ရွှေတူးဖော်မှုကြောင့် မော်ဟန်ကျေးရွာတွင် နေထိုင်သောဒေသခံများ လယ်ယာမြေဆုံးရှုံးမှု၊ လူမှုရေး ပြဿနာများ ရင်ဆိုင်နေရသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဖြေရှင်းပေးရန်လိုလာ….

Posted by: | Posted on: September 12, 2023

              မော်ဟန် ကျေးရွာ၊ အရှေ့တောအရပ်၊ ဖိုးကျွန်း၊ နန့်ဗမောင် ရွှေမော်များတွင် ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ စာဝတ်နေရေးအတွက် အဓိကအားထားရသော လယ်မြေများပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေရသည်။ တချို့ရွာသားများသည် စားဝတ်နေရေး အခက်အခဲများကြောင့် လယ်မြေရောင်းစားသည်သည့် အိမ်ခြေ (၃၀)နီးပါးရှိသည်။ အိမ်ခြေ (၂၇၀)လောက်၊ လူဦးရေက (၁၀၀၀) ကျော်ခန့်ရှိပြီး  ရှမ်းလူမျိုးများ အများစု နေထိုင်ကြသည်။

ကျေးရွာသားများကို ရွှေတူးဖော်သည့်နေရာများတွင် သွားလာခွင့်ပိတ်ပင်မှုများရှိပါသည်။ စစ်ကောင်စီများနှင့် ၎င်း၏ လက်အောာက်ခံပြည်သူစစ်အဖွဲ့အစည်းများက အခွန်များကိုလာရောက်ကောက်ခံလေ့ရှိသည်။ အခွန်ပြေစာများထုတ်ပေးသည် ဥပမာ စက်သေးနဲ့ဆို ၅၀၀၀၀ကျပ်၊ စက်ကြီးနဲ့ဆို ၁၀သိန်းအထက်ပေးဆောင်ရသည်။

ထိုသို့ ရွှေတူးဖော်မှု ပေါများလာသောကြောင့် သစ်တောများပြုန်းတီးလာပြီး၊ ချောင်ရေများညစ်ညမ်းလာသည်။ တောင်ယာလုပ်သူများက ရေရှားပါးလာမှုကြောင့် တောင်ယာလုပ်ကိုင်ရသည်မှာ အရင်ကထက် ပို၍ ခက်ခဲလာပါသည်။ ကျေးရွာလူထုများက အရင်ကအသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်စားသောက်သည့်မှာ တောတွင်းထွက် ပစ္စည်းများ၊ လယ်ယာ၊ အခင်းနှင့် လက်လုပ်ကျင်းများကို အဓိကလုပ်ကိုင်ကျသည်။ ရွှေတူးဖော်သည့်နေရာအများစုသည်              အများပိုင်မြေများဖြစ်သည်။

အများပိုင်မြေတွင် ရွှေတူးဖော်ခြင်းကြောင့် ဒေသခံများသည် စာကျက်မြေများပျက်စီးခြင်း၊ တောထဲသွားပြီး ဟင်းသီးဟင်းရွက်ရှာခြင်း၊ ငါးဖမ်းခြင်း၊ အိမ်းတွင်းသုံးရန် ထင်းများ ရှာပါးလာခြင်း ရင်ဆိုင်ကြုံတွေ့နေရသည်။ နောက်ဆက်တွဲပြဿများအနေဖြင့် ရွာသားများအနေဖြင့် စားဝတ်နေရေးမပြေလည်းမှု၊ ကလေးများ၏ ပညာရေး၊ ကျန်းမားရေး ထိခိုက်လာမှု များနှင့် နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသည်။ ရွှေတူးဖော်မှုကြောင့်  သောက်သုံးရေးများ သန့်ရှင်းမှု မရှိလာခြင်း၊ မသန့်ရှင်းသော ရေးကို သောက်သုံးမိ၍ ဒေသခံများ ဝမ်းပျက်ဝမ်းလျော ပြဿနာနှင့် ကြုံတွေ့ရသည်။

ရွာသားများ လယ်ယာမြေများကို အတင်းအဓ္ဓမသိမ်းယူခြင်းတော့ မရှိပါ။ ရွှေတူးဖော်သည့် လုပ်ငန်းရှင်များသည် တရုတ်သူဌေးနှင့် ဗန်မော်က ရှမ်းသူဌေးများဖြစ်သည်။ ၎င်းလုပ်ငန်းရှင်များသည် လယ်ယာများကို ဈေးများများပေးပြီး ဒေသခံများ၏ လယ်ယာမြေများကို ရွှေတူးဖော်ရန်အတွက် ဝယ်ယူကြသည်။ သတ္တုတူးဖော်မှုများ ဝင်ရောက်လာမှုကြောင့် ဒေသခံအချို့မှာ လယ်ယာများကို ရောင်းပြီး အခြားနေရာတွင် လယ်မြေများကို ပြန်ပြီးဝယ်ယူလုပ်ကိုင်ကြသည်။ တချို့မှာဈေးရောင်း၊အရောင်းအဝယ်များပြုလုပ်ကျသည်။

တချို့ဒေသခံများက ယခုအချိန်တွင် ရွှေတွင်းလုပ်သားများအဖြစ်သာ အဓိက လုပ်ကိုင်ကျသည်။ ကျေးရွာသူ/ကျေးရွာသားများက ယခင်ကဆို တောင်ယာလုပ်ငန်းလုပ်ကိုင်ရင် မိသားစု၏ စားဝတ်နေရေးကို ဖူဖူလုံလုံ ပံ့ပိုးနိုင်သည်။ ရွှေတူးဖော်ခြင်းဝင်ရောက်လာပြီး နောက်ပိုင်းတွင် ဒေသခံများသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမားရေး ဘက်ပေါင်းစုံ ဆိုးယုတ်လာသည်။