ရှမ်းပြည်နယ်အရှေ့ပိုင်၊ တာချိတ်လိတ်မြို့နယ်၊နာအွန်းကျေးရွာတွင် တရုတ်လူမျိုးပိုင် ကုမ္ပဏီများ သတ္တုတူးဖော်မှု ကျယ်ပြန့်လာခြင်း

Posted by: | Posted on: July 28, 2023

နားအွန်းကျေးရွာသည့်ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချိတ်လိတ်ခရိုင်၊တာချိတ်လိတ်မြို့နယ်၊တာလေမြို့၊နားယောင်းကျေးရွာအုပ်စုတွင်တည်ရှိပါသည်။ ကျေးရွာသားများသည်လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိက အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်ကြပါသည်။ သို့သော် ၂၀၁၆ ခုနှစ်မှ စပြီး အမျိုးအမည်မသိရသေးသည့် တရုတ်လူမျိုးပိုင်သတ္တုကုမ္ပဏီများ နားအွန်းကျေးရွာသို့ သတ္တုတူးဖော်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်လာကြသည်။ အဓိကတော့ ရွှေနှင့် မဂ္ဂနီ(စ်)ဒိုက်အောက်ဆိုဒ် ကို တူးဖော်နေတာတွေ့ရသည်။

ဒေသခံတဉီးဖြစ်သည့် ဉီးအာဘောက သူတို့ဝင်လာတာက အုပ်ချုပ်ရေးပိုင်းမှတဆင့်ဝင်လာတယ်။ ကျေးရွာအပေါ်နားတောင်ကုန်းပေါ်မှာသတ္တူတူးမယ်။ကုမ္ပဏီကိုရောင်းစားလို့ရသည့် ကြက်၊ဝက်သေချာ မွေးထား၊ကျေးရွာဝင်ငွေတိုးလာမယ်ဆိုပြီးဝင်ရောက်လာတယ်။ ဒေသခံတွင်လည်း သတ္တူတူးဖော်မှု၏ ဆိုးကျိုး ကိုဘာမှမသိတော့သူတို့အထက်မှလာသူဆိုတော့ဘာမှမပြောဘူး။ မဟန့်တားခဲ့ဘူးပေါ့။ ၎င်းကဆက်လက်ပြီး ၂၀၂၁ကိုဗစ်အလွန်မှကုပ္ပဏီတွေကစည်းမဲ့ကမ်းမဲ့တူးလာကြတယ်။ ကျနော်တို့ရွာထဲကိုလည်း စွန့်ပစ်မြေစာတွေ၊ မိုးရေနဲ့အတူ ဝင်လာတယ်။ မိုးကြီးရင် မြေစာတွေရွာထဲမှ အပြည့်ပဲ။ ဒီအချိန်မှာ ဘယ်သူ့ကိုမှ သွားတိုင်လို့လည်း ထူးမှာ မဟုတ်ဘူးလေ။

နောက်တချက်ကတော့လူမှုရေးပြဿနာပေါ့။ တရုတ်တွေကငွေရှိတော့ဒီရွာကကောင်မလေးတွေကို ပေါင်းသင်းပြီး ယူကြတယ်။သူတို့နိုင်ငံ(တရုတ်ပြည်) ပြန်သည့်အချိန် ကလေးမ လေးတွေက ဗိုက်တလုံးနဲ့ကျန်ခဲ့ရတယ် ပြီးတော့ အဲလိုပြဿနာတွေက အများကြီးပဲ။

သတ္တုတူးဖော်မှုမှတဆင့် မြေစာပင်များကြောင့်လယ်ယာလုပ်ငန်းများပျက်စီးခြင်း၊  ရေထုညစ်ညမ်းခြင်း၊ ကျွဲ၊နွားများအဆိပ်ရေသောက်ရလိုသေဆုံးခြင်းစသည့်ဆိုးကျိုးများခံစားနေရသည့်အပြင်သူတို့၏မြေသယ်ကား ကြီးများကြောင့် ကျနော်တိုတညလုံးဆူညံနေတာပါပဲဟု ဉီးနာဝကပြောပြပါသည်။ သူဌေးကတရုတ်တွေ၊ မြန်မာလိုလည်းကောင်းကောင်းမတတ်ဘူး၊သူတို့၏မန်နေဂျာတွေကမြန်မာပြည်သားတွေအောက်ခြေအလုပ်သမားတွေလည်းဗမာတွေပါပဲ။ကျနော်တို့ဒေသခံတွင်ကို အလုပ်မပေးဘူး။

ဒေသခံပြည်သူများ၏မျော်လင့်ချက်မှာ သတ္တုတူးဖော်မှုရှိပါက ၎င်းတို့ကို အရင်တိုင်ပင်သင့်ပြီး သတ္တုတူးဖော်မှု၏ကောင်းကျိုးဆိုးကျိုးများကိုလည်း သေချာလေးရှင်းပြပေးသင့်ကြောင်း၊ ဒါမှဘယ်လို ကြိုတင် ကာကွယ်ရမည်ဆိုသည့် နည်းလမ်းများကိုသိရှိမည်ဖြစ်ကြောင်း စသည့် အချက်များကို လိုလားပါသည်။ တာချိတ်လိတ် ခရိုင်အတွင်းရှိ သတ္တုတွင်းအများစုကို တရုတ်လူမျိုးများကလုပ်ကိုင်နေကြတာကိုတွေ့ရပါသည်။ တရားဝင်တရုတ် လူမျိုးများမဟုတ်ပဲ ခိုးဝင်တရုတ်လူမျိုးများလုပ်ကိုင်နေကြတာကိုတွေ့ရပါသည်။