နားဟိုင်းလုံကျေးရွာ နှင့် နားအွန်ကျေးရွာအရှေ့ဘက်ရှိ သတ္တု တူးဖော်မှုအခြေအနေ

Posted by: | Posted on: June 11, 2023

                နားဟိုင်းလုံကျေးရွာနှင့်နားအွန်ကျေးရွာသည်ရှမ်းပြည်နယ်အရှေ့ပိုင်း တာချိတ်လိတ်ခရိုင်၊ တာလေမြို့နယ်ခွဲတွင်တည်ရှိပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုအဓိကလုပ် ကိုင်စားသောက်အသက် မွေးဝမ်းကြောင်းပြုနေသောကျေးရွာများဖြစ်ပါသည်။ ကျေးရွာသူ၊သားများဖြစ်သည့်ရှမ်း နှင့် လားဟူ တိုင်းရင်းသား၏ ကျွဲ၊ နွားများလွှတ်ကျောင်းရာစာကျက်မြေ နှင့် တောင်ယာမြေများကို ၂၀၁၁ ခုနှစ်မှ စတင်၍သတ္တုကုမ္ပဏီများဝင်ရောက်တူးဖော်ထုတ်လုပ်သောကြောင့်ပျက်စီးဆုံးရှုံးခဲ့ရလေသည်။ မိုးကြီး ရေလျှံသော အခါ သတ္တုစွန့်ပစ်မြေစာများ၊ ကျောက်ခဲများ၊ သဲများ နှင့် သတ္တုတွင်းသုံး အက်စစ်များ မိုးရေနှင့်အတူ လယ်ယာ များထဲသို့စီးဆင်းမှုကြောင့် ဒေသခံများ၏ လယ်ယာများ ထွန်ယက် စိုက်ပျိုး၍မရအောင်ပျက်စီးခဲ့ရလေသည်။ ၂၀၂၂နှစ်ကုန်ပိုင်းမှာစတင်၍ထိုစွန့်ပစ်အညှစ် ကြေးများကို မဲခေါင်မြစ်ဘက်သို့ ရေလမ်းကြောင်းလွှဲကာတူးဖော်ဖောက်ချလိုက်သော်လည်း ဒေသခံများ၏ လယ်ယာများထွန်းယက်စိုက်ပျိုး၍မရချေ။

          ထိုဒေသတွင် မေဖလားဝါးနှင့်ဖြန့်ဖြူးကုပ္ပဏီနှစ်ခုသည် သတ္တူးတွင်လုပ်ကွက် (၂၀)ကို ၂၀၁၁ခုနှစ် နောက်ပိုင်းတွင်တူးဖော်မှုကိုစတင်လုပ်ကိုင်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှု နောက်ပိုင်းတွင် လုပ်ကွက် (၁၀)ကွက်စတင်၍သတ္တူတူး ဖော်နေပါသည်။ ထိုသတ္တူးတူး ဖော်သည့် ကုပ္ပဏီများကိုသက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံ အာဏာပိုင်များပါဝင်ပတ်သက်နေကြပါသည်။ကုပ္ပဏီများ၏နာမည်များကို မြန်မာနိုင်ငံသားများ ကမှတ်ပုံတင်ထားပြီး တကယ်လက်တွေ့ငွေကြေးစိုက်ထုတ်သူနှင့် ကုပ္ပဏီများ၏စီမံခန့်ခွဲမှုများကို တရားမဝင်တရုတ် လူမျိုးများကချုပ်ကိုင်ထားပါသည်။

          ၂၀၁၅နှင့်၂၀၁၆ခုနှစ်တွင်ဒေသခံများ၏ပျက်စီးဆုံးရှုံးသွားသည့်လယ်ယာမြေများကို ကုပ္ပဏီများက နစ်နာကြေး၊လျော်ကြေးများပေးခဲပါသည်။ဒေသခံလယ်ပိုင်ရှင်တဉီးဖြစ်သော ဉီးကျာမော (နာမည်လွှဲ)က သူတို့ကုပ္ပဏီပေးတဲ့လျော်ကြေးက အဲဒီအချိန်သီးနှံလျော်ကြေးပဲပေးထားထင်တယ်။ အခု၂၀၂၃မှာအဲဒီလျော်ပေးတဲငွေကြေးမရှိတော့ဘူး။ ဒါပေမဲ့သူတို့ပေးခဲ့သည့်မြေစာပုံများ၊အက်ဆစ် အကြွေးအကျန်များကအခုချိန်ထိရှိသေးတယ်။ကျနော်၏လယ်ပြန်စိုက်နိုင်အောင်ပြန်ပြင်ရတာကသူတို့ ပေးထားသည့်လျော်ကြေးထက်နှစ်ဆပိုကုန်သွားတယ်။ဒါပေမဲ့ဘယ်သူ့ကိုသွားတိုင်ပြောရမှာလဲ။နောက်တချက်အနေဖြစ်မိုးကြီးရေလျှံသော အခါ သတ္တုအကြွေး အကျန်အက်စစ်များ မိုးရေနှင့်အတူ အိမ်ထိ ဝင်ရောက်လာသောကြောင့် ကျန်မာရေးတွက်စိုးရိမ်ရသည်ဟုသိရပါသည်။ သတ္တုတူးဖော်မှုပိုမို လုပ်ဆောင်လာခြင်းကြောင့် သစ်တောပြုန်းတီးခြင်းများနှင့် သောက်သုံးရေးခမ်းခြောက်လာသည်။ ဒီနှစ်ဆို ဧပြီးလပဲရှိသေးတယ်ရွာအတွက်သောက်သုံးရေကလုံလောက်မှုမရှိတော့ဘူး။ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများ (ပြည်သူ့စစ်) နှင့် သူဌေးများ ပူးပေါင်းကာ မတရားမြေယာသိမ်းမှုစသည့် အချက်များကြောင့် ဘဝနေထိုင်မှုဆိုင်ရာ အခက်အခဲများ ရှိလာသည်ဟုဒေသခံတဉီးကဆိုပါသည်။

သတ္တုတူးဖော်ထုတ်လုပ်မှုကြောင့် ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများမှာ သစ်တောပြုန်း တီးမှု၊ ဇီဝမျိုးတူမျိုးကွဲများမျိုးသုန်းမှု၊ ဆေးဘက်ဝင်အပင်များရှားပါးမှု၊ ရိုးရာဓလေ့များပျောက်ကွယ်မှု၊ တောင်ပြိုမှု၊ ရေကြီးရေလျှံမှု၊ ရာသီဥတုဖောက်ပြန်မှု၊ လေထုညစ်ညှမ်းမှု၊ ရေနှင့်မြေအဆိပ်သင့်မှုစသည့်အချက်များကို  ၂၀၁၁စတင်ကာလက်ရှိအချိန်ထိခံစားနေရပါသည်ဟု ဒေသအတွင်းတက်ကြွလှုပ်ရှားသည့်လူငယ်တဉီးကဆိုပါသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကို ထိန်းသိမ်းဖို့ ကြိုးစားနေ သောအရပ်ဘက်အဖွဲ့အစည်းများရှိပါသော်လည်း လွတ်လပ်စွာလုပ်ပိုင်ခွင့်မရှိခြင်းကြောင့် သော်လည်းကောင်း၊ အသက်အန္တရယ်စိုး ရိမ်ရမှုကြောင့်သော်လည်းကောင်း ထဲထဲဝင်ဝင် မလုပ်ဆောင် နိုင်​ေ တာပါ။

၎င်းသတ္တုတူးဖော်နေသောနေရာများသည်ခေတ်အဆက်ဆက်ဘိုးဘွားများမှရိုးရာဓလေ့များအရ အမွေဆက် ခံလက်ဆင့်ကမ်းလာခဲ့ကြသော ဒေသခံတိုင်းရင်းသား ရှမ်း၊ လားဟူ တို့၏ သဘာဝအရင်းမြစ်သစ်ဥသစ်ဖုများကို ရှာဖွေစားသောက် မှီခိုရာနေရာများဖြစ်ဟုလည်းသိရပါသည်။

Google Map မှမြင်တွေ့ရသော သတ္တုလုပ်ကွက်များ၊ ကျေးရွာများ၊ နာမယ်ခါးချောင်း နှင့် မဲခေါင်မြစ်တည်နေရာပြ မြေပုံ။

နာမယ်ခါးချောင်းဘေးကတချိန်ကလယ်ယာများ