှိဟိုပန်ကုပ္ပဏီသည်စက်အကြီးစားဖြစ် UWSAထိန်းချုပ်မှုအောက်ရှိနယ်မြေများထဲမှ ဧကရာချီကိုသတ္တု တူးဖော်နေသလို နမ့်ခုတ်ချောင်းသို့စီးဆင်းဝင်လာသည့်ချောင်းငယ်လေးများကိုလည်း နေ့ညမပျက်တူးဖော်နေ ကြပါသည်။နမ့်ခုတ်သည်မြန်မာနိုင်ငံမှာထိုင်းနိုင်ငံချင်းဟိုင်းမြို့သို့စီးဆင်းသည့်ချောင်းဖြစ်ပါသည်။
ထိုသိုဟိုပန်ကော်မဏီကသတ္တုတူးဖော်မှုပြုလုပ်နေသော်လည်း သတ္တုတူးဖော်ရန်တွင်လိုအပ်သော အောက်ခြေလုပ်ငန်းအစလုပ်ငန်းများအဆင့်ဆင့်တွင် တရားမဝင်တရုတ်လူမျိုးများကို လုပ်ကိုင်စေပြီးဒေသခံ ပြည်သူများအတွက်အလုပ်အကိုင်အခွင့်အလန်းမရှိပေ။ ထို့အပြင်သတ္တုတူးဖော်မှုကြောင့်ဖြစ်ပေါ်လာသည့် ကောင်းကျိုး၊ဆိုးကျိုးများကိုဒေသခံပြည်သူများသို့ချပြဆွေးနွေးခြင်းမရှိပေ။ ထိုသို့သတ္တုတူးဖော်မှုသည် စကစ သို့မဟုတ် ပြည်ထောင်စုအစိုးရသို့၏ခွင့်ပြုချက်ရယူမှုရှိမရှိကိုရှင်းရှင်းလင်းလင်းမသိပါ။ ထိုသို့သတ္တုများကို စည်းမဲ့ကမ်းမဲ့တူးဖော်မှုကြောင့် တကြိမ်တခါမှရေကြီးမှုမရှိဖူးသည် ဝမ်ဟိုရွာကို ဩဂုတ်လ(၁၆)ရက် ဝမ်ဟို ကျေးရွာသို့ရေလွမ်းမိုးမှုဖြစ်ခဲ့ပြီး ကျေးရွာ၏ဈေးဆိုင်များတွင်ရွံ့မြေများဖုံးလွမ်းပါသည်။ဒေသခံပြည်သူများ စိုက်ပျိုးထားသည့်ပြောင်းဖူးများကိုလည်းရေတိုက်စားခဲ့ပါသည်။
ဟိုပန်ကုပ္ပဏီသည် UWSAပိုင်ဆိုင်သည့်ကုပ္ပဏီဖြစ်ပြီး သတ္တုတူးဖော်မှု၊နယ်စပ်ကုန်သွင်း၊ ပို့သွင်းလုပ်ငန်းများစသည့်တိုကိုလုပ်ဆောင်သည့်ကုပ္ပဏီဖြစ်ပါသည်။UWSAသည်မြန်မာနိုင်ငံ၏တိုင်းရင်းသားလက်နက် ကိုင်အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်ပါသည်။