အားရဒေသ၏သတ္တူတူးဖော်နေမှုအခြေအနေများ

Posted by: | Posted on: June 11, 2023

အားရဲကျေးရွာသည့်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချိတ်လိတ်ခရိုင်၊တာချိတ်လိတ်မြို့နယ်၊မိုင်းကိုးအုပ်စုတွင်တည်ရှိပြီးဒေသခံပြည်သူများသည်လယ်ယာစိုက်ပျိုးရေး၊မွေးမြူးရေးများကိုအဓိကလုပ်ကိုင်စားသောက်နေပါသည်။သို့သော်ထိုသိုလုပ်ကိုင်စားသောက်နေခဲ့သည့်အချိန်မှာ၂၀၀၉ခုနှစ်တွင်ကုပ္ပဏီပေါင်းစုံများအားရဲကျေးရွာနယ်နမိတ်အတွင်းသို့သတ္တူတူးဖော်မှုပြုလုပ်ရန်အတွက်ဝင်ရောက်လာပြီးဒေသခံပြည်သူများ၏လယ်ယာမြေများ၊ကျေးရွာပိုင်မြေများလက်လွှတ်ဆုံးရှုံးခဲ့ရပါသည်။၎င်းဒေသတွင်အဓိကတွင်းထွက်ပစ္စည်းများမှာမဂ္ဂနီ(စ်)ဒိုက်အောက်ဆိုဒ်၊Platinum (ရွှေဖြူ )နှင့် ရွှေတို့ဖြစ်ကြပါသည်။

၂၀၀၉မှ၂၀၁၄အထိကုပ္ပဏီတွေသူတို့ကြိုက်သလိုလုပ်လိုရတယ် ကျနော်တို့ရွာသားတွေကဘယ်သူကိုမှ မပြောရဲ၊မဆိုရဲ၊မတိုင်ရဲဘူးဗျာ။ ၂၀၁၅မှ၂၀၂၀အထိတော့လူမှု့အဖွဲ့အစည်းများက ကျေးရွာသို့ရောက်လာပြီး အမြင်ဖွင့်လိုက်တော့ရွာသားတွေလည်းတောင်းဆိုရဲလာတယ်။ထိုက်တန်တယ်လိုပြောမရပေ့မဲပျက်စီးခဲ့သည်လယ်ယာမြေတချို့လျှော်ကြေးရကြတယ်။ကိုဗစ်ကာလမှ ကုပ္ပဏီအားလုံးအလုပ်မလုပ်တော့ဘူး။ ဒါပေမဲ့ ၂၀၂၂နှစ် ကုန်ပိုင်းလောက်စပြီးတချို့ကုပ္ပဏီတွေကလုပ်ငန်းအကောင်အထည်ဖော်ဖို့လုပ်ဆောင်နေတာတွေ့နေရတယ်လို့ အားရဲရွာသား လောဂျူကဆိုပါသည်။

ကုပ္ပဏီ၏အမည်ကမြန်မာနာမည်ပေါ့။အဓိကငွေကြေးပံ့ပိုးပေးတာကတရုတ်လူမျိုးများဖြစ်တယ်။ သူတို အလုပ်သမားတွေလည်းတရုတ်တွေဖြစ်ပါတယ်။ကိုဗစ်ကပ်ရောဂါကြောင့် ကုပ္ပဏီများ၏သတ္တူလုပ်ငန်းများရပ်စဲ သွားတယ်။ သိုသော်နိုင်ငံရေးပဋိပက္ခဖြစ်ပြီးနောက်ပိုင်းမှာ စစ်တပ်နှင့်နီးစပ်သည်ကုပ္ပဏီဖြစ်သည့် စိုင်းလောင်ဟိန်းသတ္တူတူးဖော်ရေးကုပ္ပဏီနှင့်၎င်း၏သတ္တူစက်ရုံကဆက်လက်လည်ပတ်နေတာကိုတွေ့ရတယ်လို တက်ကြွလှုပ်ရှားသည်လူငယ်ယားပါ(အမည်လွှဲ)ကဆိုပါသည်။

၎င်းကုပ္ပဏီ၏စည်းမဲ့ကမ်းမဲ့စွန့်ပစ်မြေစာများ၊ သန့်စင်စက်ရုံမှာထွက်ပေါ်လာသည့်စွန့်ပစ် အညစ်ကြေး များသည်နမ့်တွန်းချောင်းနှင့်မောတွီချောင်းသို့စီးဆင်းပြီး၎င်းချောင်းပေါ်မှီခိုပြီးစိုက်ပျိုးရေးလုပ်နေသောလယ်ပိုင်ရှင်များ၏လယ်များပျက်စီရသလို ချောင်းကိုမှီခိုပြီးရွာတည်ထားသည့်နမ့်တွန်းကျေးရွာ၊ ကူလောင်း(၁) ၊မာမိုတာ(၁)၊မောရှက်အာခါရွာစသည့်ကျေးရွာများလည်းရေထုညစ်ညမ်းမှုကိုခံစားနေရပါသည်။

ထိုသို့ကုပ္ပဏီများသည်အားရဲကျေးရွာမြေပေါ်တွင် သတ္တူလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ဒေသခံ အာဏာပိုင်များ၊ပြည်သူ့စစ်ခေါင်းဆောင်အာချိုင့်နှင့် တာချိတ်လိတ်မြို့နယ်ဒေသအာဏာပိုင်များ ပါဝင်ပါသက် နေပါသည်။ကမ္ဘောရွှေလောကတွင်ရွှေ၏တန်ဖိုးမှာဆက်လက်မြင့်တက်နေသောကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင်မှာ တရားမဝင်ရွှေတူးဖော်မှုများပိုမိုလုပ်ကိုင်လာကြပါသည်။

စိုင်းလောင်ဟိန်းသတ္တူလုပ်ကွက်

သတ္တူသန့်စင်စက်ရုံ