အားရဲကျေးရွာသည့်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချိတ်လိတ်ခရိုင်၊တာချိတ်လိတ်မြို့နယ်၊မိုင်းကိုးအုပ်စုတွင်တည်ရှိပြီးဒေသခံပြည်သူများသည်လယ်ယာစိုက်ပျိုးရေး၊မွေးမြူးရေးများကိုအဓိကလုပ်ကိုင်စားသောက်နေပါသည်။သို့သော်ထိုသိုလုပ်ကိုင်စားသောက်နေခဲ့သည့်အချိန်မှာ၂၀၀၉ခုနှစ်တွင်ကုပ္ပဏီပေါင်းစုံများအားရဲကျေးရွာနယ်နမိတ်အတွင်းသို့သတ္တူတူးဖော်မှုပြုလုပ်ရန်အတွက်ဝင်ရောက်လာပြီးဒေသခံပြည်သူများ၏လယ်ယာမြေများ၊ကျေးရွာပိုင်မြေများလက်လွှတ်ဆုံးရှုံးခဲ့ရပါသည်။၎င်းဒေသတွင်အဓိကတွင်းထွက်ပစ္စည်းများမှာမဂ္ဂနီ(စ်)ဒိုက်အောက်ဆိုဒ်၊Platinum (ရွှေဖြူ )နှင့် ရွှေတို့ဖြစ်ကြပါသည်။ ၂၀၀၉မှ၂၀၁၄အထိကုပ္ပဏီတွေသူတို့ကြိုက်သလိုလုပ်လိုရတယ် ကျနော်တို့ရွာသားတွေကဘယ်သူကိုမှ မပြောရဲ၊မဆိုရဲ၊မတိုင်ရဲဘူးဗျာ။ ၂၀၁၅မှ၂၀၂၀အထိတော့လူမှု့အဖွဲ့အစည်းများက ကျေးရွာသို့ရောက်လာပြီး အမြင်ဖွင့်လိုက်တော့ရွာသားတွေလည်းတောင်းဆိုရဲလာတယ်။ထိုက်တန်တယ်လိုပြောမရပေ့မဲပျက်စီးခဲ့သည်လယ်ယာမြေတချို့လျှော်ကြေးရကြတယ်။ကိုဗစ်ကာလမှ ကုပ္ပဏီအားလုံးအလုပ်မလုပ်တော့ဘူး။ ဒါပေမဲ့ ၂၀၂၂နှစ် ကုန်ပိုင်းလောက်စပြီးတချို့ကုပ္ပဏီတွေကလုပ်ငန်းအကောင်အထည်ဖော်ဖို့လုပ်ဆောင်နေတာတွေ့နေရတယ်လို့ အားရဲရွာသား လောဂျူကဆိုပါသည်။ ကုပ္ပဏီ၏အမည်ကမြန်မာနာမည်ပေါ့။အဓိကငွေကြေးပံ့ပိုးပေးတာကတရုတ်လူမျိုးများဖြစ်တယ်။ သူတို အလုပ်သမားတွေလည်းတရုတ်တွေဖြစ်ပါတယ်။ကိုဗစ်ကပ်ရောဂါကြောင့် ကုပ္ပဏီများ၏သတ္တူလုပ်ငန်းများရပ်စဲ…
Read More