မိုင်းဝင်းကျေးရွာမှသတ္တတူးဖော်နေမှုအခြေအနေ

Posted by: | Posted on: July 28, 2023

မိုင်းဝင်းကျေးရွာသည်ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချိတ်လိတ်ခရိုင်၊တာချိတ်လိတ်မြို့နယ်၊မိုင်းကိုးအုပ်စုတွင်တည်ရှိပြီးလားဟူလူမျိုးနှင့်အာခါလူမျိုးတို့ နေထိုင်သည့်ကျေးရွာဖြစ်ပါသည်။ ၎င်းကျေးရွာတွင်ရွှေနှင့် မဂနီဆီဒိုင်အောက်ဆိုဒ်သတ္တူများထွက်ရှိပြီး ၂၀၁၀မှ၂၀၂၃အထိကုမ္ပဏီများ၏သတ္တူးတူးဖော်မှုများ လုပ်ကိုင်နေကြပါသည်။မိုင်းဝင်ကျေးရွာသည်စိုက်ပျိုးရေးနှင့်တနိုင်တပိုင်အိမ်မွေးတိရစ္ဆာန်များမွေးမြူးပြီး အသက်မွေးဝမ်းကြပါသည်။

စိုင်းလောင်ဟိန်းကုမ္ပဏီလုပ်ကွက်
ကုမ္ပဏီ၏ မြေသယ်ကားများ

သူတို့(ကုမ္ပဏီများ)က ၂၀၁၀ခုနှစ်မှာစတင်ဝင်ရောက်လာတယ်သူတို့ကရွာကိုမထိခိုက်ဘူး။ သူတို့ဘာသာ သူတို့တူးမယ်။နောက်ပြီး အကယ်၍များ ကျေးရွာသူ၊သားများ၏မြေနေရာ၊လယ်ယာမြေများကိုထိုခိုက်ခဲ့ပါက ကာလပေါက်ဈေးပေးပြီးဝယ်ပါမည်လိုပြောခဲ့ကြောင့် အမည်မဖော်လိုသည့်ဒေသခံတဉီးက ပြောပါသည်။ ဆက်လက်ပြီး၎င်းကတချို့ကုမ္ပဏီများလုပ်ငန်းလည်ပတ်မှုကိုဗစ်ကာရောဂါ၊နိုင်ငံရေးပဋိပက္ခဖြစ်လိုရပ်စဲထား တယ်။

ဒါပေမဲ့ စစ်တပ်ဟောင်း ဗိုလ်ကြီးတင်နွက်က ၂၀၂၁နှစ်ကုန်ပိုင်းလောက်မှာ မိုင်းဝင်းကျေးရွာ၏ကျေးရွာနယ် နမိတ်အတွင်းရှိမြေများကို တိတ်တဆိတ်ပြည်သူစစ်ခေါင်းဆောင်များနှင့်ပေါင်းပြီး              သတ္တူလုပ်ကွက်အတွက် မြေကွက်လာလျှောက်သွားတယ်။ အကယ်၍၎င်းလျှောက်ယူထားသည့်မြေများကို သတ္တူတူးပါကမိုင်းဝင်း၏ တောင်ယာမြေ၊လယ်ယာများဧကပေါင်း(၄၀)လောက်ထိခိုက်သွားနိုင်ပါသည်။ အရင်ကိုဗစ်-၁၉မတိုင်ခင်က တူးဖော်ထားသည့်ကုမ္ပဏီများက အဲလောက်ထိကျေးရွာကိုမထိခိုက်ဘူး။ အာဏာဖြင့် ဥပဒေကို လက်တလုံးခြားအသုံးပြုကာ အထက်သို့ လျှောက်ယူကာ ဒေသခံများကို အသိပေးအကြောင်းကြားခြင်း၊ သဘောထားရယူခြင်းလုံးဝလုံးဝ မရှိသည်ကို တွေ့ရပါသည်။ ဒေသခံတို့၏ အကျိုးစီးပွားပျက်မည်ကိုလည်း လုံးဝလုံးဝမငဲ့တာကိုလည်း တွေ့ရပါသည် ဟု လူငယ်တဉီးဖြစ်သော ကျာစောကပြောပြပါသည်။

            သတ္တူးတူးဖော်မှုကြောင့် မိမိတို့မိုင်းဝင်းကျေးရွာ၏ ကျေးရွာပိုင်နယ်မြေများဆုံးရှုံးခြင်း၊ သစ်တော ပျက်စီးခြင်း၊ စားကျက်မြေလျှော့နည်းလာခြင်း၊ သောက်သုံးရေရှားပါးလာခြင်းနှင့် စွန့်ပစ်မြေစာများကို စည်းမဲ့ကမ်းမဲ့စွန်ပစ်ခြင်းစသည့်အခက်ခဲများကြုံတွေ့ရပါသည်။သတ္တူလုပ်သားများသည်အညာဒေသမှ ဗမာများလုပ်ကြပါသည်။

            စစ်တပ်ထွက်ဗိုလ်ကြီးတင်နွယ်၏ စိုင်းလောင်ဟိန်းကုမ္ပဏီသည် တာချိတ်လိတ်ခရိုင်အတွင်း သတ္တူလုပ်ကွက်အများအပြားတူးဖော်နေပြီး ဒေသခံ ပြည်သူများ၏လယ်ယာမြေများကိုလည်း မတရားသိမ်းယူ ကြပါသည်။