စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်မှုများပြားလာခြင်းကြောင့် မိုင်းနောင်ကျေးရွာတွင် လူလုပ်သဘာဝဘေးအန္တရာယ်၊ လူနေမှုဘဝ ထိခိုက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရ

Posted by: | Posted on: September 12, 2023

မိုင်းနောင်ကျေးရွာတွင် အိမ်ထောင်စု (၁၅၀၀) လောက်ရှိပြီး၊ လူဦးရေမှာ(၆၀၀၀)လောက် ရှိသည်။  ကချင်၊ရှမ်း၊ဗမာ လူမျိုးများ စုပေါင်းနေထိုင်ကျသော ကျေးရွာဖြစ်သည်။ ၎င်းကျေးရွာတွင် ရွှေတူးဖော်မှုများပြားလာခြင်းကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အဆင်မပြေမှုများပြားလာသည် အထူးသဖြင့် စိုက်ပျိုးပင်များကောင်းမွန်စွာ မဖြစ်ထွန်းသောကြောင့် ရွာသားများမြေယာများ ရောင်းချမှု တိုးများလာကြသည်။

ရွှေတူးဖော်သည့် သူဌေးများက စိတ်ကြိုက်ဈေးပေးဝယ်သောကြောင့် ဒေသခံများသည် မြေရောင်းကျသည်။ ဒေသခံများသည် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် စီးပွားရေးခက်ခဲလာသည် ထိုကြောင့် ဒေသခံများသည် မြေများကို ရောင်းချ၍ ဝမ်းရေးကို ဖြေရှင်းကြသည်။          ကျေးရွာလူထုများသည် လယ်တောသို့ သွားလာခွင့်ရှိသော်လည်း သတ္တုတွင်းတူးဖော်သည်နေရာ အနားများတွင် ဖြတ်သန်းသွားသည်အခါ စောင့်ကြည့်ခံရသည်။ တချို့သတ္တုတူးဖော်သည့်နေရာများတွင်သွားလာခွင့်ပိတ်ပင်မှုများရှိပါသည်။ သတ္တုတူးဖော်သည့်နေရာနားတွင် ဖုန်းပြောဖို့ ဖုန်းထုတ်မိရင်တောင် အစောင့်များက ချက်ချင်းရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြသည်။ သတ္တုတူးဖော်သည့်နေရာများတွင် မြေဇာသယ်သည့် ကားကြီးများကြောင့် လမ်းများပျက်စီးရပြီးလုပ်ငန်းရှင်များကလည်း သတ္တုတူးဖော်ပြီးသွားသည့် အခါတွင် လည်း  လမ်းများကို ပြန်လည်ပြုပြင်ပေးခြင်း မရှိသည့်အတွက် ကျေးရွာလူထုများအတွက် တောတောင်၊လယ်ယာသို့ သွားလာရသည့်မှာ အရင်ကထက် လမ်းများက ရွှံ့နွံများထူထပ်လာသဖြင့် သွားလာရခက်ခဲလာသည်။ သတ္တုတူးဖော်သည့်နေရာများသို့ မျက်နှာစိမ်းများ လာရောက်လာပါက စစ်ဆေးမေးမြန်းခံရနိုင်သည်။

              စစ်ကောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့ ကို အခွန်ထမ်းဆောင်ရသည်။ တစ်ဧကလျင် ၃၀-၄၀ သိန်း နီပါးအခွန်ပေးဆောင်ရသည်။ စက်ယန္တရားအသုံးပြုပြီး ရွှေတူးကြသူများသည် သိန်း ၁၀၀ နီးပါး အခွန်းထမ်းဆောင်ရသည်။ အခွန်ကို မည်သို့ ထမ်းဆောင်နေကြသည်ကို ဒေသခံများက အသေးစိတ် မသိရှိပေ။

သတ္တုတူးဖော်မှုကြောင့် အဓိကခံစားရသူမှာ ဒေသခံများဖြစ်သည်။ ရွှေတူးဖော်ခြင်း၏ နောက်ဆက်တွဲ ပြဿများမှာ  တောတောင်တွေပြုန်းတီးလာ၍ မိုးရွာလျင် တောင်ကျချောင်းများက ကျေးရွာအတွင်းသို့ တဟုန်ထိုး စီးဝင်လာသည် အရင်ကဆို တောင်ကျရေများ စီးလာသော်လည်း ကျေးရွာလူထုများအတွက် အန္တရာယ်မရှိသလောက်ပါ။ ခုဆိုရင်တောင်ကျရေ ကျလာပါက အရှိန်ပြင်းပြင်းကျလာတာများ၍ အနီးအနားတွင်လူများရှိနေပါက အသက်အန္တရာယ် ရောက်နိုင်သည်။ သစ်တောများပြုန်းတီးလာသောကြောင့်လည်း တောင်များခနခနပြို၍ တောင်ကျချောင်းနှင့် အတူ မြေများပါလာတတ်သည်။  ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ရွှေဖမ်းသည့်ဆေးရေကြောင့် ရေများညစ်ညမ်းလာသည်။

၎င်း ရေများက အင်းတော်ကြီးအင်းသို့ တိုက်ရိုက်စီးဆင်းကာ အချို့ငါးမျိုးစိတ်များဆို အင်းထဲမှာမရှိတော့ပါ။ မဆင်မခြင်သတ္တုတူးဖော်မှုကြောင့် ရေကြီးရေလျှံမှုက အရင်နှစ်ကထက်ပို၍ အဖြစ်များလာသောကြောင့် လယ်ယာများ ပျက်စီးမှုများသည် နှစ်ဆပိုများလာသည်။ သစ်တောများပြုန်းတီးလာ၍ ရာသီဉတုများဖောက်ပြန်လာသည်ကို တွေ့မြင်ရသည်။ အပူချိန်များ တစ်နှစ်ထက် တစ်နှစ် ပို၍ ပူလာသည်။

ရွှေတူးဖော်သည့် နေရာသည် အများအားဖြင့် သစ်တောကြိုးဝိုင်းမြေ၊ ဘေးမဲ့တောနှင့် လယ်ယာမြေများ ဖြစ်ကြသည်။ ရွှေတူးဖော်ရာတွင် အချို့ဒေသခံများနှင့် အခြားဒေသများမှ (မြစ်ကြီးနား၊ ဗန်းမော်၊စစ်ကိုင်း) လုပ်ငန်းရှင်များ၊ တရုတ်လုပ်ငန်းရှင်များလည်းပါဝင်နေသည်ကို တွေ့ရသည်။

အဓိကတော့ စီးပွားရေးထိခိုက်မှုတွေပိုရှိလာ၊ အင်းကို အမှီပြုပြီး အသက်မွေးကြောင်းလုပ်နေတဲ့ သူတွေဆို ငါးအရနည်းလာသည်။ အရင်ကဆို ပိဿချိန်ပြီ ငါးများ ရသော်လည်း ယခုအချိန်မှာတော့ မရရှိနိုင်တော့ပါ။ ငါးများရှားပါးလာမှုကြောင့် အရင်ကဆို တံငါသည်များက တစ်နေ့ကို သောင်းငွေရသော်လည်း ခုချိန်မှာဆို သောင်းငွေရဖို့ပင်အတော်ခက်ခဲလာသည်။

တောထဲတွင် ဟင်းသီးဟင်းရွက်များကို ရှာဖွေပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်နေသည့်သူများလည်း သစ်တောများပြုန်းတီးလာမှုကြောင့် ဟင်းသီးဟင်းရွက်များ အရင်က ထက်ရှာဖွေရသည်မှာ ပို၍ခက်ခဲလာသည်။

ဟင်းသီးဟင်းရွက်များကို ရှာဖွေရာတွင်လည်း နဂိုထက်ပိုဝေးသည့်နေရာသို့ သွားရသည်။ ရွှေတူးဖော်ခြင်းကြောင့် ရေများညစ်ညမ်းလာမှုကြောင့် လယ်ယာလုပ်ငန်းတွင် စပါးအထွက်နှုန်းကျဆင်းလာသည်။

သတ္တုတူးဖော်မှုကို ၁၉၉၅ခုနှစ်လောက်တွင် လက်ကျင်များနှင့်သာ တူးဖော်သည့်အခါတွင် ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည်။ လက်လုပ်လက်စားများ၊ အင်ဝိုင်းများဖြင့်သာရှာဖွေကျသည်။ ယခုအခါတွင် စက်ကြီးများ ဝင်ရောက်လာမှုကြောင့် လက်လုပ်လက်စားများကလည်း သတ္တုတွင်းများတွင် ဝင်ရောက်လုပ်ကိုင်သူများရှိသလိုအခြားအရောင်းအဝယ်ဘက်သို့ လုပ်ငန်းပြောင်းသွားတဲ့သူများလည်း ရှိပါ သည်။  

အခုနောက်ပိုင်းတွင် ရွှေမှော်တွင် မူယစ်ဆေးဝါးများ သိသိသာသာပေါများလာသည်။ တချို့သတ္တုတွင်းမှာ အလုပ်လာလုပ်သည့်သူများကို လုပ်အားခများအစား မူးယစ်ဆေးဝါးများဖြင့် ပေးချေလာသည်။ကျေးရွာသူ/သားများသည် ညနေ (၆) နာရီ အချိန်မှစ၍ သတ္တုတွင်းနှင့်မဆိုင်သည့်လူများကို သွားလာခွင့်ကို တားမြစ်ထားသည်။