CRPH၊ NUG နဲ့ PDF ကို ထောက်ပံ့လို့ဆိုပြီး မန္တလေးက ကျောက်မျက်လုပ်ငန်းရှင် ဖမ်းဆီးခံရ၊ ကျပ်သိန်းပေါင်း သိန်းချီတဲ့ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက သိမ်းဆည်း

Posted by: | Posted on: August 22, 2022

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမြို့က ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို ဖမ်းဆီးလိုက်တယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။ဖမ်းဆီးခံရသူဟာ ဦးကျော်သူရဆိုသူဖြစ်ပြီး သူ့ရဲ့ ယာဥ်မောင်းကို စစ်တပ်က ဖမ်းဆီးမိရာကနေ ဦးကျော်သူရက NUG၊ CRPH နဲ့ PDF တွေကို ထောက်ပံ့တာ ဆက်စပ်သိရှိပြီး ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ဦးကျော်သူရဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို သိန်းပေါင်း ခြောက်ထောင်ကျော် ထောက်ပံ့ခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ပြောပါတယ်။ဒါ့ပြင် မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ဦးကျော်သူရပိုင် နေအိမ်၊ ခြံဝင်းနဲ့ကားတွေ၊ နောက် ဖားကန့်မှာရှိတဲ့ သူ့ရဲ့ကျောက်စိမ်းတူးဖော်လုပ်ကွက်တွေ တန်ဖိုးစုစုပေါင်း သိန်းပေါင်း ၁၂၀၀၀ နီးပါးပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။ဓာတ်ပုံ – ထုတ်ပြန်ချက်ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-62478927#ဘီဘီစီမြန်မာပိုင်း#မြန်မာ#စစ်တပ်#ကျောက်မျက်လုပ်ငန်းရှင်#ဖမ်းဆီးခံရမှု